Sponsored

မြို့နယ်တရားရုံးကို ဖိနပ်နဲ့ပစ်ပေါက်မှု၊ တရားစီရင်ရေးကဏ္ဍကို ဝေဖန်ပြောကြားမှုတွေကြောင့် အမှုတွေ ရင်ဆိုင်နေရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းဟာ အမှုတစ်ခုအတွက် ထောင်ကနေ လွတ်ရက်စေ့လို့ ဒီကနေ့ ပြန်လွတ်လာပါတယ်။

ရင်ဆိုင်နေရဆဲ အမှု နှစ်ခုရှိပေမယ့် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ဒီကနေ့ အာမခံပေးဖို့ အမိန့်ချတာကြောင့် အမှုတွေကို ပြင်ပကနေ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Photo – Kaung Zaw Hein / MPA

တာဝန်ကျ ရဲတပ်သားအားဆဲဆိုမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ ရှေ့နေ ဦးဇော်ဝင်းကို ပုသိမ်ကြီးမြို့နယ် တရားရုံးက ဒီကနေ့ ကျပ် သိန်း ၁၀၀၀ နဲ့ အာမခံပေးလိုက်ပါတယ်။

Sponsored

ရှေ့နေဦးဇော်ဝင်းရုံးချိန်းသို့ရောက်ရှိလာစဉ် ဗကသ ကျောင်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃၀ လောက်က လာရောက် ဝန်းရံကြပါတယ်။

Photo – Kaung Zaw Hein / MPA

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *