Sponsored

ထောင်ထဲရောက်နေတဲ့ ရော်နယ်ဒင်ဟိုကို ကူညီပေးတဲ့ မက်ဆီ ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ ရော်နယ်ဒင်ဟိုကို ယူရို လေးသန်း နဲ့ ရှေ့နေငှားရမ်းဖို့ ကူညီပေးသွားမှာဖြစ်ကြောင်း သတင်းတွေကဖော်ပြပါတယ်။

Photo_Police

ဘရာဇီးဂန္တဝင်ကစားရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာ၊ အေစီမီလန်၊ပီ အက်ဂျီအသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးပြီးဘရာဇီးလက်ရွေးစင်အသင်းအတွက်ခြေစွမ်းပြ ကစားနိုင်သူတစ်ဦးဖြစ်ရာ ၂၀၀၂ ကမ္ဘာဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။

ရော်နယ်ဒင်ဟိုဟာ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို လည်း ရယူနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ရော်နယ်ဒင်ဟိုနဲ့ သူအကိုဖြစ်သူတို့ဟာ ပြီးခဲ့တဲ့သောကြာနေ့ကနိုင်ငံကူးလက်မှတ် အတုကိုင် ဆောင်ပြီး ပါရာဂွေးနိုင်ငံထဲ ဝင်ရောက်ခဲ့ရာ လက်ရှိအချိန်မှာဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်ထဲကနေ အမှုရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။

Sponsored
@Getty image

ပြီးခဲ့တဲ့၁၀ နှစ်ကျော်က ဘာစီလိုနာစီနီယာအသင်းမှာအတူ တွဲကစားဖူး တဲ့ ရော်နယ်ဒင်ဟိုအပေါ် ကူညီပေးဖို့ ဆန္ဒရှိကြောင်း၊ ရော်နယ်ဒင်ဟို ဟာ သူ့ကို ဘာစီလိုနာအသင်းမှာ ပါဝင်ကစားချိန်က ကူညီပေးခဲ့သူဖြစ်ကြောင်း အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီကဆိုပါတယ်။ ရော်နယ်ဒင်ဟို ဟာသူ့အတွက် အားကျအတုယူရတဲ့ စံပြကစားသမားတစ်ဦးဖြစ်ခဲ့ကြောင်း မက်ဆီက ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒင်ဟိုတို့ဟာ ၂၀၀၅-၀၆ ရာသီကို ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ဖလား ရယူနိုင်ခဲ့ပြီး ရော်နယ်ဒင်ဟိုဟာ ၂၀၀၈ ခုနှစ်က ဘာစီလိုနာအသင်း ကပြောင်းရွှေ့သွားခဲ့သူဖြစ်ပါ တယ်။

Crd(Sportsreader)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *