Sponsored

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန် ဒက်စ်ကိုပေါင်၄၇သန်း ကနဦးပေးချေပြီး အပြီးသတ်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်၂၅နှစ်ရှိပေါ် တူဂီလက်ရွေးစင်ဟာ အခုနှစ်ဘောလုံးရာသီအတွင်းမှာစုစုပေါင်း၂၈ပွဲပါဝင်ကစားခဲ့ပြီး ၁၅ဂိုး သွင်း ၁၄ကြိမ် ဂိုးဖန်တီးမူပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ကိုခေါ်ယူခဲ့ပေမယ့်လည်း ယူနိုက်တက် အသင်းနောက်ခံလူ ဟောင်း ဂယ်ရီနဗီးလ်ကတော့ ကျေနပ်မူမရှိသေးဘဲ နောက်ထပ် ကစားသမား သစ် ၂ဦးလောက်ခေါ်ယူသွားဖို့ လိုအပ်ကြောင်းထုတ်ဖော်ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Getty Images

ဂယ်ရီနဗီးလ်ကပြောကြားရာမှာတော့ “ မန်ယူနိုက်တက် ကွင်းလယ်မှာ အင်အားဖြည့်တင်းမူတွေ လုပ် ဖို့ လိုအပ်နေတာကကြာမြင့်ခဲ့ပါပြီ။ကစားသမားတွေပြုပြင်ပြောင်းလဲတာထက်ပိုပြီးတော့ ကြီးမားတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ပေါ့ဘာနဲ့တွန်မီနေးတို့ ဒဏ်ရာရရှိနေချိန်မှာ တော့ အဲဒီနေရာမှာ ကစားသမားတွေလိုအပ်ခဲ့တယ်ဆိုတာသိသာထင်ရှားခဲ့ပါတယ်။အခုအပြောင်း အရွှေ့မှာ အနည်းဆုံး ၂ယောက်လောက်တော့ခေါ်ယူဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။နောက် ထပ် ၄၈နာရီအတွင်းမှာ ဘာတွေဖြစ်လာမလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရပါမယ်။မားကပ်ရှ်ရက်ရှ် ဖို့ဒ်ဒဏ်ရာရသွားတဲ့အတွက် တိုက်စစ်မှူးတစ်ဦးကတော့ လိုအပ်တယ်ထင်ပါတယ်” လို့ ဂယ်ရီနဗီးလ် ကပြောပြသွားခဲ့တာဖြစ်ပါတယ်။

Sponsored

ဆက်လက်ပြီးဘရူနိုဖာနန်ဒက်စ်ရောက်ရှိလာတဲ့အပေါ်မှာ အများကြီးဖိအားပေးမူတွေမရှိသင့်ကြောင်း လည်းနဗီးလ်ကဆက်လက်သုံးသပ်ခဲ့ပါတယ်။”သူ့ကို ခေါ်ယူလိုက်တာက အပေါင်းလက္ခာဆောင် ပါတယ်။ ဒါပေမယ့် လာမယ့်လပိုင်းအတွင်းမှာပဲ ကြီးမားတဲ့မျှော်လင့်ချက်တွေ တွေ ထားရှိလို့ မရနိုင်ပါဘူး။

Getty Images

သူက အင်္ဂလန်ကို ရောက်လာပြီး အခြေကျဖို့ အတွက် အချိန်လိုဦးမှာပါ။ဒါပေမယ့် အသင်းအတွက်တော့ ကစားကွက်ပုံဖော်ရည်မှာ အရည်အသွေးမြင့်ကစားသမားတစ်ဦးရရှိလိုက်တာ ဖြစ်ပါတယ်” လို့နဗီးလ်ကဆက်လက်သုံးသပ်ခဲ့ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *