Sponsored

ရှမ်းပြည်နယ် ဖယ်ခုံမြို့မှာ ကြွက်တွေနှိမ်နင်းကာကွယ်ဖို့အတွက် လွှတ်ပေးခဲ့တဲ့ မြွေတွေဟာ လူကို အန္တရာယ်မပြုနိုင်တဲ့လင်းမြွေတွေသာ ဖြစ်တယ်လို့ ရှမ်းပြည်နယ်သစ်တောဦးစီးဌာနက ဇန်နဝါရီလ ၂၁ရက် ညနေပိုင်းက ပြန်လည် ရှင်းလင်းခဲ့ပါတယ်။

လားရှိုးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးရမိခဲ့တဲ့လင်းမြွေ (၂၅၂)ကောင်ကို ကြွက်တွေ သောင်းကြမ်း နေတဲ့ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာအချို့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီးရဲ့ အစီအမံနဲ့ ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းက လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo – MeKongNews / MPA

လားရှိုးမြို့နယ်တွင် ဖမ်းဆီးရမိပြီး ပေးပို့လာတဲ့လင်းမြွေ (၂၅၂)ကောင်ထဲမှ (၃)ကောင်သေဆုံးခဲ့ပြီး ကျန်တဲ့ (၂၄၉) ကောင်ကို ရွာအသီးသီးမှာလွှတ်ပေးခဲ့တာဖြစ်ပါတယ်။

Sponsored

အလယ်ကယန်းကျေးရွာအုပ်စု၊ ပြင်ဆောင်ကျေးရွာတွင် (၆၃)ကောင်၊ သိကျိတ်ကျေးရွာအုပ်စု၊ မောင်တိုးသစ်ကျေးရွာ မှာ (၉၅)ကောင်၊ သိကျိတ်ကျေးရွာအုပ်စု သိကျိတ်ကျေးရွာတွင် (၃၁)ကောင်နဲ့ သိကျိတ်ကျေးရွာအုပ်စု၊ လေဒူကောင်းကျေးရွာတွင် (၅၉) ကောင် အသီးသီး လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo – MeKongNews / MPA

ယခုလို ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးမှ မြွေတွေ လာရောက်လွတ်ခြင်းဟာ မဖြစ်သင့်ဘူးလို့လည်း ကယန်းဒေသဖွံ့ဖြိုးရေးအဖွဲ့ (KRDO) မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုမိုက်ကယ်က ဝေဖန်ပြောဆိုသွားပါတယ်။

ကိုမိုက်ကယ်က “ဝန်ကြီးက ကြွက်ထတဲ့အချိန်မှာလာမကူဘဲ အခုချိန်ကြွက်တွေမရှိသလောက်ဖြစ်တဲ့အချိန်မှ မြွေလာလွတ်တယ်ဆိုတော့ ဒါမဖြစ်သင့်ဘူးလို့ကျနော့်တစ်ယောက်အနေနဲ့မြင်တယ်၊ ဒေသခံတွေ မြွေအန္တရာယ်ကြောက်နေရတာမျိုးလည်း ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရာသီစပါးပေါ်ချိန် ကြွက်တွေက သီးနှံတွေကို နှစ်စဉ်ဖျက်ဆီး လေ့ရှိပြီး လက်ရှိအချိန်တွင်မူ သီးနှံပေါ်ချိန်မဟုတ်တော့တဲ့အတွက် ကြွက်သောင်းကျန်းတာ နည်းသွားတယ် လို့ ဖယ်ခုံဒေသခံတစ်ဦးက ပြောပါတယ်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *