Sponsored

အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မှားယွင်းစွာသတင်းထုတ်ပြန်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံ ကန့်ကွက်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ကို ဇန်နဝါရီ ၂၈ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်ယူတွေ့ဆုံခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ၌ လူမျိုးပြုန်းတီးစေရန် ကျူးလွန်မှုများကို “ရပ်ဆိုင်းရန်” အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု မှားယွင်းစွာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

တွေ့ဆုံစဉ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ရဲ့ ခေါင်းစဉ်မှာ မြန်မာနိုင်ငံ၌ လူမျိုးပြုန်းတီးစေရန် ကျူးလွန်မှုများကို “ရပ်ဆိုင်းရန်” အပြည်ပြည်ဆိုင်ရာတရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟု မှားယွင်းစွာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

Sponsored

အိုင်စီဂျေတရားရုံးရဲ့ ဖော်ပြချက်မှာ “လူမျိုးပြုန်းတီးစေရန် ကျူးလွန်မှုဆိုင်ရာ ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံအဖြစ် လိုက်နာရမည့် တာဝန်များနှင့်အညီ လူမျိုးပြုန်းတီးစေရန် ကျူးလွန်မှုများ မဖြစ်ပေါ်စေရေး “တားဆီးပေးရန်” လိုအပ်သော အရေးယူဆောင်ရွက်မှု အားလုံးကို ဆောင်ရွက်ရန်” လို့သာပါရှိတယ်လို့ မြန်မာအမြဲတမ်းအတွင်းဝန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အိုင်စီဂျေတရားရုံး ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်ချက်ရှိရှိ လွဲမှားစွာရေးသား ထုတ်ပြန်ထားတာကို ကန့်ကွက်ခဲ့ပြီး လွဲမှားယွင်းစွာ ဖော်ပြတဲ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် နားလည်မှု လွဲမှားစေနိုင်သလိုနှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရေးအတွက် လည်းကောင်း၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်ဆောင်ရွက်ရေးအတွက်လည်းကောင်း အပြုသဘောဆောင်မှာ မဟုတ်ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကို မြန်မာဘက်က အသိပေးပြောကြားခဲ့ပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *