Sponsored

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်မှာ မတ်လ ၅ ရက်က တရားမဝင် ရေနံချက်ဖို ၅ လုံးကို တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Photo: DVB

မကွေးတိုင်းဒေသကြီး သယံဇာတ၊သဘာဝပတ်ဝန်ကျင် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က “တရားမဝင်တာကို တားဆီးရမှာက အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး ဌာန အားလုံးမှာ တာဝန်ရှိလို့ ဆောင်ရွက်ခဲ့တာပါ။ တရားမဝင်ရေ နံချက်ဖို ၅ လုံး ဖမ်းဆီးရမိခဲ့တာပါ။ ပခုက္ကူဘက်မှာလည်း အသေးစား ရေနံချက်စက်ရုံတွေ တည်ဆောက်နေတာ တော်တော်ခရီးရောက် နေပြီလို့”ပြောပါတယ်။

ရေနံမနယ်မြေ စခန်းမှူး ရဲအုပ်အောင်မင်းဦးက “မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်ကျင်၊ လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က တရားမဝင်ရေနံ ချက်ဖို ၅ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာပါ။ ရေနံချက်ဖိုပိုင်ရှင်တွေ စုံစမ်းဖော်ထုတ်သွားမှာပါ လို့”ပြောပါတယ်။

Sponsored
Photo: DVB

အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ရေနံမနယ်မြေရဲစခန်းမှာ ရေနံနဲ့ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-မင်းထီး

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *