Sponsored

ဒီကနေ့ရဲ့ အကောင်းဆုံး ပွဲဖြစ်ပြီး အင်္ဂလန် ဘောလုံးလောကရဲ့ အခါးသီးဆုံး ပြိုင်ဖက်တွေရဲ့ အားပြိုင်ပွဲလို့လည်း ပြောရမှာပါ။ လီဗာပူးလ်က ဒီနှစ် တစ်ရာသီလုံးမှာ ပွဲတိုင်းနိုင်ထားပြီး ယူနိုက်တက် တစ်သင်းထဲကိုသာ သရေကျခဲ့တာပါ။ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကတော့ အသင်းကြီးတွေပွဲ အများစုကို ရလဒ်ကောင်းအောင် စွမ်းဆောင်ထားပေမယ့် အသင်းငယ်တွေနဲ့တော့ ရုန်းကန်နေရဆဲပါ။

ထိပ်တိုက်ဆုံတွေ့မှု

Goal

အင်္ဂလန်ရဲ့ အနောက်မြောက် ဒါဘီလို့လည်း ပြောလို့ရသလို အင်္ဂလန် ဒါဘီလို့လည်း နာမည်ကြီးတဲ့ နှစ်သင်းက ၃၅မိုင်သာ ကွာဝေးတာပါ။ လီဗာပူးလ်အတွက် အခက်ခဲဆုံး ပြိုင်ဖက်လို့ ပြောလို့ရသလို နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ပွဲမှာ မနှစ်က တစ်ပွဲပဲ နိုင်ခဲ့ဖူးတာပါ။ ယူနိုက်တက်က အိမ်ကွင်း၊ အဝေးကွင်း အမြဲ အသာရလေ့ရှိတဲ့ အစဉ်ရှိခဲ့ပြီး လီဗာပူးလ်ကတော့ မနှစ်က ၃-၁ဂိုးနဲ့ တစ်ပွဲပဲ အနိုင်ရဖူးတာပါ။ ယူနိုက်တက်ကတော့ အဲ့ဒီ ပရီးမီးယားလိဂ် ၁၁ပွဲမှာ ၁ပွဲသာ ရှုံးခဲ့ဖူးပြီး ၅ပွဲနိုင်၊ ၅ပွဲသရေ ကျထားတာဖြစ်ပါတယ်။

ဒဏ်ရာ ပြဿနာ

Getty Images

ယူနိုက်တက်မှာ အားထားရတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ပါဝင် ကစားဖို့ မသေချာဘဲ နောက်ဆုံး အချိန်အထိ သူ့ရဲ့ အခြေအနေကို စောင့်ကြည့်ရဖို့ရှိနေသလို နောက်ခံလူ လု့ခ်ရှော်လ်ကလည်း လွဲချော်ဖို့ရှိနေပါတယ်။ လီဗာပူးလ်မှာတော့ မီလ်နာ၊ ကေတာတို့ နာနေပေမယ့် ခံစစ်ပိုင်းက မာတစ်နဲ့ လိုဗရန်တို့ ပြန်ကစားနိုင်ပြီဖြစ်လို့ ဒီပွဲမှာ ဗန်ဒိုက်နဲ့ တစ်ဦးဦး ပွဲထွက်လာနိုင်တာပါ။

Sponsored

လက်ရှိ ခြေစွမ်း

ဒီနှစ်သင်းရဲ့လက်ရှိ ခြေစွမ်းအရကတော့ ယာဂမ်ကလော့ပ်ရဲ့အသင်းက အများကြီးသာပါတယ်။ ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်းနဲ့ ရလဒ်ပိုင်းက အသာရထားသလို အန်းဖီးလ်မှာ ကန်တဲ့ ၁၁ပွဲစလုံးကိုလည်း နိုင်ထားတာပါ။ ယူနိုက်တက်တော့ တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း ခန့်မှန်းရခက်ခဲသလို ဆိုးလ်ရှားရဲ့ အသင်းက ခြေစွမ်း မတည်ငြိမ်ဘဲဖြစ်နေတာပါ။ အထူးသဖြင့် အဝေးကွင်းမှာ ရုန်းကန်နေရတဲ့ ကစားပုံက ဒီပွဲမှာ အဓိက စကားပြောနိုင်တာပါ။

Getty Images

ဘယ်အသင်း အနိုင်ရမလဲ

ယာဂမ်ကလော့ပ်ရဲ့ အသင်းက ဒီနှစ် ပွဲပေါင်း ၂၁ပွဲမှာ ၁ပွဲပဲ သရေကျထားပြီး ပွဲ ၂၀ အထိ စံချိန်တင် နိုင်ထားပေမယ့် အဲ့ဒီ သရေပွဲက ယူနိုက်တက်နဲ့ ဆိုတာကိုတော့ သတိပြုရမှာပါ။ ခါးသီးကြတဲ့ ပြိုင်ဖက် နှစ်သင်းဖြစ်လို့ တစ်သင်းနဲ့ တစ်သင်း အနိုင်မခံ၊ အရှုံးမပေးဘဲ ကစားဖို့ရှိပေမယ့် ကလော့ပ်ရဲ့ အသင်း အိမ်ကွင်းမှာတော့ ရလဒ်ကောင်းရဖို့ မျှော်လင့်မှာပါ။ ဆိုးလ်ရှားရဲ့ အသင်းကတော့ ဦးဆောင်းဂိုးရခဲ့ရင် အဲ့ဒီပွဲတွေမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်လေ့ရှိတာကြောင့် နှစ်သင်းစလုံးအတွက် ဘာမဆိုဖြစ်သွားနိုင်တဲ့ပွဲမျိုးပါ။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *