ထိုင္းႏိုင္ငံ ေကတီဗီတြင္ မတရားခိုင္းခံေနရသည့္ ျမန္မာႏွင့္ လာအိုမိန္းကေလးမ်ားကို ကယ္ထုတ္

ဓာတ္ပံု-Khaosod

ထိုင္းႏိုင္ငံအလယ္ပိုင္း ဆုဖန္းပူးရီးခရိုင္ထဲမွာ လူကုန္ကူးခံရၿပီး ျပည္တန္ဆာအလုပ္လုပ္ေန ရတဲ့ ျမန္မာနဲ႔ လာအိုႏိုင္ငံက မိန္းကေလးေတြကို တာ၀န္ရွိသူေတြ သြားေရာက္ကယ္ထုတ္ခဲ့တယ္လို႔ ေခါ၀္ဆြတ္ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။

ဆုဖန္းပူးရီးခရိုင္၊ ဆမ္ခ်ဳတ္ၿမိဳ႕က ကာရာအိုေကဆိုင္တဆိုင္မွာ မိန္းကေလးငယ္ေတြကို ျပည္တန္ဆာအျဖစ္ ေစခိုင္းမႈေတြရွိေနေၾကာင္း သတင္းေပးခ်က္အရ ယမန္ေန႔ ညပိုင္းမွာ လူကုန္ကူးမႈတားဆီးတိုက္ဖ်က္ေရး အဖြဲ႔၀င္ ၂ ဦးဟာ ဧည့္သည္လို ဟန္ေဆာင္ၿပီး မိန္းကေလး ၂ ဦး တဦးကို ဘတ္ေငြ ၁၀၀၀ နဲ႔ ေခၚယူလိုက္ပါတယ္။

လူကုန္တားအဖြဲ႔က မိန္းကေလးေတြကို ဟိုတယ္ကေန ေစာင့္ဆိုင္းေနစဥ္ ခဏအၾကာ ႏိုင္းခ်ိဳင္းဖြန္းဆိုသူ အသက္ ၃၀ ရြယ္အမ်ိဳးသား ၁ ဦးက ၀ါ နဲ႔ ပန္ ဆိုသူ ခပ္ငယ္ငယ္မိန္းကေလး ၂ ဦးကို ဆိုင္ကယ္နဲ႔ လာေရာက္ပို႔ေဆာင္ေပးခဲ့ပါတယ္။

ေမးျမန္းခ်က္အရ မိန္းကေလး ၂ ဦးအား သူတို႔ရမယ့္ ေငြထဲကေန တဦးကို ဘတ္ ၂၀၀ စီ လိုင္းေၾကးအျဖစ္ အသက္ ၆၇ ရြယ္ ဆိုင္ရွင္အမ်ိဳးသမီး နန္းအငြန္ ဆိုသူကို ေပးရတယ္လို႔ ဆိုပါတယ္။

တာ၀န္ရွိသူေတြက ၀န္ထမ္းကတ္ထုတ္ျပၿပီး ရဲတပ္ဖြဲ႔၀င္ေတြနဲ႔အတူ အဆိုပါ ကာရာအိုေကဆိုင္ထဲကို ၀င္ေရာက္စစ္ေဆးခဲ့ေၾကာင္း၊ သူတို႔ကို လာပို႔ေပးတဲ့ မိန္းကေလးငယ္ ၂ ဦးမွာ လာအိုႏိုင္ငံသူျဖစ္ၿပီး သက္ေသလက္မွတ္အေထာက္အထားမရွိေၾကာင္း၊ အသက္အရြယ္မွာ ခန္႔မွန္းေျခ အရ ၁၈ ႏွစ္မျပည့္ေသးဘူးလို႔ လူကုန္တားရဲတပ္ဖြဲ႔က ေျပာပါတယ္။

အဆိုပါ ကာရာအိုေကဆိုင္မွာ ေနာက္ထပ္ ျပည္တန္ဆာလုပ္ေနရတဲ့ ျမန္မာနဲ႔ လာအိုႏိုင္ငံက မိန္းကေလးေတြကို ေတြ႔ရၿပီး ၁ ဦးမွာ ထိုင္းႏိုင္ငံထဲ၀င္လာတဲ့ အေထာက္အထားမရွိသလို ေနာက္ထပ္ ၅ ဦးကလည္း အလုပ္သမားမွတ္ပံုတင္ကတ္ မရွိဘူးလို႔ ဆိုပါတယ္။

ျပည္တန္ဆာလုပ္ေနရတဲ့ မိန္းကေလးေတြထဲမွာ အသက္ ၁၈ ႏွစ္ေအာက္ပါ ပါ၀င္ေနလို႔ ဆိုင္ရွင္ျဖစ္သူ ႏိုင္းခ်ိဳင္းဖြန္းနဲ႔ ႏိုင္းအငြန္တို႔ကို လူကုန္ကူးမႈနဲ႔ အရြယ္မေရာက္သူမ်ားအား ျပည္တန္ဆာအျဖစ္ခိုင္းေစမႈတို႔နဲ႔ အမႈ ဖြင့္ထားပါတယ္။

အသက္ ၁၈ ႏွစ္ေအာက္မိန္းကေလးေတြကိုေတာ့ ဆုဖန္းပူးရီးခရိုင္မိခင္နဲ႔ကေလး ထိန္း သိမ္းေစာင့္ေရွာက္ေရးေဂဟာကို ပို႔ေဆာင္ထားပါတယ္။

ဓာတ္ပံု-Khaosod

ယခုသတင္းအား DVB Multimedia Group မွဝယ္ယူျပီး တရားဝင္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္။


#Unicode version

ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီးခရိုင်ထဲမှာ လူကုန်ကူးခံရပြီး ပြည်တန်ဆာအလုပ်လုပ်နေ ရတဲ့ မြန်မာနဲ့ လာအိုနိုင်ငံက မိန်းကလေးတွေကို တာဝန်ရှိသူတွေ သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဆုဖန်းပူးရီးခရိုင်၊ ဆမ်ချုတ်မြို့က ကာရာအိုကေဆိုင်တဆိုင်မှာ မိန်းကလေးငယ်တွေကို ပြည်တန်ဆာအဖြစ် စေခိုင်းမှုတွေရှိနေကြောင်း သတင်းပေးချက်အရ ယမန်နေ့ ညပိုင်းမှာ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး အဖွဲ့ဝင် ၂ ဦးဟာ ဧည့်သည်လို ဟန်ဆောင်ပြီး မိန်းကလေး ၂ ဦး တဦးကို ဘတ်ငွေ ၁၀၀၀ နဲ့ ခေါ်ယူလိုက်ပါတယ်။

လူကုန်တားအဖွဲ့က မိန်းကလေးတွေကို ဟိုတယ်ကနေ စောင့်ဆိုင်းနေစဉ် ခဏအကြာ နိုင်းချိုင်းဖွန်းဆိုသူ အသက် ၃၀ ရွယ်အမျိုးသား ၁ ဦးက ဝါ နဲ့ ပန် ဆိုသူ ခပ်ငယ်ငယ်မိန်းကလေး ၂ ဦးကို ဆိုင်ကယ်နဲ့ လာရောက်ပို့ဆောင်ပေးခဲ့ပါတယ်။

မေးမြန်းချက်အရ မိန်းကလေး ၂ ဦးအား သူတို့ရမယ့် ငွေထဲကနေ တဦးကို ဘတ် ၂၀၀ စီ လိုင်းကြေးအဖြစ် အသက် ၆၇ ရွယ် ဆိုင်ရှင်အမျိုးသမီး နန်းအငွန် ဆိုသူကို ပေးရတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ဝန်ထမ်းကတ်ထုတ်ပြပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အဆိုပါ ကာရာအိုကေဆိုင်ထဲကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ သူတို့ကို လာပို့ပေးတဲ့ မိန်းကလေးငယ် ၂ ဦးမှာ လာအိုနိုင်ငံသူဖြစ်ပြီး သက်သေလက်မှတ်အထောက်အထားမရှိကြောင်း၊ အသက်အရွယ်မှာ ခန့်မှန်းခြေ အရ ၁၈ နှစ်မပြည့်သေးဘူးလို့ လူကုန်တားရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ ကာရာအိုကေဆိုင်မှာ နောက်ထပ် ပြည်တန်ဆာလုပ်နေရတဲ့ မြန်မာနဲ့ လာအိုနိုင်ငံက မိန်းကလေးတွေကို တွေ့ရပြီး ၁ ဦးမှာ ထိုင်းနိုင်ငံထဲဝင်လာတဲ့ အထောက်အထားမရှိသလို နောက်ထပ် ၅ ဦးကလည်း အလုပ်သမားမှတ်ပုံတင်ကတ် မရှိဘူးလို့ ဆိုပါတယ်။

ပြည်တန်ဆာလုပ်နေရတဲ့ မိန်းကလေးတွေထဲမှာ အသက် ၁၈ နှစ်အောက်ပါ ပါဝင်နေလို့ ဆိုင်ရှင်ဖြစ်သူ နိုင်းချိုင်းဖွန်းနဲ့ နိုင်းအငွန်တို့ကို လူကုန်ကူးမှုနဲ့ အရွယ်မရောက်သူများအား ပြည်တန်ဆာအဖြစ်ခိုင်းစေမှုတို့နဲ့ အမှု ဖွင့်ထားပါတယ်။

အသက် ၁၈ နှစ်အောက်မိန်းကလေးတွေကိုတော့ ဆုဖန်းပူးရီးခရိုင်မိခင်နဲ့ကလေး ထိန်း သိမ်းစောင့်ရှောက်ရေးဂေဟာကို ပို့ဆောင်ထားပါတယ်။

ဓာတ်ပုံ-Khaosod

ယခုသတင်းအား DVB Multimedia Group မှဝယ်ယူပြီး တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်။