မေကြး၌ ဆူပူရမ္းကားမႈကို သြားတားေသာ ရဲတပ္ဖြဲ႕၀င္မ်ား ထိုးႀကိတ္ခံရ

မေကြး၌ ဆူပူရမ္းကားမႈကို သြားတားေသာ ရဲတပ္ဖြဲ႕၀င္မ်ား ထိုးႀကိတ္ခံရ

မေကြးၿမိဳ႕ရိွ စားေသာက္ဆိုင္ တစ္ဆိုင္ေရွ႕တြင္ ဆူပူရမ္းကားေနေၾကာင္း ဖုန္းဆက္သျဖင့္ သြားေရာက္ခဲ့ေသာ ရဲတပ္ဖြဲ႔ဝင္မ်ားကိုလူငယ္ ၅ ဦးက ဝိုင္းဝန္း႐ုိက္ႏွက္မႈျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ယမန္ေန႔ ၾသဂုတ္လ ၁၆ ရက္၊ ည ၉ နာရီ ၂ဝ မိနစ္ခန္႔တြင္ မေကြးၿမိဳ႕၊ သိဂၤါရပ္ကြက္၊ ၿမိဳ႕ေရွာင္လမ္း ေဘးရွိ MT စားေသာက္ဆိုင္မွ ဆိုင္မန္ေနဂ်ာက လူငယ္ ၅ ဦး မူးယစ္ဆူပူေသာင္းက်န္းေနေၾကာင္း ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေက်ာ္မင္းထြဋ္ အပါအ၀င္ ရဲတပ္ဖြဲ႕၀င္ ၅ ဦး တို႔က စားေသာက္ဆိုင္သို႔ သြားေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ဆိုင္သို႔ ေရာက္ရွိခ်ိန္တြင္ ဆူပူေသာင္းက်န္းမႈမျပဳရန္ တားျမစ္ခဲ့ရာ လူငယ္တစ္ဦးက ရဲတပ္သား ေက်ာ္သူၿငိမ္း ကို လက္သီးျဖင့္ စတင္ထုိးခဲ့ၿပီး ရဲအုပ္ေက်ာ္မင္းထြဋ္၊ ရဲတပ္သား ေအာင္မ်ိဳးသန္႔တို႔က ထပ္မံတားျမစ္ရာ လူငယ္ ၅ ဦးက ရဲတပ္ဖြဲ႔၀င္မ်ားကို ဝိုင္းဝန္းထိုးႀကိတ္ခဲ့ၾကသည္။

ျဖစ္စဥ္ကမွန္တယ္။ အ႐ုိက္ခံရတာေပါ့ဗ်။ လက္သီးနဲ႔အထိုးရတယ္။ ၅ ေယာက္ေျပာတယ္။ ၅ ေယာက္ကို ၃ ေယာက ္ဖမ္းထားတယ္။ ၂ ေယာက္က်န္ေသးတယ္။ သံုးေယာက္မိထားၿပီ။ မေကြးက ေကာင္ေတြပဲ။ မေကြး အမွတ္ ၁ အပိုင္မွာ”ဟု မေကြးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုး ဒုရဲမွဴးမ်ဳိးတင့္က အတည္ျပဳေျပာသည္။

ဝိုင္းဝန္းထုိးႀကိတ္ခံခဲ့ရသျဖင့္ နယ္ထိန္း ရဲအုပ္ေက်ာ္မင္းထြဋ္မွာ ဝဲမ်က္ခံုး၊ ဝဲနဖူးေပါက္ၿပဲ၊ ဝဲပါး/နားထင္၊ ေမးေစးပြန္းပဲ့၊ ေအာက္အံ့သြားနဲ႔ ဒဏ္ရာရရွိခဲ့ၿပီး ရဲတပ္သား ေအာင္မ်ိဳးသန္႔မွာ ႏွာေခါင္းနာက်င္ဒဏ္ရာ၊ ရဲတပ္သား ေက်ာ္ သူၿငိမ္းမွာ ေအာက္ႏႈတ္ခမ္းေပါက္ၿပဲ၊ ယာလက္ေခ်ာင္းပြန္းပဲ့ဒဏ္ရာတို႔ရရွိခဲ့သည္။

ရဲမ်ားအား ႐ုိက္ႏွက္ခဲ့သူ ၅ ဦးအနက္ အသက္ ၂၇ ႏွစ္အရြယ္ ႏိုင္လင္းထြန္း၊ ေဇာ္မ်ိဳးဦး(ခ)ဂဏန္း၊ အျခား တစ္ဦးတို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း၊ လက္ရွိတြင္ ၂ ဦးလြတ္ေျမာက္ေနေၾကာင္း ဒုရဲမွဴးမ်ဳိးတင့္က မဇၥ်ိမသို႔ အတည္ျပဳေျပာသည္။

လက္ရွိတြင္ ႐ိုက္ႏွက္ခဲ့သူ ၅ ဦးအား မေကြးၿမိဳ႕မရဲစခန္းတြင္ (ပ) ၉၁၂/၂ဝ၁၈၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃၃၃ ျဖင့္ အမႈဖြင့္ထားေၾကာင္းသိရသည္။

Via: Mizzima


#Unicode Version

မကွေးမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်ရှေ့တွင် ဆူပူရမ်းကားနေကြောင်း ဖုန်းဆက်သဖြင့် သွားရောက်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကိုလူငယ် ၅ ဦးက ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ သြဂုတ်လ ၁၆ ရက်၊ ည ၉ နာရီ ၂ဝ မိနစ်ခန့်တွင် မကွေးမြို့၊ သိင်္ဂါရပ်ကွက်၊ မြို့ရှောင်လမ်း ဘေးရှိ MT စားသောက်ဆိုင်မှ ဆိုင်မန်နေဂျာက လူငယ် ၅ ဦး မူးယစ်ဆူပူသောင်းကျန်းနေကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်မင်းထွဋ် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး တို့က စားသောက်ဆိုင်သို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

ဆိုင်သို့ ရောက်ရှိချိန်တွင် ဆူပူသောင်းကျန်းမှုမပြုရန် တားမြစ်ခဲ့ရာ လူငယ်တစ်ဦးက ရဲတပ်သား ကျော်သူငြိမ်း ကို လက်သီးဖြင့် စတင်ထိုးခဲ့ပြီး ရဲအုပ်ကျော်မင်းထွဋ်၊ ရဲတပ်သား အောင်မျိုးသန့်တို့က ထပ်မံတားမြစ်ရာ လူငယ် ၅ ဦးက ရဲတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။

ဖြစ်စဉ်ကမှန်တယ်။ အရိုက်ခံရတာပေါ့ဗျ။ လက်သီးနဲ့အထိုးရတယ်။ ၅ ယောက်ပြောတယ်။ ၅ ယောက်ကို ၃ ယောက ်ဖမ်းထားတယ်။ ၂ ယောက်ကျန်သေးတယ်။ သုံးယောက်မိထားပြီ။ မကွေးက ကောင်တွေပဲ။ မကွေး အမှတ် ၁ အပိုင်မှာ”ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးမျိုးတင့်က အတည်ပြုပြောသည်။

ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရသဖြင့် နယ်ထိန်း ရဲအုပ်ကျော်မင်းထွဋ်မှာ ဝဲမျက်ခုံး၊ ဝဲနဖူးပေါက်ပြဲ၊ ဝဲပါး/နားထင်၊ မေးစေးပွန်းပဲ့၊ အောက်အံ့သွားနဲ့ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်သား အောင်မျိုးသန့်မှာ နှာခေါင်းနာကျင်ဒဏ်ရာ၊ ရဲတပ်သား ကျော် သူငြိမ်းမှာ အောက်နှုတ်ခမ်းပေါက်ပြဲ၊ ယာလက်ချောင်းပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့သည်။

ရဲများအား ရိုက်နှက်ခဲ့သူ ၅ ဦးအနက် အသက် ၂၇ နှစ်အရွယ် နိုင်လင်းထွန်း၊ ဇော်မျိုးဦး(ခ)ဂဏန်း၊ အခြား တစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် ၂ ဦးလွတ်မြောက်နေကြောင်း ဒုရဲမှူးမျိုးတင့်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

လက်ရှိတွင် ရိုက်နှက်ခဲ့သူ ၅ ဦးအား မကွေးမြို့မရဲစခန်းတွင် (ပ) ၉၁၂/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၃၃ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Via: Mizzima