Sponsored

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးနဲ့ အေးအတူ ပူအမျှ အသိုက်အဝန်း ဖော်ဆောင်ရေး ကိစ္စရပ်တွေကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတတို့ ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ လာရောက်တဲ့ ချစ်ကြည်ရေးခရီးစဉ်ရဲ့ ပထမနေ့က သမ္မတအိမ်တော်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

Photo: BBC

ဒီကနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ တရုတ်သမ္မတ ရဲ့ ဒုတိယနေ့ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့တွေ့ဆုံနေကြပြီး ကျောက်ဖြူစီမံကိန်း၊ နယ်စပ်ဒေသစီမံကိန်းတွေအပါအဝင် မြန်မာ- တရုတ် နှစ်နိုင်ငံကြား သဘောတူစာချွန်လွှာ၃၃ခုကို ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဘီဘီစီသတင်းမှာဖော်ပြထားပါတယ်။

Sponsored
Photo: BBC

သဘောတူစာချုပ်တွေထဲမှာ ရွှေလီ – မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များလျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ၊ရန်ကုန် မြစ်၀ အနောက်ဘက်ကမ်း ထိန်းသိမ်းရေးစီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၊ တရုတ် အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနဲ့ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းရေး၊ ၃နှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ လဲလှယ်မှုစာချွန်လွှာစတဲ့ သဘောတူစာချုပ်တွေကို ၂နိုင်ငံကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။

Photo: BBC

ဒီထဲမှာ ဒေသခံတွေ ကန့်ကွက်နေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီးတော့လည်း ရေနက် ဆိပ်ကမ်းစီမံကိန်း ဆိုင်ရာ သဘောတူစာချုပ်နဲ့ အစုရှယ်ယာများနဲ့ သက်ဆိုင်သောသဘောတူစာချုပ် ကိုလည်း လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *