Sponsored

လူသာသေသွားပေမယ့် နာမည်မသေသေးတဲ့ နိုင်ငံကျော်ဂီတပညာရှင် အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ တစ်ဦးတည်းသောသမီးလေး မိကွန်ထောကတော့ ဇန်နဝါရီလ(၂၀)ရက်နေ့ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့(MBA) ထပ်မံရရှိသွားပြီးလည်းဖြစ်ပါတယ်။

မီကွန်ထောကတော့ အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “တုနှိုင်းမဲ့ ရတနာ” သီချင်းထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

@Facebook

အဆိုတော်ထူးအိမ်သင်ရဲ့ ချစ်သမီးလေး မိကွန်ထောကတော့ (၂၀၁၇)ခုနှစ်မှာတော့ နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာအထူးပြုဖြင့် ဘွဲ့ကိုရရှိခဲ့ပါပြီး လက်ရှိမှာတော့ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကို ထပ်မံရယူခဲ့ပါတယ်။ မိ

Sponsored

ကွန်ထောကတော့ ချစ်စရာကောင်းလွန်းတဲ့အလှတရားနဲ့ ဖြူစင်လွန်းတဲ့အပြုံးလေးတွေ အနေအေးမှုတွေကြောင့် ယောက်ျားလေးပရိသတ်တော်တော်များများရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရတာလည်းဖြစ်ပါတယ်။

@Facebook

သူဟာ ဖခင်ဖြစ်သူရဲ့ ကွယ်လွန်ခြင်း (၁၄)နှစ်ပြည့်မှာ ဖခင်ဖြစ်သူကိုရည်စူးပြီး ရန်ကုန်အခြေစိုက် ပရဟိတလူငယ်များ ကွန်ရက်မှတဆင့် ရေးဘေးသင့်ပြည့်သူများအတွက် အလှူငွေတွေ လှူဒါန်းခဲ့ပါသေးတယ်။

ထူးအိမ်သင်ကွယ်လွန်ချိန်မှာတော့ သမီးဖြစ်သူ မိကွန်ထောကတော့ အသက်(၈)နှစ်အရွယ်သာရှိသေးပြီး မိခင်ဖြစ်သူရဲ့ တစ်ဦးတည်းသွန်သင်ဆုံးမမှုအောက်ကနေ ယခုချိန်တိုင်အောင် သမီလိမ္မာလေးအဖြစ် ကြီးပြင်းလာတာလည်းဖြစ်ပါတယ်။

@Facebook

ပရိသတ်ကြီးရေ နိုင်ငံကျော်ဂီတပညာရှင် အဆိုတော်ကြီး ထူးအိမ်သင်ရဲ့ တစ်ဦးတည်းသောသမီးလေး မိကွန်ထောကတော့နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာအထူးပြုဖြင့် ဘွဲ့ကိုရရှိခဲ့ပါပြီး လက်ရှိမှာတော့ စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ကို ထပ်မံရယူခဲ့ပါတယ်နော်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *