ဘန်ကောက်မှာ ဆေးကုတာနဲ့ ဒီမှာဆေးကုတာ ဘာကွာလဲ

@BangkokPost

ဘန်ကောက်မှာဆေးကုတာနဲ့ဒီမှာဆေးကုတာ ဘာကွာလဲ မေးမေးနေလို့ ကိုယ်ခံစားမိတာနဲ့ ကိုယ်ကြုံတွေ့ရတာတွေကိုပြောပြမယ်နော် ..

အပိုင်း (၁) မြန်မာပြည်မှာ check up လုပ်ရင် ၂ သိန်းလောက်ကျရင် ဘန်ကောက်မှာ ၅ သိန်းလောက်ကျတယ် အစာအိမ်မှန်ပြောင်းကြည့်တာ ၃ သိန်းကျရင် ဟိုမှာ ၁၅ သိန်းကျော်ကျမယ် CT Scan ရိုက်တာ ၄ သိန်းကျရင် ဟိုမှာက ၇ သိန်းကနေ ၁၅ သိန်းထိကျနိုင်တယ် … အစစအရာရာမှာ ဘန်ကောက်က မြန်မာပြည်ထက်ပိုများပါတယ်…

@BangkokPost

ဒါပေမယ့် အဖြေဖတ်ပေးတဲ့ဆရာဝန်ရဲ့ လူနော်အပေါ် ပြုံးချိုပြီးဆက်ဆံတာ ကောင်းတဲ့အချက်ကို အရင်ပြောပြီး နောက်ဆုံးမှ ဆိုးတဲ့အခြေအနေကိုပြောပြတာ စိုးရိမ်ရတဲ့ မျက်နှာမပြတာတွေ ဆေးရုံက ဆေးရုံနဲ့မတူပဲ မွှေးကြိုင်သန့်ရှင်းတာတွေက လူနာတွေအတွက်တော့ ပထမဦးဆုံးခံစားရမယ့် အသက်ပါပဲ ..

လူနာက တခြားရောဂါတစ်ခုခုဖြစ်နေတယ် ဥပမာ အဆုတ်မှာစပေါ့တွေ့တာ အသည်းမှာ ဒဏ်ရာတွေ့တာ ဒီလိုတစ်ခုခုဖြစ်ပြီဆို ဆေးစစ်တဲ့နေ့မှာပဲ အသည်းဆို အသည်းဆရာဝန် အဆုတ်ဆို အဆုတ်အထူးကုနဲ့ ချက်ချင်းပြနိုင်ပြီး တိုင်ပင်ဆွေးနွေးနိုင်တယ်ဗျ .. ဆရာဝန်တွေကလည်း လူနာကို အချိန်သေချာပေးပြီး ဆွေးနွေးတိုင်ပင်တယ် တိကျတဲ့ အဖြေကို တစ်ခါတည်းထုတ်ပေးနိုင်တယ် …

@FAcebook

ထားပါတော့ဗျာ အရင်က ကျွန်တော်ကြုံခဲ့ရတဲ့အဖြစ်လေးတွေပြောပြမယ်နော် သူငယ်ချင်းသူဌေးတစ်ယောက်ပေါ့ ရန်ကုန်က နာမည်ကြီးဆေးရုံတစ်ခုမှာ CT Scan ရိုက်တယ် လည်ချောင်းထဲမှာ အလုံးတွေ့တယ် ကင်ဆာတဲ့ အဖြေက .. သေချာအောင် လည်ချောင်းထဲ Scope နဲ့ အသားစယူမယ်တဲ့ .. သူရော သူ့မိသားစုပါ ဘဝပျက်သလို ခံစားသွားရတော့ ကျွန်တော်က အစ်ကိုရေ ဘာမှခံစားမနေနဲ့ ကျွန်တော်ကတော့ ကင်ဆာလို့မထင်ဘူး ကျွန်တော်တို့ ဘန်ကောက်သွားပြကြမယ် ဒီမှာ မပြနဲ့တော့ဆိုပြီး သူ့ကို ဘန်ကောက်ခေါ်သွားခဲ့တယ် ..

ဟိုရောက်တော့ ဆရာဝန်က CT scan ကိုကြည့်ပြီး တစ်ခုခုမှားနေပြီတဲ့ ပြန်ရိုက်ချင်တယ်ဆိုတာနဲ့ ပြန်ရိုက်လိုက်တော့ အလုံးတော့ရှိတယ် လည်ချောင်းပြွန်ထဲမှာမဟုတ်ဘူး အပြင်မှာ .. ဆရာဝန်ကစဉ်းစားတယ် ဘာအလုံးလဲပေါ့ ကင်ဆာမဟုတ်တာ သူ့အတွေ့အကြုံအရသိတယ် ဒါပေမယ့် သူသေချာမသိဘူး ဘာအလုံးလဲဆိုတာကို ..

@FAcebook

နောက်ဆုံးတော့ ဆရာဝန်ကပြောတယ် ဘေးအခန်းကသွေးနဲ့ပတ်သတ်တဲ့ ဆရာဝန်မကြီးကို ပြကြည့်ပေးပါတဲ့ ပြပြီးရင် သူနဲ့ဆရာဝန်မကြီးနဲ့ပေါင်းပြီး အဖြေထုတ်ပေးပါမယ်တဲ့ .. ဆရာဝန်မကြီးနဲ့ပြပြီး သူတို့နှစ်ယောက်ခေါင်းချင်းဆိုင်ဆွေးနွေးကြတယ် ပြီးတော့မှ လူနာကိုခေါ်လိုက်တယ် အဖြေက တီဘီကျိတ် ဒါပေမယ့် လူနာမှာ တီဘီမရှိတော့ဘူး တစ်ချိန်ကရှိခဲ့တယ် ခုမရှိတော့ဘူးဆိုတဲ့ အဖြေ ..

တစ်နေ့ ဆေး ၁ လုံးပဲ တစ်လသောက်ရမယ် တစ်လနေမှပြန်စစ်ပါတဲ့ .. တစ်လနေ ပြန်သွားစစ်တော့ လူနာမှာ ဘာအလုံးမှမရှိတော့ဘူး အားလုံးပြီးသွားပြီ .. ပိုက်ဆံ ၁၀ သိန်းလောက်နဲ့ ကျွန်တော်တို့တွေ အပျော်ကြီးပျော်ခဲ့လို့ ပါလာတဲ့ သိန်းရာကျော်ပါ အကုန်သုံးပြစ်ခဲ့ကြတာ ပျော်လွန်းလို့ ..

ဒီမှာဆိုရင်တော့ အလုံးမရှိတဲ့နေရာကို အသားစယူမယ် ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ကျွန်တော်လည်း မတွေးရဲဘူးဗျာ ….

ရေးသားသူ – Nanda Win