ကရင္ျပည္နယ္အက်ဥ္းေထာင္ေတြက လြတ္လာသူ ၂၀၀ ေက်ာ္မွာ ႏိုင္ငံျခားသားလည္းပါ

7daytv

ႏုိင္ငံေတာ္သမၼတရဲ႕ လြတ္ၿငိမ္းသက္သာခြင့္္အမိန္႔နဲ႔ ကရင္ျပည္နယ္ အက်ဥ္း ဦးစီးဌာနက အက်ဥ္းသား ၂၀၀ ေက်ာ္ လြတ္ေျမာက္လာခဲ့ပါတယ္။

ကရင္ျပည္နယ္ အက်ဥ္းဦးစီးဌာနေအာက္မွာ႐ွိတဲ့ ဘားအံအက်ဥ္းေထာင္ လကၡဏ စိုက္ပ်ဳိး ေမြးျမဴေရး အက်ဥ္းစခန္းနဲ႔ မာလာဖူးေက်ာက္ထုတ္အက်ဥ္းစခန္းတုိ႔က အက်ဥ္းသား ၂၆၂ ဦး လြတ္ေျမာက္လာခဲ့တာျဖစ္ပါတယ္။

7daytv

ဘားအံအက်ဥ္းေထာင္မွာေတာ့ အက်ဥ္းသား ၁၅၆ ဦး၊ လကၡဏစခန္းက အက်ဥ္းသား ၄၂ ဦးနဲ႔ မာလာဖူးစခန္းက အက်ဥ္းသား ၆၄ ဦတုိ႔ လြတ္ေျမာက္လာလဲ့ၿပီး အဆုိပါလြတ္လာသူေတြထဲမွာေတာ့ မိန္းကေလး ၂၁ ဦး ပါဝင္တာပါ။

လြတ္ေျမာက္လာသူေတြထဲမွာ ႏိုင္ငံျခားသားႏွစ္ဦး ပါဝင္ၿပီး လြတ္ေျမာက္လာသူအမ်ားစုက မူးယစ္ေဆးဝါးမႈနဲ႔ ပါဝင္သူေတြမ်ားတယ္လုိ႔ သိရပါတယ္။

လြတ္ေျမာက္လာသူေတြကို ကရင္ျပည္နယ္ အက်ဥ္းဦးစီးဌာနက ခရီးစရိတ္အျဖစ္ ေငြက်ပ္ ၅၀၀၀ ေထာက္ပ့ံေပးထားၿပီး ယာဥ္ေတြနဲ႔လည္း ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။

ဒီကေန႔ ႏွစ္ဆန္းတစ္ရက္ေန႔မွာေတာ့ နုိင္ငံေတာ္သမၼတဦးဝင္းျမင့္ရဲ႕ လြတ္ၿငိမ္းသက္သာခြင့္အမိန္႔နဲ႔ တစ္ႏုိ္င္ငံလုံးက အက်ဥ္းသား ၉၀၀၀ ေက်ာ္ကုိ လြတ္ၿငိမ္းသက္သာခြင့္ေပးလုိ္က္တာျဖစ္ပါတယ္။

႐ုပ္သံသတင္းေထာက္ – ေစာေအာင္မင္းဦး
Via: 7day


#Unicode Version

နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့််အမိန့်နဲ့ ကရင်ပြည်နယ် အကျဉ်း ဦးစီးဌာနက အကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာခဲ့ပါတယ်။

ကရင်ပြည်နယ် အကျဉ်းဦးစီးဌာနအောက်မှာရှိတဲ့ ဘားအံအကျဉ်းထောင် လက္ခဏ စိုက်ပျိုး မွေးမြူရေး အကျဉ်းစခန်းနဲ့ မာလာဖူးကျောက်ထုတ်အကျဉ်းစခန်းတို့က အကျဉ်းသား ၂၆၂ ဦး လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ဘားအံအကျဉ်းထောင်မှာတော့ အကျဉ်းသား ၁၅၆ ဦး၊ လက္ခဏစခန်းက အကျဉ်းသား ၄၂ ဦးနဲ့ မာလာဖူးစခန်းက အကျဉ်းသား ၆၄ ဦတို့ လွတ်မြောက်လာလဲ့ပြီး အဆိုပါလွတ်လာသူတွေထဲမှာတော့ မိန်းကလေး ၂၁ ဦး ပါဝင်တာပါ။

လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံခြားသားနှစ်ဦး ပါဝင်ပြီး လွတ်မြောက်လာသူအများစုက မူးယစ်ဆေးဝါးမှုနဲ့ ပါဝင်သူတွေများတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူတွေကို ကရင်ပြည်နယ် အကျဉ်းဦးစီးဌာနက ခရီးစရိတ်အဖြစ် ငွေကျပ် ၅၀၀၀ ထောက်ပံ့ပေးထားပြီး ယာဉ်တွေနဲ့လည်း ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ တစ်နိုင်ငံလုံးက အကျဉ်းသား ၉၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် – စောအောင်မင်းဦး
Via: 7day