ဥေရာပအေကာင္းဆုံးကစားသမားဆုကုိ ဘယ္သူေတြက ဘယ္လုိမဲေပးေရြးခ်ယ္မလဲ

Getty Images

ဥေရာပတစ္ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုအတြက္ စကားတင္သုံးဦးစာရင္းကုိ မေန႔က ပဲ UEFA ကထုတ္ျပန္ေၾကျငာသြားခဲ့ပါတယ္။ စကားတင္သုံးဦးစာရင္းမွာ ဥေရာပခ်န္ပီယံလစ္ဗာပူးလ္ အသင္းေနာက္ခံလူ ဗန္ဒုိက္၊ဘာစီလုိနာတုိက္စစ္မွဴးမက္ဆီနဲ႔ ဂ်ဴဗင္တပ္တုိက္စစ္မွဴး စီေရာ္နယ္ဒုိ တုိ႔ ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

Getty Images

အေကာင္းဆုံးကစားသမားဆုကုိေတာ့ ဥေရာပခ်န္ပီယံလိဂ္အုပ္စုအဆင့္မဲခြဲမူေတြျပဳလုပ္မယ့္ ၾသဂုတ္၂၉ ရက္မွာခ်ီးျမွင္ေပးသြားမွာျဖစ္ပါတယ္။ အဆုိပါေန႔မွာ အမ်ဳိးသမီးအေကာင္းဆုံးကစား သမားဆု ကုိလည္း တစ္ဆက္တည္းခ်ီးျမွင့္သြားမွာျဖစ္ပါတယ္။စကာတင္သုံးဦးစာရင္းက ကစားသမားေတြရဲ့ ေအာင္ျမင္မူကုိၾကည့္မယ္ဆုိရင္ ေနာက္ခံလူဗန္ဒုိက္က လစ္ဗာပူးလ္နဲ႔အတူ ဥေရာပခ်န္ပီယံဆုဖလားရ ယူႏုိင္ခဲ့သလုိ ေနးရွင္းလိဂ္ၿပဳိင္ပဲြမွာေတာ့ ေပၚတူဂီကုိ ႐ူံးခဲ့လုိ႔ ဒုတိယဆုနဲ႔သာေက်နပ္ခဲ့ရပါတယ္။ မေန႔က ယွဥ္ၿပဳိင္သြားတဲ့ ဥေရာပစူပါဖလားမွာေတာ့ ဗန္ဒုိက္က ရယူ ႏုိင္ခဲ့လုိ႔ တျခားကစား သမားေတြ ထက္ ေျခတစ္လွမ္းသာေနတယ္လုိ႔ဆုိႏုိင္ပါတယ္။

Getty Images

မက္ဆီကေတာ့ ဥေရာပခ်န္ပီယံလိဂ္မွာ ဂုိးအမ်ား ဆုံးသြင္းယူခဲ့ၿပီး ေရႊဖိနပ္ဆုရရွိထားသလုိ လာလီဂါခ်န္ပီ ယံဆုလည္းရယူထားတာျဖစ္ပါတယ္။စီေရာ္ နယ္ဒုိကေတာ့ ဂ်ဴဗင္တပ္အသင္းနဲ႔အတူ စီးရီးေအခ်န္ပီယံဆုရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္မွာေတာ့ ကြာတား ဖုိင္ နယ္အထိတက္ေရာက္ခဲ့ပါတယ္။ ေနးရွင္းလိဂ္ၿပဳိင္ပဲြမွာေတာ့ ေရာ္နယ္ဒုိက ခ်န္ပီယံဆုဖလားရယူ ထားပါတယ္။

Getty Images

အေကာင္းဆုံးဆုကုိေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ုိပါလိဂ္ၿပဳိင္ပဲြ၀င္အသင္း၈၀ က နည္းျပ ေတြနဲ႔အတူ ဥေရာပတုိက္ အဖြဲ႔၀င္ႏုိင္ငံေတြက ဂ်ာနယ္လစ္၅၅ေယာက္က မဲေပးေ႐ြးခ်ယ္ ၾက မွာျဖစ္ပါတယ္။ ကစာသမားသုံးဦးကုိ ပထမ၊ဒုတိယနဲ႔တတိယ ေပးေ႐ြးခ်ယ္ရမွာျဖစ္ၿပီး ပထမေပး ထားတဲ့ ကစားသမားအတြက္ရမွတ္သုံးမွတ္၊ဒုတိယအတြက္ ရမွတ္၃ မွတ္နဲ႔ တတိယအတြက္ ရမွတ္ တစ္မွတ္ေပးၿပီး အမွတ္အမ်ားဆုံးကစားသမားက အေကာင္းဆုံးကစားသမားဆုရရွိမွာျဖစ္ပါတယ္။ နည္းျပေတြအေနနဲ႔ ကုိယ့္အသင္းက ကစားသမားကုိေတာ့ မဲေပးခြင့္ေပးမထားပါဘူး။

Getty Images

ကနဦးအဆင့္မဲေပးေ႐ြးခ်ယ္မူမွာေတာ့ လစ္ဗာပူးလ္ဂုိးသမားအလက္ဆန္က ၅၇မွတ္နဲ႔ အဆင့္၄၊မာ ေနးက ၅၁မွတ္နဲ႔ အဆင့္၅၊ဆာလက္က ၄၉မွတ္နဲ႔ အဆင့္၆၊ဟာဇက္က ၃၈မွတ္နဲ႔ အဆင့္၇၊ဒီလစ္ က ၂၇မွတ္နဲ႔ အဆင့္၈၊ဒီေဂ်ာင္က ၂၇မွတ္နဲ႔ပဲ အဆင့္၉၊စတာလင္က ၁၂မွတ္နဲ႔ အဆင့္၁၀ေနရာေတြမွာ ရပ္တည္ခဲ့ၾကပါတယ္။

Jack ( Sports Reader )
Source: Daily Mail


#Unicode version

ဥရောပတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတွက် စကားတင်သုံးဦးစာရင်းကို မနေ့က ပဲ UEFA ကထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။ စကားတင်သုံးဦးစာရင်းမှာ ဥရောပချန်ပီယံလစ်ဗာပူးလ် အသင်းနောက်ခံလူ ဗန်ဒိုက်၊ဘာစီလိုနာတိုက်စစ်မှူးမက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒို တို့ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အကောင်းဆုံးကစားသမားဆုကိုတော့ ဥရောပချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမူတွေပြုလုပ်မယ့် သြ ဂတ်၂၉ ရက်မှာချီးမြှင်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါနေ့မှာ အမျိုးသမီးအကောင်းဆုံးကစား သမားဆု ကိုလည်း တစ်ဆက်တည်းချီးမြှင့်သွားမှာဖြစ်ပါတယ်။စကာတင်သုံးဦးစာရင်းက ကစားသမားတွေရဲ့ အောင်မြင်မူကိုကြည့်မယ်ဆိုရင် နောက်ခံလူဗန်ဒိုက်က လစ်ဗာပူးလ်နဲ့အတူ ဥရောပချန်ပီယံဆုဖလားရ ယူနိုင်ခဲ့သလို နေးရှင်းလိဂ်ပြိုင်ပွဲမှာတော့ ပေါ်တူဂီကို ရူံးခဲ့လို့ ဒုတိယဆုနဲ့သာကျေနပ်ခဲ့ရပါတယ်။ မနေ့က ယှဉ်ပြိုင်သွားတဲ့ ဥရောပစူပါဖလားမှာတော့ ဗန်ဒိုက်က ရယူ နိုင်ခဲ့လို့ တခြားကစား သမားတွေ ထက် ခြေတစ်လှမ်းသာနေတယ်လို့ဆိုနိုင်ပါတယ်။

မက်ဆီကတော့ ဥရောပချန်ပီယံလိဂ်မှာ ဂိုးအများ ဆုံးသွင်းယူခဲ့ပြီး ရွှေဖိနပ်ဆုရရှိထားသလို လာလီဂါချန်ပီ ယံဆုလည်းရယူထားတာဖြစ်ပါတယ်။စီရော် နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ကွာတား ဖိုင် နယ်အထိတက်ရောက်ခဲ့ပါတယ်။ နေးရှင်းလိဂ်ပြိုင်ပွဲမှာတော့ ရော်နယ်ဒိုက ချန်ပီယံဆုဖလားရယူ ထားပါတယ်။

အကောင်းဆုံးဆုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဝင်အသင်း၈၀ က နည်းပြ တွေနဲ့အတူ ဥရောပတိုက် အဖွဲ့ဝင်နိုင်ငံတွေက ဂျာနယ်လစ်၅၅ယောက်က မဲပေးရွေးချယ် ကြ မှာဖြစ်ပါတယ်။ ကစာသမားသုံးဦးကို ပထမ၊ဒုတိယနဲ့တတိယ ပေးရွေးချယ်ရမှာဖြစ်ပြီး ပထမပေး ထားတဲ့ ကစားသမားအတွက်ရမှတ်သုံးမှတ်၊ဒုတိယအတွက် ရမှတ်၃ မှတ်နဲ့ တတိယအတွက် ရမှတ် တစ်မှတ်ပေးပြီး အမှတ်အများဆုံးကစားသမားက အကောင်းဆုံးကစားသမားဆုရရှိမှာဖြစ်ပါတယ်။ နည်းပြတွေအနေနဲ့ ကိုယ့်အသင်းက ကစားသမားကိုတော့ မဲပေးခွင့်ပေးမထားပါဘူး။

ကနဦးအဆင့်မဲပေးရွေးချယ်မူမှာတော့ လစ်ဗာပူးလ်ဂိုးသမားအလက်ဆန်က ၅၇မှတ်နဲ့ အဆင့်၄၊မာ နေးက ၅၁မှတ်နဲ့ အဆင့်၅၊ဆာလက်က ၄၉မှတ်နဲ့ အဆင့်၆၊ဟာဇက်က ၃၈မှတ်နဲ့ အဆင့်၇၊ဒီလစ် က ၂၇မှတ်နဲ့ အဆင့်၈၊ဒီဂျောင်က ၂၇မှတ်နဲ့ပဲ အဆင့်၉၊စတာလင်က ၁၂မှတ်နဲ့ အဆင့်၁၀နေရာတွေမှာ ရပ်တည်ခဲ့ကြပါတယ်။

Jack ( Sports Reader )
Source: Daily Mail