Sponsored

Covid 19 ကြောင့် အောင်လအန်ဆန်ရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ် ကာကွယ်ပွဲကို နောက်ဆုတ်လိုက်ပြီလို့ One Championship က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အောင်လအန်ဆန်နဲ့ ရှရှား ဖိုက်တာ ဘစ်ဒက်ရှ်တို့ ရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကာကွယ်ပွဲကို ကနဦးက လာမယ့် ဧပြီလ ၁၀ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အခုတော့ မေလ ၂၉ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပဖို့ ရွှေ့ဆိုင်းခဲ့တာပဲ ဖြစ်ပါတယ်။

@OneFc

ကမ္ဘာတဝှမ်းပျံ့နှံ့နေတဲ့ COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ် တို့ ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့သလို ၊ ဧပြီနဲ့ မေလဆန်းမှာ ကျင်းပမယ့် MMA ပြိုင်ပွဲတွေကိုတော့ ပရိသတ် မပါဝင်ဘဲ ကွင်းပိတ်ကျင်းပမှာ ဖြစ်တယ်လို့ One Championship စီအီးအို ချာထရီက ထုတ်ပြန်ကြေညာပါတယ်။

Sponsored

လာရောက်ကြည့်ရှုကြမယ့် ပရိသတ်တွေ၊ အားကစားသမားတွေ၊ ဝန်ထမ်းတွေကို COVID-19 အန္တရာယ် မဖြစ်စေဖို့ ဦးစားပေး လုပ်ဆောင်နေတာကြောင့် ၊ ပွဲစဉ် အချို့ကို ရွှေ့ဆိုင်းပြီး တစ်ချို့ ပွဲစဉ်တွေကို ပရိသတ် မပါဘဲ ကွင်းပိတ်ကျင်းပဖို့ စီစဉ်ထားတယ်လို့ ချာထရီကထုတ်ပြန်ကြေညာပါတယ်။

ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် (One Infinity 1) MMA ပြိုင်ပွဲမှာတော့ အဓိကတွဲဆိုင်း သုံးဆိုင်း ထုတ်ပြန်ထားပြီး မစ်ဒယ်ဝိတ် တန်း ချန်ပီယံ ကာကွယ်ပွဲအဖြစ် အောင်လအန်ဆန်နဲ့ ဘစ်ဒက်ရှ်၊ ဖလိုင်းဝိတ်တန်း ချန်ပီယံ စိန်ခေါ် ပွဲအဖြစ် ဂျွန်ဆင်နဲ့ မိုရက်စ်၊ လိုက်ဟဲဗီးဝိတ်တန်း ကစ်ဘောက်ဆင် ချန်ပီယံ စိန်ခေါ်ပွဲအဖြစ် ရိုမန်ကွက်ကလီယာနဲ့ အန်ဒရီ စတိုရီကာတို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာပဲ ဖြစ်ပါတယ်။

Source: One FC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *