Sponsored

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်းရှိ တပ်မတော်စခန်းကို ဇန်နဝါရီ ၃၀ ရက် မနက်က ကေအိုင်အေအဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးအပါအဝင် ၂၁ ဦးဟာ လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

ကေအိုင်အေတပ်ဖွဲ့ဝင်တွေဟာ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် ဆန္ဒရှိလာခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာတာလို့ ဆိုပါတယ်။

Photo: DVB

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကို မုံးကိုးတပ်နယ်က တာဝန်ရှိသူတွေက ကြိုဆိုခဲ့ကြပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Sponsored

ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *