Sponsored

ရှားပါးရေနေသတ္တဝါ ဧရာဝတီလင်းပိုင်ကို ဖမ်းဆီးသတ်ဖြတ်သည့် ရေးမြို့နယ် ကော့ဒွတ်ကျေးရွာ ကူးတို့ဆိပ်ရှိ ငါးဒိုင်ပိုင်ရှင်ကို ငါးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး ဦးစိုးမင်းက ပြောတယ်လို့ 7Days News မှာဖော်ပြထားပါတယ်။

ဧရာဝတီလင်းပိုင် အသေတစ်ကောင်ကို ငါးဒိုင်သို့ သယ်ဆောင်လာသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ ပျံ့နှံ့ပြီး ယင်းကိစ္စကို စစ်ဆေးရန် ငါးလုပ်ငန်းဦးစီးဌာနက တနင်္သာရီတိုင်း၊ရခိုင်နှင့် မွန်ပြည်နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနများသို့ အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

@Facebook

ယင်းကိစ္စသည် မွန်ပြည်နယ်ရေးမြို့နယ်၌ ဖြစ်ပွားခဲ့သဖြင့် ပြည်နယ်ငါးဦးစီးဌာနက မတ်လ၂၁ ရက်တွင် ကွင်းဆင်းစစ်ဆေး ပြီး ရှားပါးရေနေသတ္တဝါများကိုလိုင်စင်မရှိဘဲ ဖမ်းဆီးရောင်းချသဖြင့် အဆိုပါငါးဒိုင်ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၀ ဖြင့် လမိုင်းရဲစခန်း၌ အမှုဖွင့်ထားသည်ဟု ဦးစိုးမင်းကပြောသည်။

Sponsored

‘‘မျိုးသုဉ်းတော့မယ့် ရေနေသတ္တဝါကို လိုင်စင်မရှိဘဲ ဝယ်ယူစုဆောင်းတာကြောင့် ငါးဒိုင်ပိုင်ရှင်တစ်ဦးတည်းကို အမှုဖွင့်ထား တယ်’’ဟု ၎င်းကပြောသည်။

မြန်မာ့ငါးလုပ်ငန်း ဥပဒေပုဒ်မ ၄၀ တွင် မည်သူမျှ လိုင်စင်မရှိဘဲ ပင်လယ်ထွက်ပစ္စည်းများကို ရှာဖွေစုဆောင်းခြင်း မပြုရဟု ပြဋ္ဌာန်းထားပြီး အဆိုပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၁၀,၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဟု ဖော်ပြထားသည်။

@Facebook

ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ‘‘ဥပဒေအရတော့ ကျွန်တော်တို့က အမှုဖွင့်ခဲ့တယ်၊ အရေးယူမှုအပိုင်း ပြစ်မှုပြစ်ဒဏ်ကျတော့ တရားသူကြီး စီရင်မှုနဲ့ ဆိုင်ပါတယ်’’ဟု ပြောသည်။

ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ထားသည့် ဧရာဝတီလင်းပိုင်များသည် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် နေထိုင်ကျက်စားသည်။ ယခုနှစ်အတွက် ဧရာဝတီလင်းပိုင် ကျက်စားသော မန္တလေးမှ ဗန်းမော်ထိ မြစ်ကြောင်းတစ်လျှောက် စစ်တမ်းကောက်ယူရာ လင်းပိုင် ၇၅ ကောင်နှင့်အထက် တွေ့ရှိခဲ့သည်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *