Sponsored

လီဗာပူးလ်အသင်းကတော့ ပထမပိုင်းမှာ အကောင်းဆုံး ကစားခဲ့ပြီး နောက်ခံလူ ဗန်ဒိုက်ရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဖာမီနိုရဲ့ ဒုတိယဂိုးကိုလည်း လှလှပပ ကန်သွင်းခဲ့ပေမယ့် အန်ဖီးလ်မှာ ဂိုးပေါက် ပျောက်နေတဲ့ သူ့အတွက် ကံဆိုးခဲ့တာပါ။ ဗန်ဒိုက်က ဒါးဗစ် ဒဟေးရားကို ပြစ်ဒဏ် ကျူးလွန်ခဲ့တယ်လို့ VAR ကသတ်မှတ်ခဲ့လို့ ပယ်ဖျက်ခံခဲ့ရတာပါ။

Getty Images
Getty Images

ဒုတိယပိုင်းမှာ လီဗာပူးလ်က တိုက်စစ်ဆင်ကစားခဲ့ပြီး ဒုတိယဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဒုတိယပိုင်း ၁၀မိနစ်မှာတင် အခွင့်အရေး ၁၀ကြိမ်လောက်အထိ ဖန်တီးခဲ့ပြီး ဂိုးရဖို့ ပြင်ဆင်ခဲ့ပေမယ့် ဂိုးမရခဲ့တာပါ။

Sponsored

ယူနိုက်တက်ကတော့ အဲ့ဒီနောက်ပိုင်းမှာ တစ်ဖြည်းဖြည်းနဲ့ ပြန်လည် ကစားခဲ့ပြီးနောက် အခွင့်အရေးတွေလည်း ရခဲ့တာပါ။ မာရှယ်လ် အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါ်ကျော်သွားခဲ့လို့ သရေကျဖို့ အခက်တွေ့နေတာပါ။ ဆိုးလ်ရှားရဲ့ အပြောင်းအလဲက မှန်ကန်ခဲ့ လီဗာပူးလ်ဖက်ကို ဖိကစားထားပြီး အခွင့်အရေးတွေလည်း ရခဲ့တာပါ။

Getty Images
Getty Images

အဆုံးသတ်ပိုင်းမှာ ဖန်တီးမှု အားနည်းခဲ့သလို တန်ပြန်တိုက်စစ်ကနေ ဆာလာက နောက်ထပ် တစ်ဂိုးသွင်းခဲ့လို့ လီဗာပူးလ်က ၂ဂိုးပြတ်နဲ့နိုင်ပြီး အင်္ဂလန် ဒါဘီကို အိမ်ကွင်းမှာ ၂ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဖာမီနို သွင်းဂိုးခဲ့တဲ့ ဂိုးအပေါ် ဒိုင်လူကြီးနဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမြင်ကြလဲ ?

Getty Images

Source: BBC

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *