ဒီစည္းကိုေက်ာ္ရဲေက်ာ္ၾကည့္ ငါ့အေၾကာင္းသိမယ္

Photo: Facebook

တခါတုန္းက ရြာတစ္ရြာမွာ အ႐ူးတစ္ေယာက္႐ွိပါတယ္။ အဲဒီအ႐ူးကတေန႔မွာေတာ့ သူ႔အိမ္ကယူလာတဲ့ ငွက္ႀကီးေတာင္ဓား႐ွည္ႀကီးထမ္းၿပီးေတာ့ရြာလယ္ေခါင္မွာ စည္းတစ္ခုဆဲြကာ တားထားလိုက္ပါတယ္။

အဲဒီဆဲြထားတဲ့စည္းေပၚကေနၿပီးေတာ့ ဟိုဘက္ေလ်ွာက္လိုက္ဒီဘက္ေလ်ွာက္လိုက္နဲ႔ ပါးစပ္ကလည္း ဒီစည္းကို ေက်ာရဲတဲ့ေကာင္ေက်ာ္ ၾကည့္ကြ ဒီစည္းကိုေက်ာ္ရဲတဲ့ေကာင္ေက်ာ္ၾကည့္ကြ ငါ့အေၾကာင္းေကာင္းေကာင္းသိမယ္ဆိုၿပီး ေအာ္ေနပါတယ္။

ရြာလယ္ေကာင္မွာ ဟိုဘက္ဒီဘက္ ျဖတ္ဆြဲထားတာဆိုေတာ့ ဒီစည္းကိုေက်ာ္ႏိုင္မွလည္ ကိုယ္သြားလိုသည့္ဘက္ ခရီးဆက္ႏိုင္မွာျဖစ္ပါတယ္။

သို႔ပါေသာ္လည္း မည္သူကမွ ဒီစည္းကိုျဖတ္မေက်ာ္ရဲ ၾကပါဘူး။ ေျပာေနတဲ့သူက အ႐ူးကျဖစ္ျပန္လက္ထဲမွာကလည္း ဓား႐ွည္လက္နက္ႀကီးနဲ႔ဆိုေတာ့ တကယ္အခုတ္ခံရရင္ မလြယ္ဘူးဆိုၿပီးမည္သူမွမျဖတ္ရဲပါဘူး။

အ႐ူးကလည္း ပါးစပ္ကေန ဒီစည္းကိုေက်ာ္ရဲေက်ာ္ၾကည့္ကြဆိုၿပီး ေလ်ွာက္ျမဲေလ်ွာက္ေနလို႔ တျဖည္းျဖည္း လူေတြမ်ားလာပါတယ္။

အဲဒီအခ်ိန္မွာ ရြာထဲက တကယ္သတၱိ႐ွိတဲ့သူ တစ္ေယာက္ေရာက္လာပါတယ္။ သူကလည္းသတၱိ႐ွိသူဆိုေပမဲ့ အခုရင္ဆိုင္ရမွာ အ႐ူးဆိုေတာ့နည္းနည္းလန္႔ပါတယ္။ အ႐ူးဆိုတာကနင္လားငါလားဇြတ္ခုတ္ေနရင္ အခုတ္ခံရလည္းအခက္။ သူ႔ကိုလုပ္လိုက္ျပန္ရင္လည္းအ႐ူးကိုလုပ္ရေကာင္းလားဆိုၿပီး အ႐ူးဝန္းရံသူေတြအေျပာခံရမွာလည္း အခက္ ျဖစ္ေနပါတယ္။

ကဲေနာက္ဆုံး ဒီစည္းေက်ာ္ျဖတ္မွျဖစ္မယ္ဆိုေတာ့ အဲဒီလူက ကဲေက်ာ္တယ္ကြာ ေက်ာ္ေတာ့ဘာျဖစ္သလဲဆိုၿပီး စည္းကိုျဖတ္ေက်ာ္လိုက္ေတာ့.. ခုနကဓားကိုင္ထားတဲ့အ႐ူးက

“ေက်ာ္ေတာ့ေရာက္တာေပါ့ ” တဲ့..

တကယ္က ဓားကိုင္ထားသူကအ႐ူးပါ စည္းကိုေက်ာ္ျဖတ္ရဲရင္ လိုရာခရီးကိုေရာက္ပါတယ္။

ေက်ာ္ရဲတဲ့သတၱိ႐ွိဖို႔ပဲလိုပါတယ္.. အ႐ူးဆြဲထားတဲ့စည္းကို ေက်ာ္ႏိုင္ၾကပါေစ။ ။

မင္းသုည(ဗုဒၶတကၠသိုလ္)


#Unicode Version

တခါတုန်းက ရွာတစ်ရွာမှာ အရူးတစ်ယောက်ရှိပါတယ်။ အဲဒီအရူးကတနေ့မှာတော့ သူ့အိမ်ကယူလာတဲ့ ငှက်ကြီးတောင်ဓားရှည်ကြီးထမ်းပြီးတော့ရွာလယ်ခေါင်မှာ စည်းတစ်ခုဆွဲကာ တားထားလိုက်ပါတယ်။

အဲဒီဆွဲထားတဲ့စည်းပေါ်ကနေပြီးတော့ ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ ပါးစပ်ကလည်း ဒီစည်းကို ကျောရဲတဲ့ကောင်ကျော် ကြည့်ကွ ဒီစည်းကိုကျော်ရဲတဲ့ကောင်ကျော်ကြည့်ကွ ငါ့အကြောင်းကောင်းကောင်းသိမယ်ဆိုပြီး အော်နေပါတယ်။

ရွာလယ်ကောင်မှာ ဟိုဘက်ဒီဘက် ဖြတ်ဆွဲထားတာဆိုတော့ ဒီစည်းကိုကျော်နိုင်မှလည် ကိုယ်သွားလိုသည့်ဘက် ခရီးဆက်နိုင်မှာဖြစ်ပါတယ်။

သို့ပါသော်လည်း မည်သူကမှ ဒီစည်းကိုဖြတ်မကျော်ရဲ ကြပါဘူး။ ပြောနေတဲ့သူက အရူးကဖြစ်ပြန်လက်ထဲမှာကလည်း ဓားရှည်လက်နက်ကြီးနဲ့ဆိုတော့ တကယ်အခုတ်ခံရရင် မလွယ်ဘူးဆိုပြီးမည်သူမှမဖြတ်ရဲပါဘူး။

အရူးကလည်း ပါးစပ်ကနေ ဒီစည်းကိုကျော်ရဲကျော်ကြည့်ကွဆိုပြီး လျှောက်မြဲလျှောက်နေလို့ တဖြည်းဖြည်း လူတွေများလာပါတယ်။

အဲဒီအချိန်မှာ ရွာထဲက တကယ်သတ္တိရှိတဲ့သူ တစ်ယောက်ရောက်လာပါတယ်။ သူကလည်းသတ္တိရှိသူဆိုပေမဲ့ အခုရင်ဆိုင်ရမှာ အရူးဆိုတော့နည်းနည်းလန့်ပါတယ်။ အရူးဆိုတာကနင်လားငါလားဇွတ်ခုတ်နေရင် အခုတ်ခံရလည်းအခက်။ သူ့ကိုလုပ်လိုက်ပြန်ရင်လည်းအရူးကိုလုပ်ရကောင်းလားဆိုပြီး အရူးဝန်းရံသူတွေအပြောခံရမှာလည်း အခက် ဖြစ်နေပါတယ်။

ကဲနောက်ဆုံး ဒီစည်းကျော်ဖြတ်မှဖြစ်မယ်ဆိုတော့ အဲဒီလူက ကဲကျော်တယ်ကွာ ကျော်တော့ဘာဖြစ်သလဲဆိုပြီး စည်းကိုဖြတ်ကျော်လိုက်တော့.. ခုနကဓားကိုင်ထားတဲ့အရူးက

“ကျော်တော့ရောက်တာပေါ့ ” တဲ့..

တကယ်က ဓားကိုင်ထားသူကအရူးပါ စည်းကိုကျော်ဖြတ်ရဲရင် လိုရာခရီးကိုရောက်ပါတယ်။

ကျော်ရဲတဲ့သတ္တိရှိဖို့ပဲလိုပါတယ်.. အရူးဆွဲထားတဲ့စည်းကို ကျော်နိုင်ကြပါစေ။ ။

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)