Sponsored

ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ၁၀၀၀ ကျပ်တန်အောင်ဘာလေထီရဲ့ ၁၁ ကြိမ်မြောက်အဖြစ် ပေါက်မဲဆုတွေ ထွက်ရှိခဲ့ပါတယ်…. ။

အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ် သိန်း တစ်သောင်းခွဲဆုကိုတော့ မြိတ်မြို့မှာနေထိုင်တဲ့ ကိုဂျပန်နဲ့ မအေးအေးမိုးတို့ မိသားစုက ရတနာသိန်းထိုက်အောင် ထီဆိုင်ကနေ ဆွတ်ခူးခဲ့တာ ပရိသတ်ကြီးတို့လည်း အသိပါ….။

@Facebook

ဒီလို သိန်းတစ်သောင်းခွဲဆုရှင်တွေဟာ နောက်ထပ် သိန်း တစ်ထောင်ဆုကိုလည်း သူတို့ပဲ ထပ်မံပေါက်ခဲ့တယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန့်နှံ့ခဲ့ပါတယ်..။

Sponsored

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဟုတ်မဟုတ်ကို ကာယကံရှင်တွေက မေးမြန်းခဲ့ရာမှာ တခြားဘာဆုမှမပေါက်ဘဲ သတင်းမှားသာဖြစ်တယ်လို့ Duwun သတင်းဌာနက တင်ပြထားတဲ့ သတင်းအရ သိရပါတယ်…။

@Facebook

သိန်းတစ်သောင်းခွဲပေါက်ခဲ့တဲ့ ကာယကံရှင်ဖြစ်သူ မအေးအေးမိုးက ကျပ်သိန်းတစ်သောင်းခွဲဆုကလွဲပြီး တခြားဘာဆုမှမပေါက်တဲ့အကြောင်း၊ အခုပေါက်တဲ့ ဆိုင်ကလွဲပြီး တခြားမှာလည်း ထီမထိုးဘူးဘဲ သတင်းအမှားတွေ မတင်ကြဖို့ ဆိုခဲ့ပါတယ်…ဒါ့အပြင် သူတို့ သိန်းတစ်သောင်းခွဲပေါက်ခဲ့တဲ့ ထီကိုယ်စားလှယ်ကြီးကိုလည်း သတင်းအမှန်ပြန်တင်ပေးဖို့ ပြောထားတယ်လို့ ဆိုပါတယ်…။

ဒါကြောင့် သိန်းတစ်သောင်းခွဲပေါက်ခဲ့သူ ကံထူးရှင်တွေဟာ နောက်ထပ် သိန်းတစ်ထောင်ဆုပေါက်တယ်ဆိုတာမဟုတ်ဘဲ သတင်းအမှားသာဖြစ်တဲ့အကြောင်း ပရိသတ်ကြီးတို့ သိရှိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *