Sponsored

အနုပညာလောကတွင် ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာကတော့ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။

ပါရမီဓာတ်ခံရှိဖို့ရယ် ဝီရီယဆိုတဲ့ ကြိုးစားအားထုတ်မှုလိုအပ်တာအမှန်ပါ လက်ရှိမှာတော့ နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အဒေါ်တွေရဲ့ ခြေရာကိုအပြည့်နင်းကြမယ့် တူမချောလေးတွေဖြစ်တဲ့ မေတိုးခိုင်၊ နန်းထက်ထက်ဦး၊ အမရာဖုန်း တို့ကတော့ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိနေပြီလည်း ဖြစ်ပါတယ်။

(၁) မေတိုးခိုင်

မေတိုးခိုင်

မော်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး မေးတိုးခိုင်ကတော့ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ ချစ်တူမလေးဖြစ်ပြီး အဒေါ်နဲ့အတူ အနုပညာအလုပ်တွေလုပ်ကိုင်နေသူဖြစ်ပါတယ်။ သူဟာ Photo Model တစ်ဦးအဖြစ် တော်တော်လေး နာမည်ကြီးခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင် ဗီဒီယိုကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့ကာ လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်လာတာပြီး ပရိသတ်အခိုင်အမာရရှိထားပါတယ်။မေတိုးခိုင်ရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးကတော့ စာရေး ဆရာမ လွန်းထားထားရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတဲ့ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင် ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် နဲ့အပြိုင် အဓိက ပါဝင် သရုပ်ဆောင်ထားတာပါသေးတယ်။

Sponsored

(၂) နန်းထက်ထက်ဦး

နန်းထက်ထက်ဦး

မော်ဒယ်မလေး နန်းထက်ထက်ဦးကတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီးဖြစ်တဲ့ တစ်ခေတ်တစ်ခါကကြော်ငြာမင်းသမီး ထက်ထက်မိုးဦးရဲ့ ရုပ်ချင်းဆင်ပြီး ထက်ထက်ဆီမှ အနုပညာပိုးအမွေရထားတဲ့ တူမလေးပဲဖြစ်ပါတယ်။ သူကတော့ ချစ်စရာအပြုံးလေးနဲ့ ကိုရီးယားမလေးလို့ ချစ်စရာကောင်းမှုကြောင့် ပုရိသတွေရဲ့သည်းသည်းလှုပ်ဝန်းရံခြင်းခံနေပါသေးတယ်။ လက်ရှိမှာတော့ Little Potato Productionရဲ့ (၉)လကြာ ပြင်ဆင်ကြိုးစားထားတဲ့ ‘x’ ကိုရှာပါ (Find ‘x’) ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

(၃) အမရာဖုန်း

အမရာဖုန်း

အဆိုတော်မလေး အမရာဖုန်းကတော့ 90’borns တွေရဲ့ အသည်းစွဲသီချင်းတစ်ပုဒ်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ နာမည်ကြီးသီချင်း “ဝမ်းနည်းမှတ်တမ်း” သီချင်းထဲမှာ တွဲဖက်အဆိုတော် မို့မို့ရဲ့ ချစ်တူမလေးပဲဖြစ်ပါတယ်။ အမရာဖုန်းဟာဆိုရင် အဒေါ်ဖြစ်သူရဲ့ အဆိုပိုင်းပညာရပ်အမွေတွေကို အဆိုတော်ဘန်နီဖြိုးရဲ့ “လေထဲကအိမ်” သီချင်းလေးမှာ ချပြခဲ့ကာ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ Frenzo အဖွဲ့ဝင်တစ်ဦးဖြစ် နိုင်ငံကျော်အဆိုတော်တွေနဲ့ တွဲဖက်သီဆိုနေနိုင်ကာ အဒေါ်ဖြစ်သူ မို့မို့ရဲ့ ခြေရာကိုအပြည့်နင်းနေပါပြီနော်။

ပရိသတ်ကြီးကရော နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ အဒေါ်တွေရဲ့ ခြေရာကိုအပြည့်နင်းကြမယ့် တူမချောလေးတွေဖြစ်တဲ့ မေတိုးခိုင်၊ နန်းထက်ထက်ဦး၊ အမရာဖုန်း တို့ထဲက ဘယ်သူကို အချစ်ဆုံးနဲ့ ဘယ်သူရဲ့အနုပညာတွေကို ချစ်မြတ်နိုးလဲ ဖြေခဲ့ဦးနော်။

Source: Celegabar

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *