Sponsored

မွန်ဂိုလီးယားနိုင်ငံမှာလဲ ၆ ရက်ကြာ lockdown အစီအစဉ်ကို ကနေ့စတင်လိုက်တယ်လို့ သိရပါတယ်။ COVID-19 အတည်ပြုလူနာတစ်ဦး ပထမဆုံးတွေ့ရှိပြီးတဲ့နောက် ခုလိုစီစဉ်ဆောင်ရွက်လိုက်တာပါပဲ။

@CNA

မွန်ဂိုလီးယားနိုင်ငံဟာ သူနဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံ နယ်စပ်တွေကို ပိတ်ထားခဲ့တာဖြစ်ပြီး၊ တောင်ကိုရီးယားကလာမယ့် လေကြောင်းလိုင်းတွေကိုုလဲ တားမြစ်ထားခဲ့ပါတယ်။

လူဦးရေ ၃သန်းကျော်သာရှိတဲ့ သူ့ရဲ့နိုင်ငံကို COVID-19 ပြန့်နှံ့လာမှာကို အထူးသတိထားပြီးကိုင်တွယ်ဆောင်ရွက်နေတာပါ။

Sponsored
@CNA

အူလန်ဘတောမြို့တော်နဲ့ ပြည်နယ်အားလုံးဟာ မတ်လ ၁၆ ရက်နေ့အထိ ကူးသန်းသွားလာခွင့်မရှိတော့ပါဘူး”လို့ မွန်ဂိုလီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Enkhtuvshin Ulziisaikhan က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

မွန်ဂိုလီးယားနိုင်ငံမှာ ပထမဆုံးတွေရှိတဲ့ COVID-19 အတည်ပြုလူနာကတော့ ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံ မော်စကိုမြို့ကနေ မွန်ဂိုုလီးယားနိုင်ငံကို လေယာဉ်နဲ့ မတ်လ(၂)ရက်နေ့က ရောက်ရှိလာတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး Davaajantsangiin Sarangerel ကပြောပါတယ်။

Source: CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *