Sponsored

တရုတ် မှာ Hantavirus Outbreak ထပ်ဖြစ်တယ်ဆိုပြီး လူတွေအရမ်းစိုးရိမ်နေကြပါတယ်… ။  ဟန်တာဗိုင်းရပ်စ် ကြောင့် ဘတ်စ်ကားပေါ်မှာ လူတဦးအသက်ဆုံးရှုံးသွားကြောင်း Global times သတင်းက ဖော်ပြထားပါတယ်။။ ယူနန်ကတော့ မြန်မာပြည်ကပ်လျက်ပြည်နယ်ဆိုတော့ ဆက်လေ့လာစောင့်ကြည့်သင့်ပါတယ်။

Getty Images

Hantavirus ဟာ ခုမှပေါ်တဲ့ virus မဟုတ်ပါဘူး.. 1950 ဝန်းကျင်က american-korean war စစ်ဖြစ်စဉ် ကိုရီးယားရဲ့ Hantan River နားမှာ စဖြစ်ရင်း နာမည်ရခဲ့တာပါ။

ဘယ်လိုကူးလဲ?

Sponsored

လူ အချင်းချင်း ကူးစက်မှု လွန်စွာရှားပါတယ်…။ ဒါ့ကြောင့်ကြောက်စရာမလိုပါဘူး ။ ကြွက်တွေရဲ့ ခန္ဓာကိုယ်ကအရည် eg: ကြွက်သေး တွေကနေပဲကူးတာပါ။

ကူးစက်ရင် သေနှုန်းကတော့ မြင့်တယ် – 38% ပါ။ ဒီ Hantavirus ဟာ ကြွက်တွေထဲမှာရှိနိုင်ပေမယ့် ကြွက်တွေကို ဒုက္ခမပေးပါဘူး… လူတွေစီ ကူးမှ ဒုက္ခပေးတာ။

Getty Images

ရောဂါလက္ခဏာတွေကတော့

➡️ဖျားမယ်
➡️ခေါင်းကိုက်မယ်
➡️ကြွက်သားတွေနာမယ်
➡️ဗိုက် အရမ်းနာမယ်
➡️ အဆစ်အမြစ်တွေ , ခါးအောက်ပိုင်းနောက်ကျောဘက်တွေနာမယ်
➡️ ပျို့ အန်မယ်

အဆင့်မြင့်လာရင် ( Later Symptoms)

👉Haemorrhavic Fever with Renal Syndrome
➡️ကျောက်ကပ်ပျက်မယ်
👉Hantavirus Pulmonary Syndrome
➡️ချောင်းဆိုးမယ် , မောမယ်
➡️ အဆုပ်မှာရေပြည့်လာပြီး အသက်ရှူ ရပ် တာ တွေဖြစ်နိုင်ပါတယ်

ထက်အိ အဓိက ပြောချင်တာက Panic မဖြစ်ဖို့ပါ…။

ယခု တစ်ကမ္ဘာလုံး မှာ ဒီသတင်းပျံ့ပြီး Panic ဖြစ်နေတာမို့ Panic မဖြစ်ကြပါနဲ့လို့… ကိုယ့်ရှေ့ရောက်နေတဲ့ အဓိက ရန်သူ Covid 19 ကိုသာ အာရုံစိုက်ကြပါလို့ ပြောချင်ပါတယ်။

ဒီ ဗဟုသုတလေးကိုလည်း Share ပြီး ဖြန့်ဝေလိုက်ကြရအောင်။

Fighting… & Stay At Home

Dr. Htet Ei Ei Win
Source: Daily Mail

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *