Master Chef ရဲ႕ ဒုိင္လူႀကီး ဦးရဲထြဋ္ဝင္း အေၾကာင္း

ဦးရဲထြဋ္ဝင္း

MRTV 4 ကေန ထုတ္လႊင့္ျပသေနၿပီး လူႀကိဳက္မ်ားေနတဲ့ Reality Show ျဖစ္တဲ့ Master Chef Myanmar မွာ ထူးထူး ျခားျခား စကတ္ႀကီး တကားကားနဲ႔ ၿပိဳင္ပြဲဝင္ေတြကို အဆုံးအျဖတ္ေပးေနတဲ့ ဒိုင္လူႀကီးမင္းတစ္ဦးကို သတိထားမိၾကမယ္ ထင္ပါတယ္။

သူကေတာ့ ျမန္မာႏိုင္ငံက Sharky’s (ရွာကီ) စားေသာက္ဆိုင္ခြဲေတြရဲ႕ ပိုင္ရွင္ တစ္ဦးလည္းျဖစ္ပါတယ္။ ေအာင္ျမင္မႈရ ေနၾကသူတိုင္းဟာ အလကားေနရင္း ႐ုတ္တရက္ႀကီး ထၿပီး ေအာင္ျမင္လာၾကတာေတာ့ မဟုတ္ပါဘူး။ ဒီလိုအေျခအေန မ်ိဳးကို မေရာက္ခင္မွာ အခက္အခဲေတြကို တစ္ဆင့္ျခင္း ရင္ဆိုင္ျဖတ္ေက်ာ္ခဲ့ရတာခ်ည္းပါပဲ။

ဦးရဲထြဋ္ဝင္း

ဒီလိုလူေတြထဲမွာ ဦးရဲထြဋ္ဝင္း (ခ) ဦးရွာကီ လည္း တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ ဦးရဲထြဋ္ဝင္း က စားေသာက္ဆိုင္ သန႔္ရွင္းေရး သမားဘဝကေန အခုလို ေအာင္ျမင္တဲ့ စားဖိုမႉးႀကီးတစ္ေယာက္ျဖစ္လာၿပီး ျမန္မာႏိုင္ငံမွာ Sharky’s ဆိုတဲ့ စားေသာက္ဆိုင္ခြဲေတြရဲ႕ ပိုင္ရွင္ ျဖစ္လာခဲ့ပုံအေၾကာင္းက စိတ္ဝင္စားဖြယ္ ေလးစားအားက်စရာ ေကာင္းလွပါတယ္။

ဦးရဲထြဋ္ဝင္း ဟာ အသက္ ၁၉ ႏွစ္အ႐ြယ္မွာ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕ကို ေရာက္ခဲ့ၿပီး “Wendy” ဆိုတဲ့ အသင့္ စားေသာက္ဆိုင္ခြဲတစ္ခုမွာ သန႔္ရွင္းေရးသမားအျဖစ္ ဝင္ေရာက္လုပ္ကိုင္ရင္း ၄ ႏွစ္အတြင္းမွာပဲ အဆိုပါကုမၸဏီရဲ႕ European ဒါ႐ိုက္တာတစ္ေယာက္ျဖစ္လာခဲ့ပုံအေၾကာင္းကို Food Magazine နဲ႔ ေျဖၾကားထားတဲ့ အင္တာဗ်ဴးမွာ အခုလို စတင္ ေျပာျပခဲ့ပါတယ္။

Wendy ဆိုတာက ကမာၻမွာ တတိယ Fast Food Chains တစ္ခုပါ။ Wendy က သူမ်ားနဲ႔ ကြာျခားမႈတစ္ခုက သူက အဆင့္ျမင့္ ဟမ္ဘာဂါေတြကို ထုတ္လုပ္တယ္။ သူတို႔ရဲ႕ ဂ်နီဗာၿမိဳ႕မွာ ပထမဆုံး ဆိုင္ဖြင့္ေတာ့ အဲဒီမွာ ကြၽန္ေတာ္က သန႔္ရွင္းေရးသမား စလုပ္ရင္းကေန တျဖည္းျဖည္းနဲ႔ ဆိုင္ ၄ ဆိုင္ကို အုပ္ခ်ဳပ္ရတဲ့ ဒါ႐ိုက္တာတစ္ေယာက္ျဖစ္လာတယ္။

သန႔္ရွင္းေရးသမားတစ္ေယာက္ကေန ဆိုင္ ၄ဆိုင္ကို အုပ္ခ်ဳပ္ရတဲ့ ဒါ႐ိုက္တာ တစ္ေယာက္ျဖစ္လာပုံ အေသးစိတ္ေလး ကေရာ ဘယ္လိုမ်ိဳးပါလဲ။

ဦးရဲထြဋ္ဝင္း

သန႔္ရွင္းေရးသမားျဖစ္တဲ့အခ်ိန္မွာလည္း မခိုမကပ္ဘဲ ေစတနာပါပါနဲ႔ ကြၽန္ေတာ္ႀကိဳးစားတယ္။ အဲဒီလိုအခ်ိန္မွာ ကြၽန္ေတာ္ အခြင့္အေရးရလာခဲ့တယ္။ ဒီကုမၸဏီေခါင္းေဆာင္ အုပ္ခ်ဳပ္ေရးပိုင္း၊ ဝင္ဒီစားေသာက္ဆိုင္ရဲ႕ အျပည္ျပည္ဆိုင္ရာ ဥေရာပ ဌာနခြဲ (Wendy’s International European Division) သူေဌးက ကြၽန္ေတာ့္ကို အရမ္းသေဘာက်ၿပီးေတာ့ အလုပ္သမား အဆင့္ကို တိုးေပးလိုက္တယ္။ ေနာက္ပိုင္းမွာ ဂ်နီဗာၿမိဳ႕မွာရွိတဲ့ ပထမဆိုင္ကို ကြၽန္ေတာ့္ကို အုပ္ခ်ဳပ္ခိုင္းတယ္။ အဲဒီမွာ ကြၽန္ေတာ္အုပ္ခ်ဳပ္တာ ေကာင္းမြန္လို႔ ထပ္ၿပီးေတာ့ သေဘာက်ၿပီး ေနာက္ထပ္ဆိုင္ ၃ ဆိုင္ကိုထပ္ၿပီး အုပ္ခ်ဳပ္ရတယ္။

အဲဒီေနာက္မွာ ေစာေစာက သူေဌးနဲ႔ကြၽန္ေတာ္ အတူဖက္စပ္လုပ္ၿပီးေတာ့ မက္စီကန္ (Mexican) စားေသာက္ဆိုင္ေတြကို ဖြင့္ခဲ့ပါတယ္။ အဲဒီဆိုင္ေတြကိုေတာ့ ဆြစ္ဇာလန္ႏိုင္ငံမွာရွိတဲ့ ၿမိဳ႕ ၃ ၿမိဳ႕ျဖစ္တဲ့ ဂ်နီဗာၿမိဳ႕၊ ေလာဆန္းၿမိဳ႕၊ မြန္ထိုၿမိဳ႕မွာ ဖြင့္လွစ္ျဖစ္ခဲ့ပါတယ္။ အဲဒီလိုဖြင့္လွစ္ခဲ့ၿပီး အရမ္းေအာင္ျမင္လာတဲ့ အခ်ိန္မွာ ကြၽန္ေတာ္ အဲဒီ ကုမၸဏီကထြက္ျဖစ္ၿပီး ကိုယ့္ဘာသာကိုယ္ Sharky’s S.A ကုမၸဏီတစ္ခု ေထာင္ခဲ့ပါတယ္။ ကုမၸဏီက ဘာေတြလုပ္လဲဆိုေတာ့ ဂ်နီဗာ ၿမိဳ႕ေဟာင္းမွာ Cocktail Bar ဆိုင္ေတြ၊ ေျပာရမယ္ဆိုရင္ေတာ့ အဆင့္ျမင့္အရက္ဆိုင္ေတြ ဖြင့္ျဖစ္တယ္။

ေျပာရမယ္ဆိုရင္ ႏိုက္ကလပ္ (Night Club) တစ္မ်ိဳးလိုျဖစ္ေနၿပီး အလုပ္ခ်ိန္က မနက္ ၉ နာရီကေန ည ၂ နာရီအထိ ျဖစ္ေနတယ္။ အဲဒီအခ်ိန္မွာ အိမ္ေထာင္လည္းက်၊ ကေလးတစ္ေယာက္လည္း ရေနေတာ့ ဒီလို ညဘက္အလုပ္ႀကီးကို မလုပ္ခ်င္ေတာ့ဘူး။ အဲဒီမွာ ကြၽန္ေတာ္ ၄ ႏွစ္ေလာက္အုပ္ခ်ဳပ္လိုက္ၿပီးေတာ့ အေတာ္ ေအာင္ျမင္သြားၿပီး ေငြေလးေတြ လည္း လက္ထဲမွာရွိေတာ့ ကြၽန္ေတာ္အရမ္းဝါသနာပါတဲ့ စိုက္ပ်ိဳးေရး အလုပ္ကိုလုပ္ဖို႔ ျမန္မာျပည္ျပန္လာခဲ့တယ္။ ေျပာရမယ္ဆိုရင္ေတာ့ ျမန္မာျပည္မွာ ဟင္းသီးဟင္း႐ြက္ေတြ စိုက္တဲ့ ေတာင္သူလယ္သမားတစ္ေယာက္ လုပ္ခဲ့တယ္။

ဦးရဲထြဋ္ဝင္း

ျမန္မာျပည္ေရာက္ခ်ိန္မွာ ကြၽန္ေတာ္အသက္ ၃၅ ႏွစ္ေလာက္ရွိပါၿပီ။ ျမန္မာျပည္မွာဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ကုမၸဏီကစၿပီး ေအာ္ဂဲနစ္လယ္ယာစိုက္ပ်ိဳးေရးကို စလုပ္ခဲ့တာပါ။ စစဦးခ်င္း ကြၽန္ေတာ္က ပုလဲၿမိဳ႕သစ္မွာရွိတဲ့ ကြၽန္ေတာ့္ စိုက္ခင္းေတြမွာ စတင္ၿပီး စိုက္ပ်ိဳးပါတယ္။ဘာေတြစိုက္လဲဆိုေတာ့ ဆလတ္ေပါင္းစုံ၊ ပင္စိမ္းမ်ိဳးစုံ စိုက္တယ္။ အဲဒါကလည္း ေတာ္ေတာ္ေအာင္ျမင္တယ္။ ပထမဆုံး ကြၽန္ေတာ့္မွာ ကိုယ္ပိုင္ဖြင့္ထားတဲ့ဆိုင္မရွိေတာ့ ဟိုတယ္ေတြကို ပို႔တယ္။

ဥပမာ – Strand တို႔၊ အင္းလ်ားလိတ္ဟိုတယ္တို႔၊ ဆီဒိုးနားကို ပို႔တယ္။ ျပည္တြင္းမွာ ကြၽန္ေတာ္ ဒီလိုေအာင္ျမင္ၿပီးတဲ့ အခါမွာ ကြၽန္ေတာ္ ဆြစ္ဇာလန္ႏိုင္ငံကို ခဏျပန္သြားၿပီး ခ်ိစ္လုပ္ငန္းကို ေသခ်ာျပန္သင္ယူတယ္။ အခုဆိုရင္ ျမန္မာ ျပည္မွာ ခ်ိစ္အမ်ိဳးေပါင္း (၁၈) မ်ိဳးကို စတင္ထုတ္လာခဲ့တာ ၁၅ ႏွစ္ ေက်ာ္သြားပါၿပီ။ ခ်ိစ္လုပ္ငန္းကိုလုပ္ကိုင္ႏိုင္ၿပီဆိုမွ ေပါင္မုန႔္မ်ိဳးစုံလုပ္နည္းလုပ္ငန္းကိုတတ္ကြၽမ္းေအာင္ ထပ္ၿပီးေတာ့ေလ့လာၿပီး ေပါင္မုန႔္ အမ်ိဳးေပါင္း ၂၅မ်ိဳးေလာက္ ထုတ္တယ္။ ၿပီးမွ အသားကို စၿပီးေတာ့ ကိုင္တယ္။ အသားဆိုတာ ဝက္ေပါင္ေျခာက္တို႔၊ ဝက္အူေခ်ာင္းတို႔၊ ဝက္အူေခ်ာင္းအေျခာက္တို႔ကို ဥေရာပစံခ်ိန္မီေအာင္ လုပ္ၿပီးေတာ့ ကြၽန္ေတာ္ ေရာင္းခ်တယ္။ အဲဒီလိုေရာင္းခ်တဲ့အခါမွာ ဆိုင္ေတြက တစ္ဆိုင္ကေန ၂ ဆိုင္၊ ၂ ဆိုင္ကေန ၃ ဆိုင္ျဖစ္လာ ခဲ့တယ္။

ပထမဆုံးဆိုင္ေလးကေတာ့ ေ႐ႊေတာင္ၾကားလမ္းမွာ ၁၀ ႏွစ္ေက်ာ္ၾကာေအာင္ ဖြင့္ျဖစ္ခဲ့တယ္။ အဲဒီဆိုင္က ၁၀ ႏွစ္လုံး ဖြင့္တဲ့အခ်ိန္မွာ ဆိုင္းဘုတ္လည္းမရွိခဲ့ဘူး။ ဘာနာမည္မွလည္း မေပးခဲ့ဘူး။ ဒါေပမယ့္ ေနာက္ဆုံးမွာ အဲဒီဆိုင္ေလးက တစ္ဆင့္စကားနဲ႔တင္ နာမည္ႀကီးလာေတာ့ မႏိုင္ေတာ့ဘူး။ ဒီေတာ့ အင္းလ်ားလမ္းမွာ Sharky’s 2 ဆိုၿပီး ဆိုင္ေလး တစ္ဆိုင္ထပ္ဖြင့္လိုက္တယ္။ အဲဒီဆိုင္ေလး ကလည္း အရမ္းေအာင္ျမင္ခဲ့တယ္။ အဲဒီေနာက္ ၅ ႏွစ္ေလာက္ၾကာေတာ့ ဒီ Sharky’s 3 ကို ထပ္ဖြင့္လိုက္တယ္။ အခုေနာက္ဆုံးဆိုင္က ေတာ့ ၄ ႏွစ္ေလာက္ရွိပါၿပီ။

ဦးရဲထြဋ္ဝင္း

ကြၽန္ေတာ့္အေၾကာင္း အစကေနေျပာရရင္ ကြၽန္ေတာ့္အေဖက ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ သံမႉးႀကီးတစ္ေယာက္ပါ။ ကြၽန္ေတာ္ ၂ ႏွစ္သားကေန အသက္ ၁၃ ႏွစ္သားအထိ ကြၽန္ေတာ့္အေဖ တာဝန္ထမ္းေဆာင္ရတဲ့ႏိုင္ငံေပါင္းစုံကို လိုက္ သြားခဲ့တယ္။ အဲဒီကေနၿပီးေတာ့ ဆြစ္ဇာလန္ကို အေဖတာဝန္ထမ္းေဆာင္ေတာ့ လိုက္သြားတာ။ အေဖက ၃ ႏွစ္ တာဝန္ ၿပီးေတာ့ ကြၽန္ေတာ္က ဆက္ေနခဲ့တာ။

အဲဒီမွာ ကြၽန္ေတာ္ သန႔္ရွင္းေရးဝန္ထမ္းစလုပ္ျဖစ္ပုံက ဆြစ္ဇာလန္ႏိုင္ငံက ျပင္သစ္လိုေျပာတဲ့ ႏိုင္ငံဆိုေတာ့ ကြၽန္ေတာ္က ျပင္သစ္လိုတစ္လုံးမွ မတတ္ေတာ့ အလုပ္လိုက္ရွာတာ မလြယ္ဘူးျဖစ္ေနတယ္။ ဒီေတာ့ ျပင္သစ္စာေက်ာင္းလည္း တက္ ရင္း ရတဲ့အလုပ္ဝင္မိရာကေန သန႔္ရွင္းေရးဝင္လုပ္ျဖစ္သြားတာပါ။

အဓိကကေတာ့ သူမ်ားတိုင္းျပည္မွာ အလုပ္သြားလုပ္ရင္ ဟိုအလုပ္ေ႐ြး၊ ဒီအလုပ္ေ႐ြးလို႔ မရပါဘူး။ ေအာက္ေျခကလာ တဲ့လူ ဆိုရင္ ပိုဆိုးတယ္။ အထူးသျဖင့္ သူမ်ားတိုင္းျပည္မွာ သြားၿပီးအလုပ္လုပ္ ရင္ေတာ့ ဘယ္တိုင္းျပည္သြားသြား၊ ဘယ္ေလာက္ေတာ္ေနပါေစ သူတို႔လူမ်ိဳးကို ဦးစားေပးမွာေပါ့။ ဒီေတာ့ သူမ်ားရဲ႕ တိုင္းျပည္မွာလုပ္ၿပီး ပိုေအာင္ျမင္ခ်င္ ရင္ေတာ့ သူမ်ားထက္ ၂ ဆ၊ ၃ ဆ ေလာက္ ပိုၿပီးေတာ့ႀကိဳးစားရမယ္။ ဝီရိယလည္းရွိရမယ္။ ကံလည္းကံေကာင္းရမယ္။ ဆရာေကာင္းလည္းရမယ္ဆိုရင္ေတာ့ အဆင္

ေျပႏိုင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ႀကိဳးလည္းႀကိဳးစားတယ္။ ဆရာေကာင္းလည္းရခဲ့တယ္။ သူတို႔ေၾကာင့္လည္း ကြၽန္ေတာ္ အခုဒီလိုအဆင့္ေလာက္ ေရာက္လာတာပါ။ ကြၽန္ေတာ့္အျမင္ကိုေျပာရရင္ အခုေခတ္က ဝီရိယရွိၿပီး ႀကိဳးစား ေန႐ုံနဲ႔လည္းမရဘူး။ ကိုယ္လုပ္တဲ့ အလုပ္ေပၚမွာ တီထြင္ႀကံဆမႈနဲ႔ အၿမဲတမ္းလုပ္ေနရမယ့္ေခတ္ႀကီးလို႔ ျမင္မိပါတယ္။

အစားအေသာက္ေတြဖန္တီးမႈနဲ႔ ပက္သက္ၿပီး ဦးရဲဝင္းထြဋ္ရဲ႕ အျမင္ကေတာ့ ‘‘အစားအေသာက္က ပီတိရွိရမယ္။ အာ႐ုံရွိရ မယ္။ စိတ္ပါဝင္စားမႈရွိရမယ္။ တိက်မႈရွိရမယ္။ အဲဒါေတြ မရွိရင္ေတာ့ ေအာင္ျမင္ႏိုင္မွာမဟုတ္ဘူး’’ လို႔ ယုံၾကည္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။

ဒါေတြကေတာ့ Master Chef Myanmar မွာ ထူးထူးျခားျခား စကတ္ႀကီးတကားကားဝတ္ၿပီး ၿပိဳင္ပြဲဝင္ေတြကို မညႇာမတာ ေဝဖန္ေထာက္ျပတတ္တဲ့ ဦးရွာကီရဲ့ ႀကိဳးစားခဲ့ရတဲ့ ဘဝျဖတ္သန္းမွုေတြပဲျဖစ္ပါတယ္။ Master Chef Myanmar ၿပိဳင္ပြဲဝင္ေတြအားလုံးကို မိသားစုအရင္းေတြလို ေတာ္ေစ ထက္ျမက္ေစခ်င္တဲ့ ဦးရဲဝင္းထြဋ္ရဲ႕ စိတ္ခံစားမႈေတြကိုလည္း ၿပိဳင္ပြဲဝင္တစ္ဦး ထြက္ခြာသြားတိုင္း ေတြ႕ျမင္ၾကရပါတယ္။

မွတ္ခ်က္။ ။ Food Magazine Myanmar နဲ႔ ဦးရဲဝင္းထြဋ္ တို႔ရဲ႕ ၂၀၁၃ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးေလးကို Master Chef Myanmar ပရိသတ္ေတြ သိရွိေအာင္ ျပန္လည္ ေကာက္ႏႈတ္ေဖာ္ျပရျခင္းျဖစ္ပါတယ္။

Photo: Food Magazine Myanmar, Master Chef Myanmar


#Unicode Version

MRTV 4 ကနေ ထုတ်လွှင့်ပြသနေပြီး လူကြိုက်များနေတဲ့ Reality Show ဖြစ်တဲ့ Master Chef Myanmar မှာ ထူးထူး ခြားခြား စကတ်ကြီး တကားကားနဲ့ ပြိုင်ပွဲဝင်တွေကို အဆုံးအဖြတ်ပေးနေတဲ့ ဒိုင်လူကြီးမင်းတစ်ဦးကို သတိထားမိကြမယ် ထင်ပါတယ်။

သူကတော့ မြန်မာနိုင်ငံက Sharky’s (ရှာကီ) စားသောက်ဆိုင်ခွဲတွေရဲ့ ပိုင်ရှင် တစ်ဦးလည်းဖြစ်ပါတယ်။ အောင်မြင်မှုရ နေကြသူတိုင်းဟာ အလကားနေရင်း ရုတ်တရက်ကြီး ထပြီး အောင်မြင်လာကြတာတော့ မဟုတ်ပါဘူး။ ဒီလိုအခြေအနေ မျိုးကို မရောက်ခင်မှာ အခက်အခဲတွေကို တစ်ဆင့်ခြင်း ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတာချည်းပါပဲ။

ဒီလိုလူတွေထဲမှာ ဦးရဲထွဋ်ဝင်း (ခ) ဦးရှာကီ လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဦးရဲထွဋ်ဝင်း က စားသောက်ဆိုင် သန့်ရှင်းရေး သမားဘဝကနေ အခုလို အောင်မြင်တဲ့ စားဖိုမှူးကြီးတစ်ယောက်ဖြစ်လာပြီး မြန်မာနိုင်ငံမှာ Sharky’s ဆိုတဲ့ စားသောက်ဆိုင်ခွဲတွေရဲ့ ပိုင်ရှင် ဖြစ်လာခဲ့ပုံအကြောင်းက စိတ်ဝင်စားဖွယ် လေးစားအားကျစရာ ကောင်းလှပါတယ်။

ဦးရဲထွဋ်ဝင်း ဟာ အသက် ၁၉ နှစ်အရွယ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို ရောက်ခဲ့ပြီး “Wendy” ဆိုတဲ့ အသင့် စားသောက်ဆိုင်ခွဲတစ်ခုမှာ သန့်ရှင်းရေးသမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ၄ နှစ်အတွင်းမှာပဲ အဆိုပါကုမ္ပဏီရဲ့ European ဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပုံအကြောင်းကို Food Magazine နဲ့ ဖြေကြားထားတဲ့ အင်တာဗျူးမှာ အခုလို စတင် ပြောပြခဲ့ပါတယ်။

Wendy ဆိုတာက ကမ္ဘာမှာ တတိယ Fast Food Chains တစ်ခုပါ။ Wendy က သူများနဲ့ ကွာခြားမှုတစ်ခုက သူက အဆင့်မြင့် ဟမ်ဘာဂါတွေကို ထုတ်လုပ်တယ်။ သူတို့ရဲ့ ဂျနီဗာမြို့မှာ ပထမဆုံး ဆိုင်ဖွင့်တော့ အဲဒီမှာ ကျွန်တော်က သန့်ရှင်းရေးသမား စလုပ်ရင်းကနေ တဖြည်းဖြည်းနဲ့ ဆိုင် ၄ ဆိုင်ကို အုပ်ချုပ်ရတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်လာတယ်။

သန့်ရှင်းရေးသမားတစ်ယောက်ကနေ ဆိုင် ၄ဆိုင်ကို အုပ်ချုပ်ရတဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်လာပုံ အသေးစိတ်လေး ကရော ဘယ်လိုမျိုးပါလဲ။

သန့်ရှင်းရေးသမားဖြစ်တဲ့အချိန်မှာလည်း မခိုမကပ်ဘဲ စေတနာပါပါနဲ့ ကျွန်တော်ကြိုးစားတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော် အခွင့်အရေးရလာခဲ့တယ်။ ဒီကုမ္ပဏီခေါင်းဆောင် အုပ်ချုပ်ရေးပိုင်း၊ ဝင်ဒီစားသောက်ဆိုင်ရဲ့ အပြည်ပြည်ဆိုင်ရာ ဥရောပ ဌာနခွဲ (Wendy’s International European Division) သူဌေးက ကျွန်တော့်ကို အရမ်းသဘောကျပြီးတော့ အလုပ်သမား အဆင့်ကို တိုးပေးလိုက်တယ်။ နောက်ပိုင်းမှာ ဂျနီဗာမြို့မှာရှိတဲ့ ပထမဆိုင်ကို ကျွန်တော့်ကို အုပ်ချုပ်ခိုင်းတယ်။ အဲဒီမှာ ကျွန်တော်အုပ်ချုပ်တာ ကောင်းမွန်လို့ ထပ်ပြီးတော့ သဘောကျပြီး နောက်ထပ်ဆိုင် ၃ ဆိုင်ကိုထပ်ပြီး အုပ်ချုပ်ရတယ်။

အဲဒီနောက်မှာ စောစောက သူဌေးနဲ့ကျွန်တော် အတူဖက်စပ်လုပ်ပြီးတော့ မက်စီကန် (Mexican) စားသောက်ဆိုင်တွေကို ဖွင့်ခဲ့ပါတယ်။ အဲဒီဆိုင်တွေကိုတော့ ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ မြို့ ၃ မြို့ဖြစ်တဲ့ ဂျနီဗာမြို့၊ လောဆန်းမြို့၊ မွန်ထိုမြို့မှာ ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖွင့်လှစ်ခဲ့ပြီး အရမ်းအောင်မြင်လာတဲ့ အချိန်မှာ ကျွန်တော် အဲဒီ ကုမ္ပဏီကထွက်ဖြစ်ပြီး ကိုယ့်ဘာသာကိုယ် Sharky’s S.A ကုမ္ပဏီတစ်ခု ထောင်ခဲ့ပါတယ်။ ကုမ္ပဏီက ဘာတွေလုပ်လဲဆိုတော့ ဂျနီဗာ မြို့ဟောင်းမှာ Cocktail Bar ဆိုင်တွေ၊ ပြောရမယ်ဆိုရင်တော့ အဆင့်မြင့်အရက်ဆိုင်တွေ ဖွင့်ဖြစ်တယ်။

ပြောရမယ်ဆိုရင် နိုက်ကလပ် (Night Club) တစ်မျိုးလိုဖြစ်နေပြီး အလုပ်ချိန်က မနက် ၉ နာရီကနေ ည ၂ နာရီအထိ ဖြစ်နေတယ်။ အဲဒီအချိန်မှာ အိမ်ထောင်လည်းကျ၊ ကလေးတစ်ယောက်လည်း ရနေတော့ ဒီလို ညဘက်အလုပ်ကြီးကို မလုပ်ချင်တော့ဘူး။ အဲဒီမှာ ကျွန်တော် ၄ နှစ်လောက်အုပ်ချုပ်လိုက်ပြီးတော့ အတော် အောင်မြင်သွားပြီး ငွေလေးတွေ လည်း လက်ထဲမှာရှိတော့ ကျွန်တော်အရမ်းဝါသနာပါတဲ့ စိုက်ပျိုးရေး အလုပ်ကိုလုပ်ဖို့ မြန်မာပြည်ပြန်လာခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ မြန်မာပြည်မှာ ဟင်းသီးဟင်းရွက်တွေ စိုက်တဲ့ တောင်သူလယ်သမားတစ်ယောက် လုပ်ခဲ့တယ်။

မြန်မာပြည်ရောက်ချိန်မှာ ကျွန်တော်အသက် ၃၅ နှစ်လောက်ရှိပါပြီ။ မြန်မာပြည်မှာဆိုရင်တော့ ကျွန်တော်တို့ကုမ္ပဏီကစပြီး အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးကို စလုပ်ခဲ့တာပါ။ စစဦးချင်း ကျွန်တော်က ပုလဲမြို့သစ်မှာရှိတဲ့ ကျွန်တော့် စိုက်ခင်းတွေမှာ စတင်ပြီး စိုက်ပျိုးပါတယ်။ဘာတွေစိုက်လဲဆိုတော့ ဆလတ်ပေါင်းစုံ၊ ပင်စိမ်းမျိုးစုံ စိုက်တယ်။ အဲဒါကလည်း တော်တော်အောင်မြင်တယ်။ ပထမဆုံး ကျွန်တော့်မှာ ကိုယ်ပိုင်ဖွင့်ထားတဲ့ဆိုင်မရှိတော့ ဟိုတယ်တွေကို ပို့တယ်။

ဥပမာ – Strand တို့၊ အင်းလျားလိတ်ဟိုတယ်တို့၊ ဆီဒိုးနားကို ပို့တယ်။ ပြည်တွင်းမှာ ကျွန်တော် ဒီလိုအောင်မြင်ပြီးတဲ့ အခါမှာ ကျွန်တော် ဆွစ်ဇာလန်နိုင်ငံကို ခဏပြန်သွားပြီး ချိစ်လုပ်ငန်းကို သေချာပြန်သင်ယူတယ်။ အခုဆိုရင် မြန်မာ ပြည်မှာ ချိစ်အမျိုးပေါင်း (၁၈) မျိုးကို စတင်ထုတ်လာခဲ့တာ ၁၅ နှစ် ကျော်သွားပါပြီ။ ချိစ်လုပ်ငန်းကိုလုပ်ကိုင်နိုင်ပြီဆိုမှ ပေါင်မုန့်မျိုးစုံလုပ်နည်းလုပ်ငန်းကိုတတ်ကျွမ်းအောင် ထပ်ပြီးတော့လေ့လာပြီး ပေါင်မုန့် အမျိုးပေါင်း ၂၅မျိုးလောက် ထုတ်တယ်။ ပြီးမှ အသားကို စပြီးတော့ ကိုင်တယ်။ အသားဆိုတာ ဝက်ပေါင်ခြောက်တို့၊ ဝက်အူချောင်းတို့၊ ဝက်အူချောင်းအခြောက်တို့ကို ဥရောပစံချိန်မီအောင် လုပ်ပြီးတော့ ကျွန်တော် ရောင်းချတယ်။ အဲဒီလိုရောင်းချတဲ့အခါမှာ ဆိုင်တွေက တစ်ဆိုင်ကနေ ၂ ဆိုင်၊ ၂ ဆိုင်ကနေ ၃ ဆိုင်ဖြစ်လာ ခဲ့တယ်။

ပထမဆုံးဆိုင်လေးကတော့ ရွှေတောင်ကြားလမ်းမှာ ၁၀ နှစ်ကျော်ကြာအောင် ဖွင့်ဖြစ်ခဲ့တယ်။ အဲဒီဆိုင်က ၁၀ နှစ်လုံး ဖွင့်တဲ့အချိန်မှာ ဆိုင်းဘုတ်လည်းမရှိခဲ့ဘူး။ ဘာနာမည်မှလည်း မပေးခဲ့ဘူး။ ဒါပေမယ့် နောက်ဆုံးမှာ အဲဒီဆိုင်လေးက တစ်ဆင့်စကားနဲ့တင် နာမည်ကြီးလာတော့ မနိုင်တော့ဘူး။ ဒီတော့ အင်းလျားလမ်းမှာ Sharky’s 2 ဆိုပြီး ဆိုင်လေး တစ်ဆိုင်ထပ်ဖွင့်လိုက်တယ်။ အဲဒီဆိုင်လေး ကလည်း အရမ်းအောင်မြင်ခဲ့တယ်။ အဲဒီနောက် ၅ နှစ်လောက်ကြာတော့ ဒီ Sharky’s 3 ကို ထပ်ဖွင့်လိုက်တယ်။ အခုနောက်ဆုံးဆိုင်က တော့ ၄ နှစ်လောက်ရှိပါပြီ။

ကျွန်တော့်အကြောင်း အစကနေပြောရရင် ကျွန်တော့်အဖေက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သံမှူးကြီးတစ်ယောက်ပါ။ ကျွန်တော် ၂ နှစ်သားကနေ အသက် ၁၃ နှစ်သားအထိ ကျွန်တော့်အဖေ တာဝန်ထမ်းဆောင်ရတဲ့နိုင်ငံပေါင်းစုံကို လိုက် သွားခဲ့တယ်။ အဲဒီကနေပြီးတော့ ဆွစ်ဇာလန်ကို အဖေတာဝန်ထမ်းဆောင်တော့ လိုက်သွားတာ။ အဖေက ၃ နှစ် တာဝန် ပြီးတော့ ကျွန်တော်က ဆက်နေခဲ့တာ။

အဲဒီမှာ ကျွန်တော် သန့်ရှင်းရေးဝန်ထမ်းစလုပ်ဖြစ်ပုံက ဆွစ်ဇာလန်နိုင်ငံက ပြင်သစ်လိုပြောတဲ့ နိုင်ငံဆိုတော့ ကျွန်တော်က ပြင်သစ်လိုတစ်လုံးမှ မတတ်တော့ အလုပ်လိုက်ရှာတာ မလွယ်ဘူးဖြစ်နေတယ်။ ဒီတော့ ပြင်သစ်စာကျောင်းလည်း တက် ရင်း ရတဲ့အလုပ်ဝင်မိရာကနေ သန့်ရှင်းရေးဝင်လုပ်ဖြစ်သွားတာပါ။

အဓိကကတော့ သူများတိုင်းပြည်မှာ အလုပ်သွားလုပ်ရင် ဟိုအလုပ်ရွေး၊ ဒီအလုပ်ရွေးလို့ မရပါဘူး။ အောက်ခြေကလာ တဲ့လူ ဆိုရင် ပိုဆိုးတယ်။ အထူးသဖြင့် သူများတိုင်းပြည်မှာ သွားပြီးအလုပ်လုပ် ရင်တော့ ဘယ်တိုင်းပြည်သွားသွား၊ ဘယ်လောက်တော်နေပါစေ သူတို့လူမျိုးကို ဦးစားပေးမှာပေါ့။ ဒီတော့ သူများရဲ့ တိုင်းပြည်မှာလုပ်ပြီး ပိုအောင်မြင်ချင် ရင်တော့ သူများထက် ၂ ဆ၊ ၃ ဆ လောက် ပိုပြီးတော့ကြိုးစားရမယ်။ ဝီရိယလည်းရှိရမယ်။ ကံလည်းကံကောင်းရမယ်။ ဆရာကောင်းလည်းရမယ်ဆိုရင်တော့ အဆင်

ပြေနိုင်ပါတယ်။ ကျွန်တော်ကတော့ ကြိုးလည်းကြိုးစားတယ်။ ဆရာကောင်းလည်းရခဲ့တယ်။ သူတို့ကြောင့်လည်း ကျွန်တော် အခုဒီလိုအဆင့်လောက် ရောက်လာတာပါ။ ကျွန်တော့်အမြင်ကိုပြောရရင် အခုခေတ်က ဝီရိယရှိပြီး ကြိုးစား နေရုံနဲ့လည်းမရဘူး။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ တီထွင်ကြံဆမှုနဲ့ အမြဲတမ်းလုပ်နေရမယ့်ခေတ်ကြီးလို့ မြင်မိပါတယ်။

အစားအသောက်တွေဖန်တီးမှုနဲ့ ပက်သက်ပြီး ဦးရဲဝင်းထွဋ်ရဲ့ အမြင်ကတော့ ‘‘အစားအသောက်က ပီတိရှိရမယ်။ အာရုံရှိရ မယ်။ စိတ်ပါဝင်စားမှုရှိရမယ်။ တိကျမှုရှိရမယ်။ အဲဒါတွေ မရှိရင်တော့ အောင်မြင်နိုင်မှာမဟုတ်ဘူး’’ လို့ ယုံကြည်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

ဒါတွေကတော့ Master Chef Myanmar မှာ ထူးထူးခြားခြား စကတ်ကြီးတကားကားဝတ်ပြီး ပြိုင်ပွဲဝင်တွေကို မညှာမတာ ဝေဖန်ထောက်ပြတတ်တဲ့ ဦးရှာကီရဲ့ ကြိုးစားခဲ့ရတဲ့ ဘဝဖြတ်သန်းမှုတွေပဲဖြစ်ပါတယ်။ Master Chef Myanmar ပြိုင်ပွဲဝင်တွေအားလုံးကို မိသားစုအရင်းတွေလို တော်စေ ထက်မြက်စေချင်တဲ့ ဦးရဲဝင်းထွဋ်ရဲ့ စိတ်ခံစားမှုတွေကိုလည်း ပြိုင်ပွဲဝင်တစ်ဦး ထွက်ခွာသွားတိုင်း တွေ့မြင်ကြရပါတယ်။

မှတ်ချက်။ ။ Food Magazine Myanmar နဲ့ ဦးရဲဝင်းထွဋ် တို့ရဲ့ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလေးကို Master Chef Myanmar ပရိသတ်တွေ သိရှိအောင် ပြန်လည် ကောက်နှုတ်ဖော်ပြရခြင်းဖြစ်ပါတယ်။

Photo: Food Magazine Myanmar, Master Chef Myanmar