Sponsored

ရထားစီးခရီးသည်များ စိတ်ချမ်းမြေ့စွာစီးနင်းဖို့ အဲယားကွန်းပါလေအိတ်ရထားသစ်ပြေးဆွဲပေးတော့မည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပိုင်းအတွက် ကိုရီးယားနိုင်ငံထုတ် အဲယားကွန်းပါလေအိတ် ရထားသစ်ကြီးကို ၂၁.၃.၂၀၂၀ ရက်မှစ၍ ပြေးဆွဲ‌ပေးတော့မည်ဖြစ်‌ကြောင်း မြန်မာ့မီးရထားမှ အတည်ပြုပြောကြားပါသည်။

@Facebook

ထိုခရီးစဉ်အတွက် အထက်တန်း-၁တွဲ၊ စားသောက်တွဲ-၁တွဲ ၊ ရိုးရိုးတန်း(ဘရိတ်)-၁တွဲဖြင့် မန္တလေး မှ ရွှေဘိုဘူတာအထိ စမ်းသပ်ပြေးဆွဲခဲ့ခြင်းဖြစ်ပါသည်။ မီးရထားစတင်ပြေးဆွဲသည့် ဖွင့်ပွဲနေ့တွင် ရထား အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများပါဝင်‌သော ပန်းဖလက်များကို‌ ဝေငှ‌ပေးသွားမည် ဖြစ်‌ကြောင်း သိရသည်။

@Facebook

မီးရထားဖြင့် ခရီးသွားလာကြမည့် ခရီးသွားပြည်သူမိဘများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန် အတွက် ပြေးဆွဲပေး‌တော့မည်ဖြစ်ကြောင်း ၊ လက်မှတ်များကို ၃ ရက် ကြိုတင်၍ Bookingလုပ်ရမည်ဖြစ်ပြီး ခရီးသွားမည့်နေ့ နံနက်(၇)နာရီအချိန်၌ လက်မှတ်ရောင်းဌာနတွင် လာရောက်ဝယ်ယူရမည်ဖြစ်ကြောင်း တာဝန်ကျရုံပိုင်များထံမှသိရပါသည်။

Sponsored
@Facebook

ခရီးသည်များ ဘူတာစဉ် သိရှိစေရန် တစ်တွဲလျှင် LCD TV နှစ်လုံးမှ ဘူတာဝင်ခါနီးတိုင် ရောက်မည့်ဘူတာအား ကြိုတင်ကြေငြာပေးမှာဖြစ်ပြီးစာတန်းပါ ထိုးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Source: ယဉ်ယဉ်သိန်း(နဘား)

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *