Sponsored

အလှမယ် TV အကျော်အမော် Kourtney Kardahsian ကတော့ သူမဟာ ကိုယ်လုံးတီးနေရတဲ့အရသာကို အလွန်ကြိုက်နှစ်သက်ကြောင်းဖွင့်ဟလာပါတယ်။ ဒီလိုနေဖို့အကြောင်းပြချက်တစ်စုံတရာမလိုအပ်သလို အဝတ်ဗလာနေချိန်ဆို သူမရဲ့အလှကို ပိုပြီးခံစားမိတယ်လို့ လည်းပြောခဲ့ပါသေးတယ်။

@Instagram

ကလေး သုံးယောက်အမေဖြစ်တဲ့ သူမကို အစီအစဉ်တစ်ခုမှာ ဘယ်လိုအချိန်မှ သင့်ကိုယ်သင်ဆွဲဆောင်မှုအရှိဆုံးလို့ထင်ပါသလဲဟူသော အမေးကို သူမက ” ကိုယ်လုံးတီးနေတဲ့အချိန်ပါ” လို့ပြန်ဖြေခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ကိုယ်အလှနဲ့ပတ်သတ်ပြီးထုတ်ဖော်ပြောဆိုတာ ပထမဆုံးမဟုတ်ပါဘူး။

မနှစ်က သူမရဲ့ Instagram စာမျက်နှာက ပုံတစ်ပုံဟာလည်း တော်တော်လေးရေပန်းစားခဲ့ပါတယ် ။ အပျော်စီးလှေတစ်စင်းအပေါ်က အနက်ရောက်ရေကူးဝတ်စုံနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ပုံပဲဖြစ်ပါတယ်။ ထိုဝတ်စုံကြောင့် သူမရဲ့ တင်သားပေါ်က အကြောပြတ်အရာလေးတွေ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပြီး သူမက အဲ့ဒါကို ဂုဏ်ယူစွာပြောပါတယ်။

Sponsored
@Instagram

ဒါ့အပြင် သူမရဲ့ ပရိသတ်တစ်ယောက်ကဆို သူမရဲ့ သဘာဝကျကျ အလှကို ချီးကျူးခဲ့ပြီး တချို့ဆို အကြောပြတ်ရာတွေကို ရှက်စရာလို့ထင်ကြတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့အပြင် Poosh Website ရဲ့ ပိုင်ရှင်လည်းဖြစ်သူ သူမက ” ကျွန်မရဲ့ အကြောပြတ်အရာ လေးတွေကို ချစ်ပါတယ်” လို့ သူမကိုယ်တိုင်ပြောခဲ့ပါတယ်။

သူမရဲ့ အမျိုးသမီးပရိတ်သတ်တစ်ယောက်ကဆို “ Kourtney မင်းရဲ့ သဘာဝကျမှုအတွက် ကျေးဇူးတင်ပါတယ်။ မင်းကြောင့် ငါတို့ ရဲ့ လှပတဲ့ကလေးလေးတွေ ငါ့တို့ကို ပေးခဲ့တဲ့ အရာလေးတွေကို ဂုဏ်ရှိရှိထုတ်ပြနိုင်ပြီ ” လို့လည်းပြောခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ညီမအငယ်ဆုံးဖြစ်သူ အသက် ၂၂ နှစ်အရွယ် Kylie ကလည်း သူ့အစ်မရဲ့ အကြောပြတ်ရာတွေနည်းတူ သူမရဲ့ ကလေးလေးမွေးစဉ်က ရရှိခဲ့တဲ့ အကြောပြတ်အရာလေးတွေကို ထုတ်ဖော်ခဲ့ပါသေးတယ်။

@Instagram

သူမက ” ကျွန်မဒါလေးတွေကို မဖျက်ရသေးပါဘူး။ဒါဟာ ကျွန်မရင်သွေးလေးပေးတဲ့ လက်ဆောင်လို့ သတ်မှတ်ပါတယ် ” လို့လည်းပြောခဲ့ပါတယ်။

Writer- ZWP ( The Lifestyle Myanmar )
Source – The Mirror

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *