ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်ကိုရီးယားသမ္မတ ယနေ့ သီးသန့်တွေ့ဆုံမည်

@AFP

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်ရေးကြိုးပမ်းအားထုတ်မှုကို အားပေး ထောက်ခံရန် အာဆီယံနှင့် တောင်ကိုရီး ယားခေါင်းဆောင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြောကြားသည်။

အာဆီယံ-ကိုရီးယား ထိပ်သီးအစည်း အဝေးနှင့် မဲခေါင်-ကိုရီးယား ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ဘူဆန်မြို့ သို့ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့တွင် အာဆီယံ-ကိုရီးယား စီးပွားရေးဆိုင်ရာ အမှုဆောင်အ ရာရှိချုပ်များ၏ ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

ဓာတ်ပုံ- mofa

‘‘ဖံွံ့ဖြိုးတိုးတက်မှု မျှဝေခံစားခြင်းကို တိုးမြှင့်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ဖော်ဆောင်နိုင်ဖို့အတွက် မိတ်ဖက်ဆက်ဆံရေးသစ်များတည်ဆောက်ရာမှာ ကမ္ဘာ့စီးပွားရေးမှာ မြန်မာနိုင်ငံ ပြန်လည် ပေါင်းစည်းပါဝင်လာခြင်းက အခွင့်အလမ်းကောင်းများကို ဆောင်ကြဉ်း ပေးလျက်ရှိပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။

မြန်မာနိုင်ငံသည် ကိုရီးယား သမ္မတနိုင်ငံနှင့် အပြန်အလှန်အ ကျိုးပြု ဖြည့်ဆည်းပေးနိုင်မည့် အားသာချက်များစွာရှိကြောင်း နှင့် နှစ်နိုင်ငံစလုံးလိုလားတောင့် တသည့် ငြိမ်းချမ်းပြီး သာယာ ဝပြောသည့်အနာဂတ်ကို အပြည့် အဝဖော်ဆောင်နိုင်ရန် စီးပွား ရေးမိတ်ဖက်ပြုမှုအသစ်များကို စူးစမ်းရှာဖွေနေကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

@AFP

‘‘နှစ်နိုင်ငံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရာမှာ စီး ပွားရေး လုပ်ငန်းအချင်းချင်းနဲ့ ပြည်သူအချင်းချင်းအကြား ဆက် ဆံရေး တိုးတက်ခိုင်မာရေးကို သာမက အဖွဲ့အစည်းဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ဥပဒေ မူဘောင်များကိုလည်း အလေး ထားအာရုံစိုက်ဖို့ လိုအပ်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

ထို့အတွက် မြန်မာနိုင်ငံ သည် ဒေသတွင်း ဘက်စုံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) ဆွေးနွေးညှိနှိုင်းမှုများကို ဆောလျင်စွာ အပြီးသတ်ရန် အပြည့်အ၀ ကတိကဝတ်ပြုထား ကြောင်း ၎င်းက ဆက်ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့တွင် တောင်ကိုရီး ယား သမ္မတမွန်ဂျေအင်၊ အာဆီ ယံခေါင်းဆောင်များနှင့်အတူအာ ဆီယံ-ကိုရီးယား ယဉ်ကျေးမှု ဆန်းသစ်တီထွင်မှု ထိပ်သီးအ စည်းအဝေးသို့ တက်ရောက်၍ မိန့် ခွန်းပြောကြားခဲ့သည်။

@AFP

အဆိုပါ ထိပ်သီးအစည်းအ ဝေးများသည် အာဆီယံနှင့် ကိုရီး ယားသမ္မတနိုင်ငံတို့အကြား ချစ် ကြည်ရင်းနှီးမှု တည်ဆောက် သည့် နှစ်(၃၀)ပြည့်အထိမ်းအ မှတ်အဖြစ် ဆက်စပ်ကျင်းပခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ် မဲခေါင်- ကိုရီးယားထိပ်သီးအစည်းအဝေး ကိုလည်း ဘူဆန်မြို့၌ကျင်းပမည် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် တောင်ကိုရီးယားသမ္မတမွန် ဂျေအင်နှင့် ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် သီးခြားတွေ့ဆုံမည်ဖြစ် ပြီး နားလည်မှုစာချွန်လွှာအချို့ လည်း ခေါင်းဆောင်နှစ်ဦးရှေ့ မှောက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

ထို့အပြင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည် တောင်ကို ရီးယားရောက် မြန်မာအလုပ် သမားများနှင့် နိုဝင်ဘာ ၂၇ ရက် တွင် တွေ့ဆုံရန် ရှိနေသည်။

@AFP

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်