Sponsored

စင်ကာပူနိုင်ငံရှိ Muay Thai Gym ပိုင်ရှင်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် ထောင်ခုနှစ်နှစ် နှင့်ကြိမ်ဒဏ် လေးချက်ပြစ်ဒဏ်ကို မတ်လ ၆ရက်နေ့က ချမှတ်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် Tan Wai Luen ဟာ အသက် ၃၃ နှစ်အရွယ် အားကစားလာလုပ်တဲ့အမျိုးသမီးအပေါ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုဟာ ၂၀၁၆ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တာဖြစ်ကာ ယခုမှ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တာပါ။

Photo: Facebook/Encore Muay Thai

Tan ဟာ တရားလိုအမျိုးသမီးနဲ့ အခြား အမျိုးသမီးသုံးယောက်ကို အခမဲ့ သင်တန်းတစ်ခု မိတ်ဆက်ပေးခဲ့ပြီး သူမနဲ့နှစ်ယောက်တည်း အခြားသော သင်တန်းကြေးတွေဆေးနွေးနေစဉ်ကျူးလွန်ခဲ့တာလည်းဖြစ်ပါတယ်။ သူဟာ သူမကို အတွင်းခံသာဝတ်ဆင်ပြီး ပြုလုပ်ရတဲ့ ထိုင်းရိုးရာ အနှိပ်တမျိုးကိုမိတ်ဆက်ပေးခဲ့ ပြီး နှိပ်နေစဉ် လက်ချောင်းကိုအသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ ထိကပါးရိကပါးလုပ်ခဲ့တယ်လို့ဆိုပါတယ်။ သူမချက်ချင်း ထအော်လိုက်ပြီး ထိုနေရာက ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ သိလိုက်ရတာက အရှေ့တံခါးမကြီးဟာ လော့ချထားပါတယ်။

Photo: Facebook/Encore Muay Thai

ဒါ့အပြင် အမှုစစ်ဆေးမှုအဖြေတွေအရ သူမနဲ့ Tan ဟာ အရင်က အဆက်အသွယ်လဲမရှိခဲ့သလို သူမ လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့နေ့က ပထမဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒါဟာ ယုံကြည်မှုအလွဲသုံးစားမှုလည်းမြောက်ပါတယ်လို့ ခရိုင်တရားသူကြီး Ong Chin Rhu က တရားခွင်မှာမိန့်ကြားပါတယ်။

Sponsored

အစပိုင်းမှာတော့ Tan ဟာ တရားလိုမိန်းခလေးရဲ့ ပေါင်ကြားက ခံစားလွယ်တဲ့နေရာကို မထိခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ မိန်းကလေးရဲ့ပေါင်တဝက်ကိုတောင်မထိခဲ့တဲ့အတွက် သူမရဲ့စွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ သို့ပေမယ့် မှတ်တမ်းမှတ်ရာတွေနဲ့ ထွက်ဆိုချက်တွေအရ အမှု ဟာ ထင်ရှားတဲ့အတွက် တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။ အကယ်လို့ Tan ရဲ့လက်ချောင်းကသာ သူမအတွင်းကိုထိုးမိလို့ကတော့ အနှစ် ၂၀ ထောင်နန်းစံရမှာပါ။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *