Sponsored

ယနေ့ မတ်လ ၂၃ ရက်နေ့ သတင်းတွေအရ မလေးရှားနိုင်ငံမှာ ထပ်တိုးကူးစက်ခံရသူ ၂၁၂ ဦးအထိရှိလာကာ နိုင်ငံအတွင်း စုစုပေါင်းကူးစက်ခံရသူမှာ ၁၅၁၈ဦးအထိရှိလာခဲ့ပါပြီ။

သေဆုံးသူကတော့ ယခုအချိန်အထိ ၁၄ ဦးပါ။ ယခုကူးစက်မှုတွေထဲက ၁၂၃ဦးဟာ မြို့တော်ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲနဲ့ ဆက်နွယ်နေတယ်လို့ လည်း ထုတ်ပြန်ပါတယ်။ ထို့ကြောင့် ၎င်းဘာသာရေးပွဲမှ တဆင့်ကူးစက်ခံရသူဟာ နိုင်ငံတဝှမ်း ၉၇၀ ဦးအထိရှိလာပြီဖြစ်ပါတယ်။ နောက်ဆုံးသေဆုံးခဲ့တဲ့ ၎င်းဘာသာရေးပွဲတက်ရောက်ခဲ့သူကတော့ အသက် ၇၀ နှစ်အရွယ် မလေးရှားနိုင်ငံသားပဲဖြစ်ပါတယ်။

@CNA

၁၃ဦးမြောက်သေဆုံးသူ အသက် ၄၉နှစ်အရွယ် အမျိုးသားကတော့ ဘာသာရေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိပေမယ့် တစ်ဆင့်ပြန်လည်ကူးစက်ခံရပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၁၄ဦးမြောက်သေဆုံးသူ အသက် ၅၁ နှစ်အရွယ် မလေးရှားအမျိုးသမီးကြီးကလည်း တဆင့်ပြန်လည်ကူးစက်ခံရပြီး အသက်ဆုံး ရှုံးခဲ့တာပါ။

Sponsored

မလေးရှားနိုင်ငံရဲ့ အရေးပေါ်စောင့်ကြည့်လူနာဟာ ၅၇ ဦးအထိရှိပြီး ထိုအထဲက ၂၇ ရောက်ဟာ အသက်ရှူဖေးကူး ကိရိယာမရှိရင် အသက်ဆက်ဖို့မလွယ်တဲ့သူတွေဖြစ်ပါတယ်။ ယခုအချိန်အထိတော့ သေဆုံးသူတွေဟာ အရင်က ရောဂါအခံရှိသူတွေများတာ ကို တွေ့ရပါတယ်။

@CNA

ဒါ့အပြင် ၁၁ ယောက်မြောက်သေဆုံးသူ အသက် ၇၀နှစ်အရွယ် အမျိုးသားကတော့ အင်ဒိုနီးရှားနိုင်ငံကိုသွားရောက်ခဲ့ဖူးပြီး သူဟာ ရောဂါအခြေအနေပြပြီး တစ်ပတ်အကြာ မတ်လ ၁၈ ရက်နေ့မှာမှ ဆေးရုံကိုရောက်ရှိလာတာဖြစ်ပါတယ်။ ထို့ကြောင့် ဆေးရုံမရောက်မှီအတောအတွင်း သူနဲ့ အနီးကပ်နေထိုင်ခဲ့သူ တွေကိုပါ အနီးကပ်စောင့်ကြည့်ဖို့လိုအပ်နေပါတယ်။

ယခုလို အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းတွေကို လေ့လာခြင်းဖြင့် ရောဂါကူးစက်နိုင်မှုအခြေအနေတွေကို လေ့လာနိုင်ရုံသာမက ရောဂါကူးစက်ခြင်းမှ မိမိကိုယ်မိမိ တက်နိုင်သမျှကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံသာ လျှင် ကူးစက်မှုကို မခံရတော့တာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေ ကျန်းမာရေးအသိဖြင့် မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို ကာကွယ်နိုင်ကြပါစေ။

Writer- ZWP ( The Lifestyle Myanmar )
Source – CNA

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *