Sponsored

ထိုင်းနိုင်ငံရှိ စျေးဝယ်စင်တာတစ်ခုတွင် ထိုင်းစံတော်ချိန် ယနေ့(ဇန်နဝါရီ ၉) ည ၉ နာရီခန့်က သေနပ်ပစ်မှုတစ်ခုဖြစ်ပွားသဖြင့် အသက် ၂ နှစ်သမီးတစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦးသေဆုံးကာ လူအချို့ ဒဏ်ရာရရှိခဲ့သည်။

ဘန်ကောက်မြို့မှ မြောက်ဖက် မိုင် ၁၀၀ ခန့်ရှိ လော့ဘူရီ မြို့မှ ရော်ဘင်ဆန် စျေးဝယ်စင်တာတွင်းသို့ မျက်နှာဖုံးစွပ် သေနတ်သမားတစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

@ViralPress

သူသည် လုံခြုံရေးအမှုထမ်းတစ်ဦးကို သေနတ်ဖြင့်ပစ်ပြီးနောက် ရွှေဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်ကာ ထို့နောက် အသက် ၂ အရွယ် အမျိုးသမီးငယ်တစ်ဦးကိုပါ ဆက်လက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Sponsored

လုံခြုံရေးအမှုထမ်းနှင့် ရွှေဆိုင်ဝန်ထမ်းမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး အသက် ၂ နှစ်သမီးလေးမှာမူ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသား ခရီးသွားတစ်ဦးအပါအဝင် အခြားသူ ၅ ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့သဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသပေးထားသည်။

@ViralPress

CCTV မှတ်တမ်းအရမူ အခင်းဖြစ်နေရာသို့ရဲများရောက်ရှိလာသည်တွင် သေနတ်သမားသည် ဆိုင်ကယ်ဖြင့်ထွက်ပြေးသွားကြောင်းသိရသည်။

သူသည် ရွှေဆိုင်ကို လုယက်ရန် ကြံစည်ခြင်းဖြစ်သည်ဟု သက်ဆိုင်ရာက ယူဆသည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *