Sponsored

ကိုယ်လုံးကိုယ်ပေါက် လှလှဗီယက်နမ်မလေးနှစ်ယောက်ဟာ အကာအကွယ်ဝတ်စုံပြည့်ဝတ်ဆင်ပြီး ကွင်းပြင်တစ်ခုကို ဖြည်းဖြည်းချင်းဖြတ်လျောက်နေကြပါတယ်။ မိုင်းရှာကိရိယာတွေကို ကိုင်ဆောင်ပြီးတော့ပါ။ ဆေးနဲ့ လုံခြုံရေးမှူး Nguyen Thi Ha Lan က လမ်းမိုင်းလို့ အမိန့်ပေးလိုက်တာနဲ့တပြိုင်နက် သူမရဲ့ အဖွဲ့ဝင်လေးတွေဟာ ၁၉၇၅ ခုနှစ် အမေရိကန်-ဗီယက်နမ်စစ်အတွင်းက မပေါက်ကွဲပဲ ကျန်ရှိနေတဲ့ ဗုံးကို ရှင်းလင်းဖို့ အသင့်အနေအထားမှာ ရှိနေကြပါပြီ။ ဒီဗုံးတွေဟာ ဗီယက်နမ် မြောက်အလယ်ပိုင်းက Quang Tri စီရင်စု မှာ ကျန်ရှိနေတာတွေလည်းဖြစ်ပါတယ်။

@Reuters

ဗုံးကိုခြေရာခံမိပြီဆိုတာနဲ့ ခေါင်းဆေင်ဟာ အနီးအနားက ပြည်သူတွေကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခိုင်းကာ အချက်ပေးလိုက်သည်နှင့် ဘေးကင်းစွာ ဖောက်ခွဲပေးပါတယ်။ ခေါင်းဆောင် Lan ဟာ အမျိုးသမီး ဗုံးရှင်းလင်းရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ ဗီယက်နမ်စိုက်ပျိုးမြေ ဧက ၆သောင်းလောက်ကိုဘေးကင်းစေဖို့ ဆောင်ရွက်သွားမယ့်အစီအစဉ်ကို ပါဝင်သူလည်းဖြစ်ပါတယ်။ ဗီယက်နမ်မြောက်ပိုင်းဟာ အမေရိကန်စစ်တပ်ရဲ့အဆိုအရ စစ်အတွင်းသူတို့အသုံးပြုခဲ့တဲ့ သန်း၈၀ သော ဗုံးတွေထဲက ၁၀ ရာခိုင်နှုန်းကို ထိုဒေသမှာအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ Lan ရဲ့အဖွဲ့မှာ နတ်မိမယ်လေး ၁၆ ယောက်ပါ ဝင်ပါတယ်။

@Reuters

သူမအသက် ၁၂နှစ်အရွယ်မှာ သူမအမေဟာ မပေါက်ကွဲသေးတဲ့မြေမြှုပ်ဗုံးဒဏ်ကြောင့် ခြေရော လက်ရော ဆုံးရှုံးခဲ့ရပါတယ်။ သူမဟာ တွန်းလှည်းအကူနဲ့ အသက်ရှင်ခဲ့ရပြီး Lan နဲ့ သူမရဲ့မောင်လေးဟာ ဗုံးရှင်းလင်းရေးအဖွဲ့ထဲကို အရွယ်ရောက်ချိန်မှာ အတူဝင်ခဲ့ကြတာပါ။ “ ကျွန်မရှေ့မှာ ကလေးတွေ ဆော့ကစား နေတာကို တွေ့တိုင်း ကျွန်မရှေ့တင် အမေ ဗုံးထိသွားတဲ့ဖြစ်ရပ်ဟာ ခေါင်းထဲပြန်ပြန်ဝင်လာပါတယ်။ ခုတော့ ကျွန်မရွေးချယ်ခဲ့တဲ့အလုပ်ဟာ သူတို့လေးတွေ လွတ်လပ်စွာ ဆော့ကစားနိုင်ဖို့ အထောက်အကူဖြစ်နေလို့ အရမ်းပီတိဖြစ်မိပါတယ်

Sponsored
@Reuters

Quang Tri စီရင်စု အတွင်းမှာတင် ဗုံးကြောင့်သေဆုံးသူ ၈၅၀၀ ရှိတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။သုံးပုံတစ်ပုံလောက်ကတော့ ကလေးတွေဖြစ်ပြီး ဗုံးသီးတွေကို တင်းနစ်ဘောလုံးအမှတ်နဲ့ဆော့ကစားရင်း သေဆုံးကြရတာပါ။ မိုင်းရှင်းသူတွေဘဝဟာတကယ်ခက်ခဲပါတယ်။ နေပူမိုးရွာမရှောင်လုပ်ဆောင်ရတာ ဖြစ်ကာ တစ်ခါတလေ ၄၂ C အပူချိန်လောက်ကို ဘယ်နေရောင်ခံခရမ်မှ မကာကွယ်ပေးနိုင်ပါဘူး။ ကျွန်မတို့ မိတ်ကပ်လေးလိမ်း ကျော့ကျော့လေးမနေရပေမဲ့ ကျွန်မတို့ ဝတ်ထားတဲ့ဝတ်စုံအပေါ်ဂုဏ်ယူပါတယ်လို့လည်း သူမက ပြောပါတယ်။ ဒါ့အပြင် သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ထားမွန်မြတ်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။

ယခုအချိန်အထိတော့ရှာဖွေရှင်းလင်းရေးတွေဆက်လက်လုပ်ဆောင်နေရအုံးမှာဖြစ်ကာ ၂၀၁၈ သြဂုတ်လအထိ မြေအောက်မိုင်း ၁၄၀၀ အထိတွေ့ရှိခဲ့ပါတယ်။ ကံကောင်းတာက သူမယခုအချိန်အထိ ဒဏ်ရာအနာတရမရှိသေးပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်းဆို ၂၀၂၅ မှာ ထိုဒေသအတွင်း ဗုံးအားလုံးရှင်း လင်းနိုငမယ်လို့ ယုံကြည်ထားပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *