Sponsored

ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို တားဆီးမယ့် အစီအမံ တစ်ရပ်အဖြစ် မလေးရှား နိုင်ငံမှာ ပြည်ဝင်ပြည်ထွက် ခရီးစဉ်တွေ အားလုံးကို နှစ်ပတ်ကြာ ပိတ်ပင်မယ့် အမိန့် ထုတ်ပြန်လိုက်ပါတယ်။

မလေးရှား ဝန်ကြီးချုပ်သစ် မူဟ်ယစ်ဒင် ယာဆင်က မတ်လ ၁၆ ရက်မှာ တစ်နိုင်ငံလုံးကို ရုပ်မြင်သံကြားကနေတဆင့် မိန့်ခွန်း ပြောခဲ့ရာမှာ ဒီအထူးအမိန့်ကို ထည့်သွင်း အတည်ပြုသွားခဲ့ပါတယ်။ အဲဒီ ပိတ်ပင်မှုဟာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို တားဆီးဖို့ နိုင်ငံသားတွေရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်တဲ့ အစီအမံရဲ့ အစိတ်အပိုင်း တစ်ရပ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

@CNA

မလေးရှား အစိုးရရဲ့ အမိန့်အရ မတ်လ ၁၈ ရက်နေ ၃၁ ရက်နေ့ထိ နိုင်ငံသားတွေအားလုံး ပြည်တွင်းကနေ ထွက်ခွာခွင့် တားမြစ်ပြီး နိုင်ငံခြားသားတွေကိုလည်း ဝင်ရောက်ခွင့် မပြုတော့ပါဘူး။ နိုင်ငံရပ်ခြားကနေ ပြန်လာတဲ့ မလေးရှား နိုင်ငံသားတွေဟာ ရောဂါခြေချုပ် သတ်မှတ်ချက် ၁၄ ရက်တာ စောင့်ကြည့်မှုကို ခံရမယ်လို့ ဆိုပါတယ်။

Sponsored

တစ်နိုင်ငံလုံးမှာလည်း လူစုလူဝေး ပြုလုပ်တဲ့ ကိစ္စတိုင်းကို ပိတ်ပင်လိုက်ပါတယ်။ လူတွေ အများအပြား စုပြုံနေမယ့် ဘာသာရေး ပွဲတော်တွေ၊ အားကစားပွဲတွေ၊ တခြားလူမှုရေးနဲ့ ယဉ်ကျေးမှု အစီအစဉ်တွေ အားလုံးကို တားမြစ်လိုက်ပါတယ်။ ဒီသတ်မှတ်ချက်တွေကို ဥပဒေ တစ်ရပ်အနေနဲ့ ကြပ်မတ် လိုက်နာရမှာဖြစ်ပြီး ဝတ်ပြုတဲ့ နေရာတွေ၊ လူထူတဲ့ ရုံးလုပ်ငန်း နေရာတွေကို ပိတ်ထားစေမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

စူပါမားကက်တွေက အစားအသောက်နဲ့ ဆေးဝါး စျေးတန်းတွေ၊ စားသောက်ကုန် ရောင်းချတဲ့ ကုန်စုံဆိုင်တွေကိုတော့ နေ့စဉ် လိုအပ်ချက်အရ ဖွင့်လှစ်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ကျောင်းတွေနဲ့ တက္ကသိုလ်တွေ အားလုံးကိုလည်း ပိတ်ထားရမယ်လို့ ဝန်ကြီးချုပ်က ညွှန်ကြားသွားပါတယ်။

@CNA

မတ်လ ၁၆ ရက်ထိ စာရင်းတွေအရ မလေးရှားမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၅၃ ဦးထိ အတည်ပြု တွေ့ရှိပြီး အသေအပျောက်တော့ မရှိသေးပါဘူး။ အခုဆိုရင် မလေးရှားဟာ အရှေ့တောင်အာရှ ဒေသတွင်းမှာ ကူးစက်နှုန်း အမြင့်ဆုံး နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။

မလေးရှားမှာ တွေ့ရှိတဲ့ ကူးစက်လူနာ အားလုံးထဲက ၃၀၀ ကျော်ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းက ကွာလာလမ်ပူမှာရှိတဲ့ ဗလီတစ်ခုမှာ ပြုလုပ်တဲ့ ဘာသာရေး ပွဲတော်တစ်ခုနဲ့ တိုက်ရိုက် ဆက်စပ်နေကြောင်းလည်း သိရပါတယ်။ အဲဒီ ပွဲတော်ကို နိုင်ငံပေါင်းစုံက လူပေါင်း ၁၆၀၀၀ လောက် တက်ရောက်ခဲ့ပြီး ပွဲတော်ကို ရောက်ရှိခဲ့တဲ့ ဘရူနိုင်းနဲ့ စင်ကာပူ နိုင်ငံသား တချို့ပါ ကူးစက်ခံရကြောင်း ဖော်ထုတ် တွေ့ရှိထားပါတယ်။

Source: CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *