ကျားဖောင်၊ ငရဲခန်း၊ အစိုးရအာဏာမဲ့နေတဲ့ ဖျာပုံမြို့က လူ့အခွင့်အရေးချိုးဖောက်ရာနေရာ

@Facebook

လောကငရဲပဲ ၂၀၁၈ ထဲအမျိုးထဲကတယောက်ပါသွားလို့ လိုက်ကယ်ဖူးတယ် အဲထဲက အချက်အလက်တွေစုထားတယ် ပြည်တွင်းမှာပထမဆုံး BBC က ဒီကိစ္စကိုတင်ပြခဲ့တာဖြစ်တယ် ဒေါငြိမ်းရွာလဲ ပါတယ်

ရေတပ်ကလူတွေလဲသိတယ် ဒေသအာဏာပိုင်တွေလွတ်တော်အမတ်တွေက အစ ပါးစပ်ပိတ်ထားကြတယ် သူတို့ရွာအဝင်လမ်းတွေဟာ ဓာတ်တွေသိတွေပဲလာ အပြင်လူတွေ ဒေသအာဏာပိုင်တွေ မလာအောင် လမ်းတွေကို မပြင်ဘူး ရွာထဲမှာတော့ကွန်ကရစ်တွေခင်းထားတယ် လုပ်ငန်း ခွင်က ပင်လယ်ထဲမှာမို့ စီစစ်ရတာခက်ခဲနေတယ် လူထောင်သောင်းချီပြီးသေဆုံးမှုတွေရှိတယ် လို့သိရတယ်။

ဒီကိစ္စတွေကတော်တော်ကြာပြီ ဖြစ်တယ် လူတွေလဲတော်တော်သေတယ် ကျားဖောင်လုပ်ငန်းပိုင်ရှင်တွေ လူစာရင်းအရ ၁၀၆ ဦးရှိတယ် လူ့အခွင့်အရေးစောင့်ကြည့်ရေးက တိတ်တဆိတ်လေ့လာထားတယ်တဲ့ နောက်ပြီး အဲဒီကထွက်တဲ့ ငါးပိ ငါးခြေက်ဟာ ညောင်ပင်လေးဈေးကိုရောက်တယ်။

@Facebook

အခုကျနော်တို့စားနေတဲ့ ငါးခြောက်တွေ ပစွန်ခြောက်တွေဟာ တကယ်တော့ လူ့အသက်နဲ့ရင်းပြီးရလာတာတွေ မကြာခင်က ထိုင်းနိင်ငံမှာလဲ ဖြစ်ခဲ့တယ်။

ယာဘ WY တွေကျွေးပြီး ငါးဖမ်းလှေ ပေါ်မှာ ခိုင်းတဲ့ ကိစ္စ လူအခွင့်ရေး ကိစ္စတွေကြောင့် ဒီဈေးကွက်တောင် ကမ္ဘာကပိတ်ခိုင်းတယ် အဲဒီလိုပဲ ဒီမှာလဲ ယောက်ကျားရင့်မာကြီးတွေတောင် ခိုင်းတာမလုပ်ရင် သတ်တဲ့ ကိစ္စ လွတ်လမ်းက ပင်လယ်ကို လက်ပြစ်ကူးဖို့ပဲရှိတယ် ဒါတွေဟာ ပုံပြင်မဟုတ်ဘူး တကယ်ဖြစ်ခဲ့တာတွေ

သူတို့ဟာ ပြစ်မှတ်လူတွေကို တောကြိုအုံကြားကနေရှာတယ် သဘောတူညီမှုအရ ၃သိန်းပေးတယ် ပြီးတော့ ပြန်လမ်းမရှိတော့ဘူး သေတဲ့သူများတယ်။

@Facebook

အစိုးရက သိလားဆို သိတော့ သိတယ် ရိုးရိုးသားသားပဲ ထင်ကြတယ် ဒီကိစ္စတွေကို နဲ့ လူတွေသေဆုံးမှုဟာ တပတ်ကို ၁ယောက်နူန်းဖြစ်တယ်လို့ သတင်းတွေမှာဖတ်ရတယ် တော်တော် လူမဆန်တဲ့ ကိစ္စတွေပါဗျ။

ပြည်တွင်းမီဒိယာတွေ အနေနဲ့ အခု တက္ကသိုလ်ကျောင်းသား ကိစ္စကို အခြေပြုပြီး ဖိအားပေးဖို့ နဲ့ ဒီကိစ္စ ကို ရေမြေအဆုံးလိုက်ပြီး တင်ပြပေးစေဖို့ ကျနော် အားကိုးတကြီး မေတ္တာရပ်ခံပါတယ် ဂိုဏ်းဆန်ဆန် လှုပ်ရှားတာမို့ သတိထားဖို့တော့လိုပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ငါးဖမ်းကျားဖောင်တွင် လူငယ်တစ်ဦးရောင်းစားနှိပ်စက်ခံရမှုအတွက် တိုင်းအစိုးနှင့်အတူ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က မဇ္စျိမကို ပြောသည်။

@Facebook

လူသားကို ကုန်ပစ္စည်းသဖွယ်ရောင်းကြတယ်။ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးခဲ့တယ်။ ရှေ့ပိုင်းက လူကုန်ကူးမှုမှာ အထောက်အထားမပြနိုင်တာတွေ ရှိပါတယ်။ အခုဟာကတော့ အထောက်အထားနဲ့ ပြနိုင်ပါတယ်။ အဲ့တော့ ဖြစ်လာပြီဆိုတော့ စက်ဆုပ်ရွံရှာစရာကောင်းတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက် ဒါကို ပပျောက်အောင် ဘယ်လိုလုပ်မယ်ဆိုတာကတော့ ဒါအဓိကတာဝန်ရှိတာကတော့ တိုင်းအစိုးရမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ကလည်း ဘယ်လိုနည်းနဲ့ တိုင်းအစိုးရရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ကူညီနိုင်မလဲဆိုတာက ကျွန်တော်တို့ နည်းလမ်းရှာဖွေရမှာပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ လူကုန်ကူးခံရမှုအတွက် ကာယကံရှင်ကို မေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပါတီအစည်းအဝေးတွင်လည်း လူကုန်ကူးမှုပပျောက်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ပြောသည်။

@Facebook

ဒီသတင်းက ဒီရက်ပိုင်းမှပဲ ပေါ်လာတာဆိုတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့အစည်းအဝေးကတော့ ဒါကိုတင်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။ လာမယ့်အစည်းအဝေးတွေမှာ ကျွန်တော်တို့ မဖြစ်မနေ တင်ပြမှာပါ။ ဒီအတွင်းမှာလည်း ကျွန်တော်တို့ အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ မေးမြန်းမှာပါ။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီဟာမျိုးဆက်မဖြစ်အောင်တော့ ကျွန်တော်တို့ ကူညီဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဒဂုံတက္ကသိုလ်မှ သမိုင်းဘာသာရပ် နောက်ဆုံးနှစ်ကျောင်းသား ကိုမြတ်သူရထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာရှိ ငါးဖမ်းကျားဖောင်တစ်ခုတွင်ရောင်းစားခံခဲ့ရပြီး နှစ်လနီးပါးကြာ အလုပ်လုပ်ကိုင်ခဲ့ရသည်။ လက်ရှိအချိန်တွင် ၎င်း၏ မိသားစုဝင်များက စုံစမ်းသိရှိပြီး ငွေရှစ်သိန်းနှင့် ပြန်ရွေးယူနိုင်ခဲ့သော်လည်း ကိုမြတ်သူရထွန်းသည် နားရွက်တစ်ဖက်အပေါ်ပိုင်းပြတ်ဒဏ်ရာ၊ နှိပ်စက်ခံထားရသောဒဏ်ရာများနှင့်စိတ်ဒဏ်ရာများရနေကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။ ၎င်းနှင့်အတူ လူကုန်ကူးခံထားရသူ နှစ်ဦးမှာလည်း ကျားဖောင်တွင် ဆက်လက်ကျန်ရှိနေသေးကြောင်း သိရသည်။