Sponsored

မြန်မာနိုင်ငံမှ ခွဲစိတ်ခန်းသုံး ဝတ်စုံ အစုံ ၈၀၀၀၀ သယ်ဆောင်လာတဲ့ တောင်ကို ရီးယားစစ်လေယာဉ် ၂ စင်းဟာ ဒီကနေ့မှာ ကိုရီးယားနိုင်ငံဆီ ချောချောမောမော ဆိုက်ရောက်လာတယ်လို့ ဆိုးလ်မြို့အခြေစိုက် ယွန်ဟက်ပ်သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

C-130J အမျိုးအစား စစ်လေယာဉ်တွေကို အရပ်ဘက်ဆိုင်ရာ ကိစ္စရပ်တွေအတွက် အသုံးပြုမှုဟာ ဒါက ပထမအကြိမ်ဖြစ်လာခဲ့ပြီး ဆိုးလ်အနောက်ပိုင်း ဂင်မ်ပိုအပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီကို နာရီ ၂၀ လောက် မောင်းနှင်ပျံသန်းကာ ဒေသစံ တော်ချိန် မနက် ၄ နာရီလောက်မှာ ရောက်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Photo: Yonhap

ဒီဝတ်စုံတွေကိုတော့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Sponsored

ခုလိုခွဲစိတ်ခန်းသုံးဝတ်စုံတွေ သယ်ဆောင်မှုဟာ ကိုရီးယားအစိုးရက မြန်မာနိုင်ငံ မှာလည်ပတ်လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီတခုဆီကတဆင့် ဝယ်ယူခဲ့တာဖြစ်ပြီး နိုင်ငံအနှံ့ အရေးတကြီးလုပ်ဆောင်လည်ပတ်နေကြရတဲ့ COVID-19 ရောဂါစောင့် ကြည့်ထိန်းချုပ်ရေးစင်တာတွေမှာ အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

Photo: Yonhap

ဒါပေမယ့် လက်ရှိကာလမှာတော့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပြေးဆွဲနေတဲ့ Korean Air လေကြောင်းလိုင်းကို ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ထိန်းချုပ်တဲ့အနေနဲ့ ရပ်ဆိုင်းထား ခဲ့တဲ့အတွက် အဲဒီအစား စစ်သုံးလေယာဉ်တွေကို အသုံးခဲ့ရတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးလုပ်ငန်းတွေ အားလုံးကို တတ်နိုင်သမျှ အားထုတ်လုပ်ဆောင်နေပြီး နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံး သူ ၈၄ ဉီးအပါအဝင် စုစုပေါင်း ကူးစက်ခံရသူ ၈၄၁၃ ဦး ရှိလာပြီလို့ ကိုရီးယားနိုင်ငံ ရောဂါထိန်းသိမ်းရေးနဲ့ ကာကွယ်ရေးစင်တာ(ကေစီဒီစီ)က ထုတ်ပြန်ထားပါတယ်။

ကိုးကား-Yonhap

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *