မြန်မာနဲ့ မလေးရှားတို့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျ
Photo: MFF
မလေးရှား ၁-၁ မြန်မာ
ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲမှာ မြန်မာယူ -၂၂အသင်းနဲ့မလေးရှား ယူ-၂၂ အသင်းတို့ တစ်ဖက် ၁ဂိုးစီနဲ့ သရေဖြစ်ခဲ့ပါတယ်။ မြန်အသင်းရဲ့ ကစားပုံ မဆိုးခဲ့သလို အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့တာ။ ၁၃မိနစ်မှာ စိုးမိုးကျော်က ဦးဆောင်ဂိုးသွင်းပြီး မြန်မာ အဖွင့်ဂိုး ရခဲ့ပါတယ်။
Photo: MFF
၁ဂိုးအသာရနေတဲ့ မြန်မာဟာ နောက်ထပ်လည်း အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ဘဲ ဖြစ်ခဲ့ပြီး ဂိုးထပ်မရခဲ့တာပါ။ ၂၄မိနစ်မှာ မြန်မာ ဂိုးသမားနဲ့ နောက်ခံလူတွေရဲ့ အမှားကနေ မလေးရှားက နံပါတ် ၉ က ချေပဂိုး ပြန်သွင်းလို့ ၁ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ အဲ့ဒီ သွင်းဂိုးတွေနဲ့ပဲ ဒုတိယပိုင်းပြီးတဲ့အထိ သရေဖြစ်ခဲ့လို့ တစ်မှတ်စီနဲ့ ကျေနပ်ခဲ့ကြပါတယ်။
#Zawgyi