Sponsored

ပီအက်စ်ဂျီတိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကတော့ မောင့်ပလီယာနဲ့ ပွဲစဉ်မှာ လူစားလဲခဲ့ရမူအ ပေါ်မှာ ဒေါသတကြီးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက မောင့်ပလီယာအသင်းကို၅ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာ ပြိုင်ဘက်က ပွဲချိန် ၁ရမိနစ်မှာပဲ တိုက်ရိုက်အနီကဒ်နဲ့ အထုတ်ခံခဲ့ရ လို့ ပီအက်စ်ဂျီ တို့ အသာစီးနဲ့ ဦးဆောင်ကစားသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ် ရဲ့ ပွဲချိန် ၆၈မိနစ်မှာတော့ နည်းပြတူချယ်က အမ်ဘာပေရဲ့နေရာမှာ တခြားတိုက်စစ်မှူးအီကာဒီ၊ပါဘလို ဆာရာဘီယာရဲ့နေရာမှာကာဗာနီတို့ကိုတစ်ပြိုင်နက်လူစားလဲ့ခဲ့တာဖြစ်ပါတယ်။

Goal

အဆိုပါလူစားလဲချိန်မှာ ပီအက်စ်ဂျီအသင်းက ၅ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတဲ့အချိန်ဖြစ်ပြီးလူတစ်ယောက် အသားသွင်းဂိုးအသာအနေအထားမှာ အမ်ဘာပေက လူစားလဲ ဖို့ ဆန္ဒမရှိခဲ့ဘဲ ကွင်းထဲဆက်ကစား ပြီး ဂိုးသွင်းချခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာ တော့ နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ် လိုက်နာခဲ့ရ ပေမယ့် လည်။ ကွင်းဘေးစည်းအပြင်ဘက်မှာတော့ နည်းပြတူချယ်ကို ဂလန်ကဆန် လိုက်ပြီး ပရိသတ် တွေရှေ့ မှာ အရှက်ရစရာဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Sponsored

ပွဲအပြီးမှာတော့ လူစားလဲခံရအပြီးမှာ အမ်ဘာပေနဲ့ အချင်းများခဲ့သလို အမူအရာဖြစ်ခဲ့တဲ့အပေါ်မှာ သတင်းထောက်တွေက တူချယ်ကို မေးမြန်းခဲ့ကြပါတယ်။

Goal

တူချယ်က “ကျွန်တော်ကနည်းပြပါ။ ဘယ်သူ့ကို လူစားလဲမယ်။ ဘယ်သူက လူစားဝင်မယ်ဆိုတာကို ကျွန်တော် ဆုံးဖြတ်ရတာပါ။ အမ်ဘာပေက အလွန်ဉာဏ်ကောင်းတဲ့သူပါ။သူဘာလုပ်နေသလဲဆိုတာ သူကိုယ်တိုင်သိပါတယ်။ သူ ကွင်းထဲကနေ မထွက်ချင်ခဲ့ဘူး။ဘယ်သူမှာလည်း ထွက်ချင်မှာမဟုတ်ပါဘူး။ဒါတွေက ကောင်းတဲ့ ပုံရိပ်တွေတော့မဟုတ်ပါဘူး။ဒါပေမယ့် ဒီလိုကိစ္စလေးတွေရင်ဆိုင်ရာတာက ကျွန်တော်တို့ တစ်သင်းထဲ တင်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာကြောင့် ဒီလို လူစားလဲခဲ့သလဲဆိုတာကို သူ့ကို ရှင်းပြခဲ့ပြီးပါ ပြီ။ဒီ အတိုင်းပဲဆက်သွားမှာပါ။ နည်းဗျူးဟာဆိုင်ရာအချက်တွေကို ကျွန်တော် အမြဲတမ်းဆုံးဖြတ်ချက်ချပါ တ်။ ကျွန်တော်က တင်းနစ်ကစားနေတာမဟုတ်ပါဘူး။ ဘောလုံးကစားနေတာဖြစ်ပြီး လူတိုင်း အပေါ်မှာ အပေါ်လေးစားမူရှိရမှာဖြစ်ပါတယ်။သူ့ကိုအရေးယူဖို့အတွက်လည်း ဆုံးဖြတ်ချက် ချသွားဖို့ရှိ ပါတယ်” လို့ တူချယ်ကပွဲအပြီးမှာပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *