ဒိုက္ထိုးႏိုင္စြမ္းကိုၾကည့္ၿပီး ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ကို ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္ျပီ

ဒိုက္ထိုးႏိုင္စြမ္းကိုၾကည့္ၿပီး ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်

ဟားဗက္တကၠသိုလ္က သိပၸံပညာရွင္ေတြရဲ႕ေလ့လာမႈအရ ဒိုက္ထိုးျခင္းကို (၁၀) ႀကိမ္ျပည့္ေအာင္ မျပဳလုပ္ႏိုင္သူဟာ ေလသင္တုန္းျဖတ္ႏိုင္ေျခနဲ႔ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေခ်အမ်ားဆုံးရွိေနတယ္လို႔ ယူဆႏိုင္ေၾကာင္း သိရပါတယ္။ ဒိုက္ထိုးျခင္းနဲ႔ ဒိုက္ထိုးႏိုင္စြမ္းကိုဆန္းစစ္ၿပီး လူတစ္ေယာက္အေနနဲ႔ အနာဂတ္မွာ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ်ဘယ္ေလာက္ရွိေၾကာင္း ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္ၿပီျဖစ္တယ္လို႔ ဟားဗက္က သုေတသီ ဂ်က္စတင္ယန္း (Justin Yang) က ေထာက္ခံခ်က္ေပးခဲ့တာပါ။

ဒိုက္ထိုးျခင္းကို (၁၀) ႀကိမ္ျပည့္ေအာင္ မျပဳလုပ္ႏိုင္သူဟာ ေလသင္တုန္းျဖတ္ႏိုင္ေျခနဲ႔ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေခ်အမ်ားဆုံးရွိေန

ဒါ့အျပင္ (၂၁) ႀကိမ္နဲ႔ အႀကိမ္ (၃၀) အၾကား ဒိုက္ထိုးႏိုင္သူေတြကေတာ့ ေသြးလႊတ္ေၾကာယိုယြင္းတဲ့ ႏွလုံးေရာဂါခံစားရမႈနဲ႔ ႐ုတ္တရက္ႏွလုံးခုန္ရပ္သြားႏိုင္ေခ်ဟာ (၁၀) ႀကိမ္ ဒိုက္မထိုးႏိုင္သူေတြရဲ႕ ျဖစ္ႏိုင္ေခ်ထက္ ေလးပုံတစ္ပုံစာပဲ ရွိေနေၾကာင္းလည္း သိရပါတယ္။

ဒိုက္ထိုးျခင္းကို အႀကိမ္ (၄၀) နဲ႔ အထက္ျပဳလုပ္ႏိုင္သူအေနနဲ႔ကေတာ့ ေနာက္ထပ္ (၁၀) ႏွစ္ကာလ အတြင္း ႏွလုံးေသြးေၾကာေရာဂါပုံစံမ်ိဳးျဖစ္ႏိုင္ေခ်က (၃) ရာခိုင္ႏႈန္းပဲရွိေတာ့တာကိုလည္း အံ့အားသင့္ဖြယ္ သိရွိရပါတယ္။ ဒါဟာ ဒိုက္ထိုးႏိုင္စြမ္းနဲ႔ ႏွလုံးေရာဂါရႏိုင္ေခ်ကို ဆုံးျဖတ္ခ်က္ထုတ္ႏိုင္တဲ့ ပထမဆုံးေလ့လာမႈျဖစ္လာခဲ့ပါတယ္။

ဒါဟာ ဒိုက္ထိုးႏိုင္စြမ္းနဲ႔ ႏွလုံးေရာဂါရႏိုင္ေခ်ကို ဆုံးျဖတ္ခ်က္ထုတ္ႏိုင္တဲ့ ပထမဆုံးေလ့လာမႈျဖစ္

အဆီဓာတ္ေတြေၾကာင့္ ႏွလုံးေသြးေၾကာေတြက်ဥ္းလာေစၿပီး အဲဒီကေနတစ္ဆင့္ ဆိုး႐ြားတဲ့ႏွလုံးေရာဂါေဖာက္ႏိုင္ေခ်က ကြၽန္ေတာ္တို႔ ရဲ႕ အသက္ (၂၀) အ႐ြယ္၊ အသက္ (၃၀) အ႐ြယ္ကေန ေစာေစာစီးစီးစတင္ျဖစ္ေပၚႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ႀကီးသည္၊ ငယ္သည္မဆို ႀကံ့ခိုင္သန္စြမ္းေနေအာင္ က်န္းမာေရးလိုက္စားျခင္းက ေရာဂါအကင္းေဝးႏိုင္ေစဆုံး အေလ့အက်င့္ေကာင္း ျဖစ္တယ္လို႔ ဆိုပါရေစ။

Via: Yoyarlay


#Unicode Version

ဟားဗက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရ ဒိုက်ထိုးခြင်းကို (၁၀) ကြိမ်ပြည့်အောင် မပြုလုပ်နိုင်သူဟာ လေသင်တုန်းဖြတ်နိုင်ခြေနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ချေအများဆုံးရှိနေတယ်လို့ ယူဆနိုင်ကြောင်း သိရပါတယ်။ ဒိုက်ထိုးခြင်းနဲ့ ဒိုက်ထိုးနိုင်စွမ်းကိုဆန်းစစ်ပြီး လူတစ်ယောက်အနေနဲ့ အနာဂတ်မှာ နှလုံးရောဂါဖြစ်နိုင်ချေဘယ်လောက်ရှိကြောင်း ကြိုတင်ဟောကိန်းထုတ်နိုင်ပြီဖြစ်တယ်လို့ ဟားဗက်က သုတေသီ ဂျက်စတင်ယန်း (Justin Yang) က ထောက်ခံချက်ပေးခဲ့တာပါ။

ဒါ့အပြင် (၂၁) ကြိမ်နဲ့ အကြိမ် (၃၀) အကြား ဒိုက်ထိုးနိုင်သူတွေကတော့ သွေးလွှတ်ကြောယိုယွင်းတဲ့ နှလုံးရောဂါခံစားရမှုနဲ့ ရုတ်တရက်နှလုံးခုန်ရပ်သွားနိုင်ချေဟာ (၁၀) ကြိမ် ဒိုက်မထိုးနိုင်သူတွေရဲ့ ဖြစ်နိုင်ချေထက် လေးပုံတစ်ပုံစာပဲ ရှိနေကြောင်းလည်း သိရပါတယ်။

ဒိုက်ထိုးခြင်းကို အကြိမ် (၄၀) နဲ့ အထက်ပြုလုပ်နိုင်သူအနေနဲ့ကတော့ နောက်ထပ် (၁၀) နှစ်ကာလ အတွင်း နှလုံးသွေးကြောရောဂါပုံစံမျိုးဖြစ်နိုင်ချေက (၃) ရာခိုင်နှုန်းပဲရှိတော့တာကိုလည်း အံ့အားသင့်ဖွယ် သိရှိရပါတယ်။ ဒါဟာ ဒိုက်ထိုးနိုင်စွမ်းနဲ့ နှလုံးရောဂါရနိုင်ချေကို ဆုံးဖြတ်ချက်ထုတ်နိုင်တဲ့ ပထမဆုံးလေ့လာမှုဖြစ်လာခဲ့ပါတယ်။

အဆီဓာတ်တွေကြောင့် နှလုံးသွေးကြောတွေကျဉ်းလာစေပြီး အဲဒီကနေတစ်ဆင့် ဆိုးရွားတဲ့နှလုံးရောဂါဖောက်နိုင်ချေက ကျွန်တော်တို့ ရဲ့ အသက် (၂၀) အရွယ်၊ အသက် (၃၀) အရွယ်ကနေ စောစောစီးစီးစတင်ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့်မို့ ကြီးသည်၊ ငယ်သည်မဆို ကြံ့ခိုင်သန်စွမ်းနေအောင် ကျန်းမာရေးလိုက်စားခြင်းက ရောဂါအကင်းဝေးနိုင်စေဆုံး အလေ့အကျင့်ကောင်း ဖြစ်တယ်လို့ ဆိုပါရစေ။

Via: Yoyarlay