မႏၲေလး အိုးဘိုအက်ဥ္းေထာင္မွ ၄၃၇ ဦး လြတ္ၿငိမ္းျဖင့္ လႊတ္၊ မူးယစ္မႈမွ အမ်ားဆုံးပါဝင္

(ဓာတ္ပုံ၊ ေအာင္ခိုင္ၿမဲ၊မဇၩိမ)

မႏၲေလးဗဟို အက်ဥ္းေထာင္(မႏၲေလး)မွ အက်ဥ္းသား၊အက်ဥ္းသူ စုစုေပါင္း ၄၃၇ ဦး လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ေျမာက္ခဲ့ၿပီး ထက္ဝက္ခန႔္မွာ မူးယစ္မႈျဖင့္ က်ခံေနရသူမ်ား ျဖစ္သည္။

ဒီေန႔လြတ္တာကေတာ့ အသက္အ႐ြယ္ေပါင္းစုံပါတယ္ ။ ငယ္တဲ့သူေရာ အသက္အ႐ြယ္ႀကီးတဲ့သူေရာ ပါ ပါတယ္ ။ ငါးဆယ္ရာခိုင္ႏႈန္းကေတာ့ မူးယစ္မႈနဲ႔ က်ခဲ့တဲ့သူေတြ ပါတယ္။” ဟု ဗဟိုအက်ဥ္းေထာင္ (မႏၲေလး) ဒုတိယၫႊန္ၾကားေရးမႉး ဦးခ်ိဳဝင္းထြန္းက ေျပာသည္။

ႏိုင္ငံေတာ္သမၼတ အမိန႔္ျဖင့္ အက်ဥ္းေထာင္/ စခန္းအသီးသီးတြင္ အက်ဥ္းက်ခံေနၾကရေသာ ႏိုင္ငံသား အက်ဥ္းသား/သူ (၉၅၃၅) ဦးအား ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ (၁) အရ စည္းကမ္း သတ္မွတ္ ခ်က္ မထားဘဲ လြတ္ၿငိမ္းသက္သာခြင့္ ေပးလိုက္သည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံးမွ အမိန႔္အမွတ္၊ ၁၃ /၂၀၁၉ ျဖင့္ ဧၿပီလ ၁၇ ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့ျခင္း ျဖစ္သည္။

(ဓာတ္ပုံ၊ ေအာင္ခိုင္ၿမဲ၊မဇၩိမ)

ႏိုင္ငံေတာ္သမၼတအမိန႔္ျဖင့္ အိုးဘိုမွ လြတ္ေျမာက္သူမ်ားတြင္ အက်ဥ္းသား ၃၉၈ ဦး၊အက်ဥ္းသူ ၃၉ ဦး လြတ္ေျမာက္ၿပီး ၎တို႔ထဲတြင္ ႏိုင္ငံျခားသား ၃ ဦး ပါဝင္ေၾကာင္း သိရသည္။

ျမန္မာတစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္၊စခန္းအသီးသီးတြင္ အက်ဥ္းက်ခံေနၾကရသူ ၉၅၃၅ ဦး လႊတ္ေပးျခင္း ျဖစ္ၿပီး ႏိုင္ငံျခားသား ၁၆ ဦး ပါဝင္ေၾကာင္း သိရသည္။

က်န္ရွိေနသည့္ အက်ဥ္းသား၊အက်ဥ္းသူမ်ားလည္း စနစ္တက် စီစစ္ကာ လြတ္ၿငိမ္းသက္သာခြင့္အား ဆက္လက္ေပးအပ္သြားမည္ဟု သမၼတ၏ ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။

ယမန္ႏွစ္က တစ္ႏိုင္ငံလုံးမွ အက်ဥ္းသား ၈၄၉၀ ဦး လြတ္ၿငိမ္းျဖင့္ လႊတ္ေပးခဲ့ၿပီး မႏၲေလးဗဟိုအက်ဥ္းေထာင္မွ အမ်ိဳးသား အက်ဥ္းသား ၄၂၈ ဦး၊ အမ်ိဳးသမီးအက်ဥ္းသူ ၃၂ ဦး၊ ထုံးဘိုကုန္ထုတ္လုပ္ေရးစခန္းမွ ၈၁ ဦး စုစုေပါင္း ၅၄၁ ဦး လႊတ္ေပးခဲ့သည္။

Via: Mizzima


#Unicode Version

မန္တလေးဗဟို အကျဉ်းထောင်(မန္တလေး)မှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၄၃၇ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ပြီး ထက်ဝက်ခန့်မှာ မူးယစ်မှုဖြင့် ကျခံနေရသူများ ဖြစ်သည်။

ဒီနေ့လွတ်တာကတော့ အသက်အရွယ်ပေါင်းစုံပါတယ် ။ ငယ်တဲ့သူရော အသက်အရွယ်ကြီးတဲ့သူရော ပါ ပါတယ် ။ ငါးဆယ်ရာခိုင်နှုန်းကတော့ မူးယစ်မှုနဲ့ ကျခဲ့တဲ့သူတွေ ပါတယ်။” ဟု ဗဟိုအကျဉ်းထောင် (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ (၉၅၃၅) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ် ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်၊ ၁၃ /၂၀၁၉ ဖြင့် ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတအမိန့်ဖြင့် အိုးဘိုမှ လွတ်မြောက်သူများတွင် အကျဉ်းသား ၃၉၈ ဦး၊အကျဉ်းသူ ၃၉ ဦး လွတ်မြောက်ပြီး ၎င်းတို့ထဲတွင် နိုင်ငံခြားသား ၃ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသူ ၉၅၃၅ ဦး လွှတ်ပေးခြင်း ဖြစ်ပြီး နိုင်ငံခြားသား ၁၆ ဦး ပါဝင်ကြောင်း သိရသည်။

ကျန်ရှိနေသည့် အကျဉ်းသား၊အကျဉ်းသူများလည်း စနစ်တကျ စီစစ်ကာ လွတ်ငြိမ်းသက်သာခွင့်အား ဆက်လက်ပေးအပ်သွားမည်ဟု သမ္မတ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယမန်နှစ်က တစ်နိုင်ငံလုံးမှ အကျဉ်းသား ၈၄၉၀ ဦး လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့ပြီး မန္တလေးဗဟိုအကျဉ်းထောင်မှ အမျိုးသား အကျဉ်းသား ၄၂၈ ဦး၊ အမျိုးသမီးအကျဉ်းသူ ၃၂ ဦး၊ ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်းမှ ၈၁ ဦး စုစုပေါင်း ၅၄၁ ဦး လွှတ်ပေးခဲ့သည်။

Via: Mizzima