Facebook
Facebook
Facebook
Facebook
Facebook
Facebook
Facebook
Source: Phone Toe Kyaw
#Unicode Version
အစ်မ မစိမ့်ထက်နဲ့ပတ်သက်ပြီး မိသားစုအနေနဲ့ တရားစွဲဖို့အစီအစဉ်ရှိတယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တယ်။ ကျွန်တော်ကတော့တရားရေးရာတွေတော့သိပ်မသိဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး media အချို့ကလည်း online မှာတင်တယ်။ အဲ့အောက်မှာလူတချို့ကလည်းအဖေကိုပဲအပြစ်ပြောတာတွေ့ရတယ်။ သူတို့က မိသားစုစိတ်ကို misunderstanding(အထင်အမြင်လွဲခြင်း) ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။
ခင်ဗျားတို့တစ်ချက်လောက်စဉ်းစားကြည့်ပေးကြပါ
1. ဖန်ဂရမ်ရာဇီတောင်ကိုတက်တဲ့သူပေါင်းအယောက် ၂၀ မှာမစိမ့်ထက်တစ်ယောက်တည်းဘာလို့ဖြစ်တာလဲ?
– အဖွဲ့ခေါင်းဆောင်.ကိုဇော်ခိုင်(Zaw Khine) ကချေချော်ကျတယ်ပြောတယ်။ အဖြေကရှင်းပါတယ် Safety အပိုင်းကညံ့ဖျင်းလို့ပါ။ အဖွဲ့ခေါင်းဆောင်ကိုမေးလိုက်ရင်.ခါကာဘိုရာဇီ၊ ဂန်လန်ရာဇီ.မတ်စောက်တဲ့တောင်လောက်ပဲကြိုးသုံးတယ်၊ ပြောလိုက်ရင်သူများအဖွဲ့တွေတောင်မှသူတို့လောက်မပြည့်စုံဘူးပြောတယ်။ ကလေးတွေလောက်ပဲဖန်ဂရမ်တက်ရင်.ကြိုးသုံးကောင်းသုံးလိမ့်မယ်လို့ပြောသွားပါတယ်။သူဆိုလိုတာက.ဖန်ဂရမ်သည်.အန္တာယ်သိပ်မရှိတဲ့ရေခဲတောင်။ အောက်ကပုံကိုကြည့်ကြည့်ကြပေးပါ။ NGO လိုအဖွဲ့အစည်းကတောင်.တောင်တက်ရင်ဘယ်လိုတက်လည်းဆိုတာရှာကြည့်ပေးကြပါ။ ပန်းရောင်အင်္ကျီနဲ့က.မစိမ့်ထက်ပါ။ အဲ့ပုံကိုကြည့်ရုံနဲ့ ဖန်ဂရမ်ရာဇီဘယ်လိုအခြေအနေရှိလည်းသိနိုင်ပါတယ်။
2. မစိမ့်ထက်မတော်တဆခြေချော်ကျသွားတယ်၊ ဒီအချက်ကိုမိသားစုဖက်က.အနည်းငယ်လက်ခံတယ်။ ပြဿနာက.ဘာလို့ချက်ချင်း သွားပြီးမရှာနိုင်တာလဲ??
-ခေါင်းဆောင်ဖြေရှင်းချက်အရ ပြုတ်ကျကျခြင်းမှာ.အောက်ပေတစ်ထောင်ပတ်ဝန်းကျင်လောက်လမ်းပြ2ယောက်နဲ့အောက်ကို.2နာရီ.ပတ်ဝန်းကျင်ဆင်းကြည့်တယ်တဲ့။ သူတို့က body အပိုင်းအပြတ်ကိုတွေ့တယ်တဲ့။ အဓိကကျနော်တို့ဖက်ကလိုချင် တာက Photo Evidence (သက်သေပုံ)၊ ရိုးရိုးဖုန်း camera လေးနဲ့ရိုက်ပြီး ထွက်လာတဲ့ပုံကိုသက်သေဆိုပြီးလာပြတယ်။ကျနော်တို့ဖက်ကတော့ လက်မခံနိုင်ဘူး အဖွဲ့ခေါင်းဆောင်ရဲ့ဆင်ခြေကတော့ကျန်အဖွဲ့သားတွေရဲ့ safety ကိုဦးစားပေးပြီးဆင်းသွားတယ်။ ဒီအချက်ကိုလက်ခံသေးတယ်။ လက်မခံတာ.သူတို့အဖွဲ့မှာ Professional/Semi-Pro Cameras( Nikon D750, Sony, GoPro စသဖြင့်)အများကြီးပါကြတယ်။ တောင်ခြေရောက်ပြီးရင် အပေါ်ပြန်တက်ပြီး ပြန်လည်ကယ်ဆယ်(သို့)သက်သေကို Cameras တွေနဲ့မရိုက်ခဲ့ကြဘူး။
ခေါင်းဆောင်က.Wedding photos တွေ တောင်ရိုက်သေးတာပဲ။အနည်းဆုံးတော့ Pro-camera တစ်လုံးလောက်နဲ့ပြန်မရိုက်ပေးနိုင်ခဲ့ဘူး။ ခေါင်းဆောင်ပြောဆိုပုံအရ ပူတာအိုဒေသခံတွေကို.အကူအညီတောင်းတယ်။ မကူညီပေးကြဘူးဆိုတဲ့သဘော။ (သို့သော်.တချို့သောတောင်တက်ကျွမ်းကျင်တဲ့.ပူတာအိုဒေသခံတွေက.ကူညီဖို့အသင့်ရှိခဲ့ကြောင်းပြောပါတယ်)။ ယခုအချိန်ကျမှ.ဘယ်ကယ်ဆယ်ရေးအဖွဲ့သွားသွား.ကိုဇော်ခိုင်ပါဝင်ဖို့အသင့်ရှိနေကြောင်းပြောလာပါတယ်။ ယခုအချိန်သည်ရာသီဥတုမကောင်းဘူးဆိုတာ.တော်တော်များများသိကြမှာပါ။
3. တောင်တက်အဖွဲ့ချုပ်.ဥက္ကဌ Dr. Nay Soe Maung ကအိမ်လာပြီးဝမ်းနည်း
ကြောင်းလာပြောတယ်။ Dr နဲ့ကျွန်တော်စကားပြောဖြစ်တယ်။ Dr. ပြောပုံအရ
‘The Summiter’အဖွဲ့သည်တရားဝင်တောင်တက်အဖွဲ့အစည်းမဟုတ်၊ ပေ.၁၀၀၀၀ နှင့်အထက်. ဘယ်တောင်မဆိုတက်မယ်ဆိုရင် တောင်တက်အဖွဲ့ချုပ်ကိုအကြောင်းကြားရတယ်။ ‘The Summiter’ အဖွဲ့ခေါင်းဆောင်ကတော့အကြောင်းကြားခြင်းမရှိခဲ့ပါဘူး။ ခေါင်းဆောင်ပြောပုံအရ ’The Summiter’ သည် Package ပုံစံသွားတာမဟုတ်ဘူးပြောပါတယ်။ တစ်ယောက်ကို.၁၃ သိန်းပေးခဲ့ရပါတယ်။ ၁၃သိန်းပေးခဲ့ရသော်လည်း.အသက်အာမခံမရှိပါ။
မိမိ(Phone Toe Kyaw) ရဲ့ကိုယ်ပိုင်အမြင် ဘဝင်မကျမှု
-April 17 ရက်နေ့မှာ.ကိုဇော်ခိုင်တင်ထားတဲ့ Post သည်မိမိရဲ့အစ်မအကြောင်းတင်တာလား။ အဖွဲ့အောင်မြင်ကြောင်းတင်တာလား.သိပ်မသဲကွဲခဲ့ပါဘူး။
– ဒီခရီးစဉ်ကို.’The Summiter’ နဲ့အဖွဲ့သားတွေကော.အကုန်.အောင်မြင်တဲ့ခရီးစဉ်လို့ခေါ်နိုင်တာလား? အဖွဲ့သားတစ်ယောက်အခုလိုဖြစ်သွားတာတောင် ဂုဏ်ယူတဲ့ပုံတွေတင်ထားကြတာ။
– အစ်မ Account Saint Htet နဲ့ messenger ကစာတွေဝင်ကြည့်ဖြစ်တယ်။ `The Summiter ‘ gp message ထဲဝင်ကြည့်တာလည်းမြင်ရော.အဖွဲ့ခေါင်းဆောင် ကိုဇော်ခိုင်က တန်းပြီး အစ်မ Accountကိုထုတ်ပြစ်တယ်(removed). ခေါင်းဆောင်ရဲ့.ဆင်ခြေကတော့ Hacker သို့မဟုတ် တခြားmedia.တွေ ဖြစ်နေမှာဆိုးလို့ပါတဲ့။ မိသားစုဖက်ကိုဖုန်းဆက်မေးလို့ရနေတာပဲ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဖက်ကလိပ်ပြာလုံရင်.ထုတ်ပြစ်စရာအကြောင်းမရှိ
နောက်နေ့တွေ့တော့မှ.ပြန်ထည့်ပေးရမလားဘာလားပြောတယ်။
– Justice for Saint Htet Page နဲ့ပတ်သက်ပြီး အဲ့ page က posts တွေကိုဖျက်ပေးဖို့.Zaw Khine ကတောင်းဆိုလာတယ်။ သူဘယ်လိုဆက်ပြီးရပ်တည်ရတော့မှန်းမသိတော့လို့တဲ့။ အဲ့ Pageသည်မိသားစုဝင်မဟုတ်။ သူ့အပေါင်းအသင်းအသိုင်းအဝိုင်းထဲကတစ်ယောက်ယောက်ဖြစ်မယ်(ခုထိကျနော်တို့လည်းမသိ)။
ဆိုလိုတာကလူတိုင်းမှာဝေဖန်ပိုင်ခွင့်ရှိတယ်။ ကျနော်တို့မဟုတ်ကြောင်းပဲကြေငြာခဲ့တယ်။
ဘာလို့ မိသားစုဘက်က.မကျေနပ်တာလဲ??
(ကျနော်တို့မိသားစုနှင့်ဆန့်ကျင်တဲ့ Negative comments(သို့)ကို ခေါင်းဆောင်အဖွဲ့/မိတ်ဆွေများ.ကိုယ့်မိသားစုဝင်သာဒီလိုမျိုးဖြစ်သွားရင် လွယ်လွယ်နဲ့လက်ခံလို့ရနိုင်ပါ့မလား?)
– မစိမ့်ထက်.က April 12 မနက်.9.ခွဲဝန်းကျင်မှာချေချော်ကျခဲ့တယ်။ 15 ရက်နေ့ညနေပိုင်းလောက်မှ.မိသားစုဖက်ကသိရတယ်။
-လုံခြုံမှုမရှိ/ သက်သေမရ
-ကျတော်တို့မောင်နှမထဲမှာ မိဘအနေနဲ့ သူဟာအကြီးဆုံး အချစ်ခံရဆုံးဖြစ်တယ်။ ကျနော်တို့ထက်.ပညာအများကြီးတတ်တယ်။ ဥပဒေနဲ့ဘွဲ့ရခဲ့တယ်။
Master Of Business Administration (MBA) ကိုအင်္ဂလန်မှာကျောင်းပြီးခဲ့တယ်။ မြန်မာနိုင်ငံပြန်လာပြီးတချို့နေရာမှာ.စာပြန်ပြတယ်။ စဉ်းစားကြည့်ကြပေးပါ.မိဘကဘယ်လိုခံစားရမလဲ? အထူးသဖြင့်စကားအရသာယုံနေရတယ်။
ကျနော်ပြောတာခံစားမိကြလားမသိဘူး၊ ကျနော်ကစာအရေးအသားကတော့သိပ်မကောင်း။
– ဦးကြင်ဥ(တောင်တက်အဖွဲ့.ဒုဥက္ကဌ)ခေါင်းဆောင်သောကယ်ဆယ်ရေးလုပ်ရာမှာ.မစိမ့်ထက်ရဲ့.အင်္ကျီ၊ ချော့ကလက်၊ ပျက်စီးနေသောမျက်မှန်နှင့်ဆေးအချို့
ချောကလက်ကလည်း.ကိုက်ထားတဲ့အရာကိုတွေ့တယ်။ အဲ့တာကိုကြည့်ပြီး
မိသားစုမှဘက်မှမျှော်လင့်လျက်…
Source: Phone Toe Kyaw