ရေဘေးအလှူကအပြန် ရောက်ရောက်ချင်းညမှာပဲ အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ မအေးသောင်း

Aye Thaung's Fb


Aye Thaung’s Fb



Aye Thaung’s Fb


Aye Thaung’s Fb


Aye Thaung’s Fb

ခရက်ဒစ်ဆူးနှင်းဆီ


#Unicode version

အေးဝတ်ရည်သောင်းကတော့ အေးချမ်းတဲ့အလှတရားတရားတွေကို ပိုင်ဆိုင်ထားသလို မွန်မြတ်ဖြူစင်တဲ့ စိတ်စေတနာလေးတွေနဲ့လည်း လှူဒါန်းမှုလေးတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ

ဆက်တိုက်ပြုလုပ်နေတာလည်း တွေ့ရပါတယ်နော်။ ပရိသတ်တွေရဲ့ အသည်းကျော် မအေးသောင်းလေးကတော့ သြဂုတ်လ ၁၄ ရက်နေ့က မွန်ပြည်နယ် ရေဘေးသင့်ပြည်သူတွေအတွက် အသက်ကယ်အင်္ကျီဝတ်ကာ လှေစီးပြီး တစ်အိမ်တက်တစ်အိမ်ဆင်း

စားနပ်ရိက္ခာတွေကို ကိုယ်တိုင်ကိုယ်ကျပေးဝေခဲ့တာ ဖြစ်ပါတယ်နော်။ ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံပြီး ကူညီလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မအေးသောင်းလေးကတော့ ရေဘေးအလှူကနေ ရန်ကုန်ကို ပြန်ရောက်လာလာချင်း

ညမှာပဲ ဆေးရုံက အရေးပေါ်မှာ ဆေးကုသမှုခံယူလိုက်ရပါတယ်နော်။ ရေဘေးသွားမလှူခင်ကတည်းက ဖျားနေလို့ ဆေးတလုံးထိုးကာ အားတင်းပြီး ရေဘေးသင့်ပြည်သူတွေစီ ကိုယ်တိုင်လှေစီးပြီး ရောက်အောင်သွားလှူခဲ့တဲ့ မအေးသောင်းလေးရဲ့ ဖြူစင်ပြီး

မွန်မြတ်တဲ့ စိတ်သဘောထားလေးနဲ့ ပြည်သူပရိသတ်တွေအတွက် စေတနာသဒ္ဓါတရားလေးတွေကတော့ တကယ်ကို ချီးကျူးစရာကောင်းသလို ပရိသတ်တွေကိုလည်း အချစ်ပိုစေပြန်ပါတယ်နော်။ ဆေးကုသမှုခံယူလိုက်ရတဲ့အကြောင်းလေးကိုတော့မအေးသောင်းရဲ့ ဖခင်ဖြစ်သူက စိတ်သဘောထားကောင်းလေး ပိုင်ဆိုင်ထားတဲ့ ချစ်သမီးလေးအတွက် အားပေးစကားလေးပြောရင်း “ရန်ကုန်မှာကားရိုက်ပြီးတာနဲ့ တစ်ညလုံးကားပေါ်မှာ နောက်နေ့ မနက်တော့ဖျားလို့ ရေဘေးအလှူမသွားခင် ဆေးတစ်လုံးထိုး

ရေဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်လှေစီးပြီး ရွာတွေအရောက် Remax အဖွဲ့နဲ့ လက်ရောက်သွားလှူ ခုညကျတော့ အပျင်းဖျားလို့ ဆေးရုံက အရေးပေါ်မှာ ပြရတော့တာပေါ့။ အင်း ခုလဲ အကြောဆေးတလုံး အသားဆေးတလုံး ထပ်ထိုးခဲ့ရပြန်ပြီပေါ့။

ကျန်းမာရေးဂရုစိုက်ပါ သမီး Aye Thaung ရေ။ အဖေတို့ ခရီးဆက်စရာတွေ ကျန်သေးတယ်” ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။

ခရက်ဒစ်ဆူးနှင်းဆီ