Sponsored

လစ်ဗာပူးအသင်းဟာ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှတ် တမ်း တင်ထားတဲ့ ပရီးမီးယားလိဂ် ပွဲ ၄၀ ဆက်တိုက်ရူံးပွဲမရှိစံချိန်ကို လိုက်မီနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရဖို့ သေချာသလောက်ဖြစ်သွားခဲ့ပေမယ့်လည်း စံချိန်မှတ်တမ်း တွေ ထပ်တင်ဖို့ ဆိုရင်တော့ ချဲလ်ဆီးရဲ့ ရူံးပွဲမရှိစံချိန်ကို ကျော်ဖြတ်ရမှာဖြစ်သလို အာဆင်နယ်အသင်းစံချိန် တင်ထားတဲ့ ၄၉ပွဲဆက်တိုက် ရူံးပွဲမရှိစံချိန်ကို လည်း ကျော်ဖြတ်ရဖို့ရှိနေတာဖြစ်ပါတယ်။

Getty Images

လစ်ဗာပူးအသင်းအနေနဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေရဲ့ ရူံးပွဲမရှိစံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ ရင်တောင် နောက်ထပ် လုပ်ပြဖို့လိုအပ်နေတဲ့ စံချိန်တစ်ခုက ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ အဆိုပါ စံ ချိန်တစ်ခုကို လိုက်မီနိုင်မယ်ဆိုရင်တော့ ဥရောပရဲ့အကောင်းဆုံးအသင်းအဖြစ် အငြင်းပွားဖွယ်မရှိ သတ်မှတ်နိုင်တော့မှာဖြစ်ပါတယ်။ အဆိုပါ စံချိန်ကတော့ အေစီမီလန်အသင်းစံချိန်တင်ထားတဲ့ လိဂ် ပွဲစဉ် ၅၈ပွဲဆက်တိုက် ရူံးပွဲမရှိစံချိန်ဖြစ်ပါတယ်။

Sponsored
Getty Images

ဥရောပဘောလုံးလောကမှာ လိဂ်ပွဲအများဆုံး ရူံးပွဲမရှိစံချိန်ကို ၁၉၉၁-၁၉၉၃၄ ခုနှစ် က အေစီမီလန် အသင်းက ၅၈ပွဲ ဆက်တိုက်ရူံးပွဲမရှိကစားပြီးစံချိန်တင်ထားခဲ့ပါတယ်။အဲဒီနောက်မှာ ဘိုင်ယန်မြူးနစ် အသင်းကလည်း စုစုပေါင်း၅၃ပွဲအထိ ရူံးပွဲမရှိစံချိန်ရရှိထားတာဖြစ်ပါတယ်။

Getty Images

အဆိုပါစံချိန်တွေ ကြောင့် လစ်ဗာပူးအသင်းအနေနဲ့ ဥရောပရဲ့ အကောင်းဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို အငြင်းပွားဖွယ်ရာ မရှိ သတ်မှတ်နိုင်ဖို့က ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ စံချိန်ကို ကျော်ဖြတ်ရမှာဖြစ်သလို ဘိုင်ယန်နဲ့ အေစီ မီလန်အသင်းတွေရဲ့ စံချိန်ကိုလည်း ရိုက်ချိုးပြဖို့ လိုအပ်မှာဖြစ်ပါတယ်။

Getty Images

ဥရောပမှာ ရူံးပွဲမရှိစံချိန်ကို ပွဲအများဆုံး ထိန်းထားနိုင်သည့်အသင်းများ

1) AC Milan (1991/93) – 58 games
2) Bayern Munich (2012/14) – 53 games
3) Arsenal (2003/04) – 49 games
4) Juventus (2011/12) – 49 games
5) Barcelona (2017/18) – 43 games
6) Nottingham Forest (1977/78) – 42 games
7) Chelsea (2004/05) – 40 games
8) Fiorentina (1955/56) – 40 games
9) Liverpool (2019/20) – 40 games
19) Real Sociedad (1979/80) – 38 games

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *