MasterChef Myanmar Season-2 မှာ Winner ဆုကိုထိုက်ထိုက်တန်တန်ရရှိသွားတဲ့ အာကာ

MasterChef Myanmar Season-2

MasterChef Myanmarပြိုင်ပွဲဟာလည်း အားပေးမှုများစွာရရှိထားသလို ဝေဖန်မှုတွေလည်းရှိထားပါတယ်။တကယ့်ကိုအချက်အပြုတ်ကောင်းပြီးအံ့မခန်းလက်ရာကောင်းတွေကိုဖန်တီးနိုင်တဲ့ စားဖိုမှူးတွေကိုတော့ MasterChef Myanmarပြိုင်ပွဲကနေမွေးထုတ်ပေးလိုက်ပါပြီ။ပြိုင်ပွဲဟာအပတ်စဉ်တိုင်း အမှတ်အနည်းဆုံးရရှိသူကို ဒိုင်လူကြီးတွေက ထုတ်ပယ်လာခဲ့တာ အခုဆိုရင်တော့ Top 2 နှစ်ယောက်သာကျန်ရှိတော့တာပါ။

ကျန်ရှိနေတဲ့Top 2 နှစ်ယောက်ကတော့ နေအောင်နဲ့အာကာပဲဖြစ်ပါတယ်။အာကာဟာဆိုရင် အရသာပိုင်းလိုအပ်ချက်ရှိပေမဲ့ တကယ့်ကိုအပြင်အဆင်ကောင်းလွန်းလို့ချီးမွမ်းခံရတဲ့သူတစ်ယောက်ပါ။

MasterChef Myanmar Season-2

နေအောင်ဟာလည်းပဲ မထင်မှတ်ထားတဲ့လက်ရာစွမ်းတွေချပြလေ့ရှိတာကြောင့် ဒိုင်တွေသဘောကျရတဲ့သူပါ။ဒီလိုမျိုးအားသာချက်တွေနဲ့ပြိုင်ပွဲဝင်နှစ်ဦးကတော့ ပရိသတ်ကြီးကိုစိတ်လှုပ်ရှားစေခဲ့ပါပြီ။

ဒီနေ့မှာတော့ MasterChef Myanmarပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့ Winner ဟာထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ အာကာဟာ MasterChef Myanmar ရဲ့ winner ဆုကြီးကို ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလဲ အာကာအတွက်ဂုဏ်ပြုစကားလေးပြောပေးခဲ့ကြပါဦးနော်။

MasterChef Myanmar Season-2