ျမန္မာအလွမယ္ မဝိုင္းအံုခ်စ္​မိုး Miss Asia Pacific 2019 သရဖူဆုရရွိ

ဓာတ္ပံု - ခြန္​ရာဇာ

စင္ကာပူႏိုင္​ငံမွာ က်င္းပခဲ့တဲ့ Miss Asia Pacific 2019 အလွမယ္ၿပဳိင္ပြဲမွာ ျမန္​မာႏိုင္​ငံ ကိုယ္​စားျပဳ သြား​ေရာက္​ယွဥ္​ၿပိဳင္​ခဲ့တဲ့ အသက္ ၁၄ ႏွစ္အရြယ္ ျမန္မာအလွမယ္ မဝိုင္​းအံုခ်စ္​မိုးက Winner သ႐ဖူဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္​။

ဒီၿပဳိင္ပြဲကို ဇြန္​လ ၂၅ ရက္​ကစတင္ၿပီး စင္ကာပူႏိုင္​ငံမွာ က်င္​းပခဲ့တာျဖစ္​ၿပီး ဇြန္​ ၃၀ ရက္​က ေနာက္ဆံုးဖိုင္နယ္မွာ ျမန္မာအလွမယ္ ဝိုင္​းအံုခ်စ္​မိုးက Winner ဆုကို ရရွိခဲ့တာ ျဖစ္​ပါတယ္​။

ဓာတ္ပံု – ခြန္​ရာဇာ

အလွမယ္ ဝိုင္​းအံုခ်စ္​မိုးဟာ အသက္​ ၁၄ ႏွစ္​အရြယ္​သာရွိ​ေသးၿပီး အႏုပညာကို ငယ္​ငယ္​ကတည္​းက ဝါသနာပါသူ ျဖစ္​ပါတယ္​။

မိဘက ပညာ​ေရးထိခိုက္​မွာစိုးလို႔ အႏုပညာကို အားမ​ေပးခဲ့​ေပမယ့္ အတိုက္​အခံလုပ္​ၿပီး မယ္ၿပိဳင္​ပြဲကို ဝင္​​ေရာက္​ယွဥ္​ၿပိဳင္​ခဲ့သူလည္​းျဖစ္​ပါတယ္​။

Miss Asia Pacific 2019 winner ဆုရခဲ့​ေပမယ့္ ပညာ​ေရးကို ႀကိဳးစားၿပီးမွ အႏုပညာအလုပ္ေတြကို ဆက္​လက္​လုပ္​​ေဆာင္​သြားမယ္​လို႔ မဝိုင္​းအံုခ်စ္​မိုးက ေျပာပါတယ္​။

ဓာတ္ပံု – ခြန္​ရာဇာ

ေဒသတြင္း အလွမယ္ဆုရရွိခဲ့တဲ့ ဝိုင္​းအံုခ်စ္​မိုးဟာ ဇူလိုင္ ၆ ရက္​​က သူ႔ရဲ႕​ေနရပ္ ​ေအာင္​ပန္​းၿမိဳ႕ကို ျပန္ေရာက္လာရာမွာ ေက်ာင္​း​ေနဘက္​ အတန္း​​ေဖာ္​သူငယ္​ခ်င္​းေတြနဲ႔ ျမျမင္​့မိုရ္​ ကိုယ္​ပိုင္​အထက္​တန္​း​ေက်ာင္​းက ​ေက်ာင္​းသူ​ေတြက ႀကိဳဆိုခဲ့ၾကပါတယ္​။

သတင္း- ခြန္​ရာဇာ

ယခုသတင္းအား DVB Multimedia Group မွဝယ္ယူျပီး တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္။


#Unicode Version

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Asia Pacific 2019 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် မြန်မာအလှမယ် မဝိုင်းအုံချစ်မိုးက Winner သရဖူဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ဇွန်လ ၂၅ ရက်ကစတင်ပြီး စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ဇွန် ၃၀ ရက်က နောက်ဆုံးဖိုင်နယ်မှာ မြန်မာအလှမယ် ဝိုင်းအုံချစ်မိုးက Winner ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

အလှမယ် ဝိုင်းအုံချစ်မိုးဟာ အသက် ၁၄ နှစ်အရွယ်သာရှိသေးပြီး အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါသူ ဖြစ်ပါတယ်။

မိဘက ပညာရေးထိခိုက်မှာစိုးလို့ အနုပညာကို အားမပေးခဲ့ပေမယ့် အတိုက်အခံလုပ်ပြီး မယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Miss Asia Pacific 2019 winner ဆုရခဲ့ပေမယ့် ပညာရေးကို ကြိုးစားပြီးမှ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မဝိုင်းအုံချစ်မိုးက ပြောပါတယ်။

ဒေသတွင်း အလှမယ်ဆုရရှိခဲ့တဲ့ ဝိုင်းအုံချစ်မိုးဟာ ဇူလိုင် ၆ ရက်က သူ့ရဲ့နေရပ် အောင်ပန်းမြို့ကို ပြန်ရောက်လာရာမှာ ကျောင်းနေဘက် အတန်းဖော်သူငယ်ချင်းတွေနဲ့ မြမြင့်မိုရ် ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူတွေက ကြိုဆိုခဲ့ကြပါတယ်။

သတင်း- ခွန်ရာဇာ

ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။