Sponsored

၂ နှစ်ကျော်ကြာ ပျောက်ဆုံးနေသူဟာ ဖျာပုံပင်လယ်ကျားဖောင်မှာ ရောင်းစားခံထားရတာ ဖြစ်ပြီး ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် မိသားစုဝင်တွေက ကြိုးစားနေပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ နေထိုင်နေတဲ့ အသက် ၃၇ နှစ်အရွယ်က ကိုထွန်းနိုင်စိုးဟာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရန်ကုန်ကနေ ပျောက်သွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက ရန်ကုန်မြို့က လူကုန်တားရဲတပ်ဖွဲ့နဲ့ ဖျာပုံက လူကုန်တားရဲ့တပ်ဖွဲ့ကို တိုင်ကြားထားခဲ့တာပါ။

ကိုထွန်းနိုင်စိုး ပျောက်ဆုံးနေတဲ့အပေါ် လိုက်ရှာရာကနေ အခုနှစ်ဇန်နဝါရီလမှာ ဖျာပုံမြိုနယ် ချောင်းဝရွာက ပင်လယ်ကျားဖောင်တွေပေါ်မှာ လူပွဲစားတွေရဲ့ရောင်းစားချင်းခံရတဲ့ ရေလုပ်သား နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီး မျက်မြင်တွေ့ခဲ့တယ်ဆိုတာကြောင့် သက်သေတွေနဲ့အတူ လူကုန်တားရဲစခန်းကတဆင့်ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။

Sponsored

ကိုထွန်းနိုင်စိုးကို ပြန်လည်ခေါ်ယူနိုင်ဖို့ ရန်ကုန်လူကုန်တားရဲတပ်ဖွဲ့ရဲ့ လွှဲစာနဲ့ ဖျာပုံ လူကုန်တားရဲတပ်ဖွဲ့ကနေ ခေါ်ယူဖို့ လုပ်ဆောင်နေတာလို့ ပျောက်ဆုံးသူရဲ့အစ်မ ဒေါ်ချိုချိုစိုးက ဆိုပါတယ်။

ဖျာပုံမြို့နယ် ချောင်းဝရွာက ပင်လယ်ကျားဖောင်တွေမှာ လူပွဲစားတွေရဲ့ ရောင်းစားချင်းခံခဲ့ရပြီး ၅ လလောက် ကျားဖောင်လုပ်ငန်း လုပ်ကိုင်ခဲ့ရသလို မိသားစုတွေရဲ့ ရှာဖွေကယ်ဆယ်မှုကြောင့် ပြန်လည်လွတ်မြောက်လာတဲ့ ဧရာဝတီတိုင်း ဇလွန်မြို့နယ်က ကိုအေးမင်းအောင်ကတော့ ကိုထွန်းနိုင်စိုးကို ပင်လယ်ကျားဖောင်ပေါ်မှာ ကိုယ်တိုင်မြင်တွေ့ခဲ့တယ်လို့ ပြောပါတယ်။

မိသားစုဝင်တွေကတော့ ကိုထွန်းနိုင်စိုး စတင်ပျောက်ချိန်ကတည်းက သက်ဆိုင်ရာကို တိုင်ကြားထားတာဖြစ်သလို ဖျာပုံမြို့နယ်လူကုန်တားရဲတပ်ဖွဲ့ကိုလည်း ၂၀၁၉ နှစ်ကနေ လက်ရှိ အချိန်အထိ တိုင်ကြားမှုတွေ ၃ ကြိမ်လောက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုဝင်တွေကတော့ ကိုထွန်းနိုင်စိုးကို ပြန်လည်ခေါ်ဆောင်ခွင့်ရဖို့ ကြိုးစားမှာဖြစ်သလို ပိုင်ရှင်နဲ့တွေ့ဆုံလို့ အဆင်မပြေရင်လည်း အဆင့်ဆင့်ကြိုးစားသွားမယ်လို့ ပျောက်ဆုံးသူရဲ့အစ်မ ဒေါ်ချိုချိုစိုးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့ကို ၂ နှစ်အတွင်း တိုင်ကြားမှု ၁၂ မှုရှိပြီး အဲဒီအထဲမှာ ကျားဖောင်လုပ်ငန်းနဲ့ပတ်သက်လို့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကိုထွန်းနိုင်စိုးအမှုနဲ့ပတ်သက်လို့ ရေလုပ်ငန်းရှင်ကိုတွေ့ဆုံမေးမြန်းရာမှာ မရှိဘူးလို့ ငြင်းဆို ခဲ့တာရှိသလို ရန်ကုန်တိုင်း လူကုန်တားရဲတပ်ဖွဲ့ရဲ့လွှဲစာအပေါ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဖြေရှင်းပေးမယ်လို့ ဖျာပုံမြို့နယ် လူကုန်တားရဲ့တပ်ဖွဲ့က ပြောပါတယ်။

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *