Sponsored

Russia နိုင်ငံသား Light Weight Champion ခါဘစ်က သူ၏ ပြိုင်ဘက်များကို မည်သူ့ကိုမျှ ကြောက်ရွံ့နေမှာ မဟုတ်ဟု သတိပေးပြောကြားလိုက်ပါတယ်။

လာမည့် April လ 18 ရက်နေ့မှာ Khabib သည် အမေရိကန်နိုင်ငံသား Tony Ferguson နှင့် New York မြို့ Brooklyn ပြည်နယ်မှာ ယှဉ်ပြိုင်ထိုးသတ်တော့မှာ ဖြစ်ပြီး ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်လို့ အများစုကသုံးသပ်နေကြပါတယ်။ ၎င်းရုရှားနိုင်ငံသားဟာ ၂၈ ပွဲဆက် ရှုံးပွဲမရှိစံချိန်တင်ထားနိုင်သူပါ။

@Twitter
@Twitter

28 ပွဲ ရှုံးပွဲမရှိစံချိန်ကြောင့် လိုက်ဝိတ်တန်းပြိုင်ပွဲမှာ ပြိုင်ဘက်ကင်းတဲ့ ခါဘစ်ဟာ မကြာသေးမီကမှ နိုင်ပွဲနှင့်အတူ ပြန်လာခဲ့သော ပြိုင်ဘက်ဟောင်း McGregor နှင့် သူ၏ ပရိသတ်များကို ” ဘယ်သူက နံပါတ်တစ်လဲ “ဟု ကြွေးကြော်ပြောကြားလိုက်ပါတယ်။

Sponsored
@Twitter

သူတို့ကိုပြောလိုက်ပါ ” ဘုရင်တွေဆိုတာ ဘယ်တော့မှ ထွက်မပြေးတတ်ပါဘူး ငါအရောက်လာမှာပါ ” ဟု ကြွေးကြော်ကာ Boxing လေ့ကျင့်ခန်းအစီအစဉ်တစ်ခု ပြုလုပ်နေစဉ်အတွင်း video ရိုက်ကူးကာ လူမှုကွန်ရင်ပေါ်သို့တင်ခဲ့ပါတယ်။

McGregor ပြန်လာခြင်းဟာ ပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်းတွေ စောင့်ကြည့်ရမှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။

@Twitter

Writer – AZO ( The Lifestyle Myanmar )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *