Sponsored

စစ်ကိုင်း‌တိုင်း၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း၊ မြန်မာ့စီးပွားရေးဘဏ်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူတွေကို ဇန်နဝါရီ ၇ ရက်နေ့ မနက် ၁၀ နာရီ အချိန်ကနေ စတင်ကာ လဲလှယ်ပေးနေပြီဖြစ်ပါတယ်။

တဦးကို ၁ ရွက်နှုန်းနဲ့ အမည်၊ နေရပ်လိပ်စာ အပြည့်အစုံရေးဖြည့်ပြီး လှဲလှယ်ပေးနေတာ ဖြစ်ပါတယ်။ မုံရွာခရိုင်အတွင်းက တခြားမြန်မာ့စီး‌ပွားရေးဘဏ်ခွဲ ၇ ခုမှာလည်း လဲလှယ်ပေးသွားမယ်လို့ သိရပါတယ်။

Photo: DVB

တခြားဘဏ်ခွဲတွေကတော့ လုံခြုံရေးအပြည့်နဲ့ လာရောက်ထုတ်ယူနေကြပါတယ်။ အခုလို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ‌ေငွစက္ကူအသစ် စတင်ကိုင်တွယ်ခွင့်ရတဲ့အ ပေါ်မှာတော့ ကျေးဇူးတင်ကျေနပ်ဝမ်းမြောက်နေကြပါတယ်။

Sponsored

နေပြည်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူတွေကို အများပြည်သူတွေထံကို မြန်မာ့စီးပွားရေးဘဏ်မှာ ဒီနေ့ထုတ်ဝေဖြန့်ချိ လဲလှယ်ပေးနေပြီဖြစ်ပါတယ်။

Photo: DVB

အခုလို လဲလှယ်ပေးတာတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မြန်မာ့ စီးပွားရေးဘဏ် တွေမှာ လဲလှယ်ပေးနေပါတယ်။

ကျမ လဲဖို့ အရွက်ရေ တင်တာပြတာ။ ဖောင်ဖြည့်တာပေါ့။ အဲ့မှာတော့ ၂ သောင်းဖိုး အရွက် ၂၀ ပေါ့၊ ဒါပေမယ့် ၅ ရွက်ပဲ လဲပေးတယ်” လို့ လာရောက်လဲလှယ်သူ ဝန်ထမ်းတဦးက ပြောပါတယ်။

နေပြည်တော် စီးပွားရေးဘဏ်မှာတော့ အများပြည်သူတွေ လက်ထဲရောက်ရှိနိုင်ဖို့အတွက် ကန့်သတ်ရွက်ရေနဲ့ လဲလှယ်ပေးတာကို တွေ့ရပါတယ်။

Photo: DVB

အရင်ကလည်း ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ တန်၊ ၁၅ ကျပ်တန်၊ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၁၀၀ ကျပ်တန်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကို စစ်ဝတ်စုံ၊ မြန်မာ့ဝတ်စုံနဲ့ ထုတ်ဝေခဲ့ဖူးပါတယ်။

အလားတူပဲ ကျန်တဲ့ ငွေစက္ကူတွေကိုလည်း တိရစ္ဆာန်တွေအစား ကျက်သရေရှိတဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ပြောင်းလဲပေးစေချင်တယ်လို့ လာရောက်လဲလှယ်သူတွေက ပြောဆိုခဲ့ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *