လူေတြမသိေသးတဲ့ Line Walker မင္းသား Louis Koo ရဲ႕ ေလးစားဖြယ္လုပ္ရပ္တစ္ခု

Louis Koo

သူငယ္ခ်င္းတစ္ေယာက္က Line walker 2 ရံုတင္ေနလို႔ သြားၾကည့္တာ…. ျမန္မာျပည္ကို ႐ိုက္ထားတာ လွလိုက္တာလို႔ဆိုၿပီး တင္ထားတာ ေတြ႕လို႔ ကၽြန္မလည္း ကၽြန္မသိတာေလးတစ္ခု ေျပာျပခ်င္တယ္။

႐ုပ္ရွင္အေၾကာင္းေတာ့ မဟုတ္ပါဘူး… ကၽြန္မမွ မၾကည့္ရေသးတာ အဲဒီ႐ုပ္ရွင္ထဲမွာပါတဲ့ မင္းသား Louis Koo အေၾကာင္း နည္းနည္းေျပာျပခ်င္တာ…။

သူက ေဟာင္ေကာင္နာမည္ႀကီး မင္းသားထဲကတစ္ေယာက္ဆိုတာ အမ်ားသိၿပီးသားပါ။ သူလည္း ေပါေတာေတာကားတခ်ိဳ႕ ႐ိုက္ဖူးပါတယ္၊ ေဝဖန္ခံရဖူးပါတယ္၊ ဒါေပမဲ့ သူက ေပါကားဆိုေပမယ့္ ထိုက္တန္တဲ့ အခေၾကးေငြေပးရင္ ႐ိုက္တယ္လို႔ ေျပာပါတယ္။

Louis Koo

ဘာလို႔လဲဆိုေတာ့ သူက အလွဴအတန္း အရမ္းလုပ္သူပါ။ ဒါေပမဲ့ သူလွဴေနတယ္ဆိိုုတာကို ဘယ္မီဒီယာကမွ မသိပါဘူး။
ေနာက္ပိုင္းမွာ သိသြားရတာကလည္း အစီအစဥ္တစ္ခုမွာ သူ႔မိတ္ေဆြတစ္ေယာက္က ထုတ္ေဖာ္ေျပာလိုက္လို႔ လူေတြသိကုႏ္ုုၾကတာ။

တ႐ုတ္ျပည္ ဆင္းရဲတဲ့ေဒသေတြမွာ သူလွဴထားတဲ့ စာသင္ေက်ာင္းေပါင္း ၁ဝဝ ေက်ာ္ရွိခဲ့ပါၿပီ။ အရင္တုန္းက အဲဒီေက်ာင္းေတြကို သူလွဴပါတယ္လို႔ေတာင္ ေက်ာင္းက ဆရာ၊ ဆရာမေတြ၊ တာဝန္ရွိသူေတြ မသိပါဘူး။ ေဝးေခါင္တဲ့ေနရာမို႔ တခ်ိဳ႕ေက်ာင္းသားဆို သူ႔နာမည္ေတာင္ မၾကားဖူးပါဘူး… တဲ့..။

Line Walker

တခ်ိဳ႕လွဴဒါန္းမႈက လူသိစရာမလို … ကိုယ့္ရင္ထဲ ေက်နပ္ပီတိျဖစ္ေနရံုေလးသာ…

Line Walker 2 ရုပ္ရွင္ဇာတ္ကားကိုေတာ့ ၾသဂုတ္လ (၈) ရက္ေန႔ တရုတ္ႏုိင္ငံမွာ စတင္ရုံတင္သြားမွာျဖစ္ၿပီး ျမန္မာႏုိင္ငံမွာလည္း လာေရာက္ျပသမယ္လုိ႔ သိရပါတယ္။ ဒါေၾကာင့္ ျမန္မာအေငြ႕အသက္ေတြ လႊမ္းၿခံဳေနတဲ့ Line Walker 2 ရဲ႕ Trailer ကို ေဖာ္ျပေပးလုိက္ရပါတယ္။

Line Walker 2 Trailer ၾကည့္ရန္

ေရးသားသူ – ႏိုင္းႏိုင္းစေန


#Unicode Version

သူငယ်ချင်းတစ်ယောက်က Line walker 2 ရုံတင်နေလို့ သွားကြည့်တာ…. မြန်မာပြည်ကို ရိုက်ထားတာ လှလိုက်တာလို့ဆိုပြီး တင်ထားတာ တွေ့လို့ ကျွန်မလည်း ကျွန်မသိတာလေးတစ်ခု ပြောပြချင်တယ်။

ရုပ်ရှင်အကြောင်းတော့ မဟုတ်ပါဘူး… ကျွန်မမှ မကြည့်ရသေးတာ အဲဒီရုပ်ရှင်ထဲမှာပါတဲ့ မင်းသား Louis Koo အကြောင်း နည်းနည်းပြောပြချင်တာ…။

သူက ဟောင်ကောင်နာမည်ကြီး မင်းသားထဲကတစ်ယောက်ဆိုတာ အများသိပြီးသားပါ။ သူလည်း ပေါတောတောကားတချို့ ရိုက်ဖူးပါတယ်၊ ဝေဖန်ခံရဖူးပါတယ်၊ ဒါပေမဲ့ သူက ပေါကားဆိုပေမယ့် ထိုက်တန်တဲ့ အခကြေးငွေပေးရင် ရိုက်တယ်လို့ ပြောပါတယ်။

ဘာလို့လဲဆိုတော့ သူက အလှူအတန်း အရမ်းလုပ်သူပါ။ ဒါပေမဲ့ သူလှူနေတယ်ဆိုတာကို ဘယ်မီဒီယာကမှ မသိပါဘူး။
နောက်ပိုင်းမှာ သိသွားရတာကလည်း အစီအစဉ်တစ်ခုမှာ သူ့မိတ်ဆွေတစ်ယောက်က ထုတ်ဖော်ပြောလိုက်လို့ လူတွေသိကုန်ုကြတာ။

တရုတ်ပြည် ဆင်းရဲတဲ့ဒေသတွေမှာ သူလှူထားတဲ့ စာသင်ကျောင်းပေါင်း ၁ဝဝ ကျော်ရှိခဲ့ပါပြီ။ အရင်တုန်းက အဲဒီကျောင်းတွေကို သူလှူပါတယ်လို့တောင် ကျောင်းက ဆရာ၊ ဆရာမတွေ၊ တာဝန်ရှိသူတွေ မသိပါဘူး။ ဝေးခေါင်တဲ့နေရာမို့ တချို့ကျောင်းသားဆို သူ့နာမည်တောင် မကြားဖူးပါဘူး… တဲ့..။

တချို့လှူဒါန်းမှုက လူသိစရာမလို … ကိုယ့်ရင်ထဲ ကျေနပ်ပီတိဖြစ်နေရုံလေးသာ…

Line Walker 2 ရုပ်ရှင်ဇာတ်ကားကိုတော့ သြဂုတ်လ (၈) ရက်နေ့ တရုတ်နိုင်ငံမှာ စတင်ရုံတင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း လာရောက်ပြသမယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာအငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ Line Walker 2 ရဲ့ Trailer ကို ဖော်ပြပေးလိုက်ရပါတယ်။

ရေးသားသူ – နိုင်းနိုင်းစနေ