ရန်ကုန် မြင်သာ ကညနဝန်းထဲက ထူးခြားဆန်းကြယ်မှုများ

Photo: Facebook


Photo: Facebook



Photo: Facebook


Source: Aung Kyaw Lwin


#Unicode Version

ကျွန်တော်ရဲ့ Alphard 3H/3417 ကားသက်တမ်းတိုးဖို့ မြင်သာကညနရုံးကို ရောက်နေပါတယ် ပွဲစားနဲ့မလုပ်ပါနဲ့ပိုင်ရှင်ကိုယ်တိုင်ဆောင်ရွက်ပါလို့နိုးဆော်နေပါတယ်။ ယာဉ်စစ်သည့်အခါမော်တော်ကားတိုင်းကိုဝိုက်ဘာဖြုတ်ခိုင်းပါတယ်.ကိုယ့် မှာဘာမှမပါတော့.. ဖြုတ်ပေးနေတဲ့ကောင်းလေးတွေကို.၃၀၀၀ကျပ်ပေးရပါတယ်…ကားတစီး၃၀၀၀..တနေ့အစီး ၂၀၀ အထက်သ က်တမ်းတိုးနေပါတယ်..တနေ့၆၀၀၀၀၀ကျပ်ပါ။

ဒါနဲ့မင်းတို့ကွာ နပ်လေးနှစ်လုံးဖြုတ်တာ ၃၀၀၀ဆိုတော့ များလှချည်လားကွာ ဆိုတော့..ကျွန်တော်တို့အကုန်မရပါဘူး “ဦးစီး” ကိုလည်းပေးရလို့ပါတဲ့… ယာဉ်သက်တမ်းတိုးတာ.ဝိုက်ဘာဖြုတ်ခိုင်းတာ နားမလည်ဘူးဗျာ..သက်သက်ပေါင်း ပြီးလုပ်စားနေတာပါ…

ဒါနဲ့…အရင်က သက်တမ်းတိုးရင်.ကညနမှာကွန်ပြူတာထိုး ရဲမှု့ရှိ့မှ.ဒါဏ်ဆောင်ရတာပါ…ခုတော့ကားတိုင်းကို.ယာဉ်ထိန်း ဋ္ဌာနဆီကို ကွန်ပြူတာထိုးခိုင်းနေပါတယ် တစီးကို ယာဉ်ထိန်းဋ္ဌာနက ၁၀၀၀၀ ကျပ်တောင်းပါတယ်..ဘာပြေစာမှမပေးပါ ဘူး… ကာအစီး၂၀၀ အနည်းဆုံးဆောင်ရွက်ရပါတယ် တနေ့၂၀၀၀၀၀၀ ကျပ်ရပါတယ် …ပေါ်တင်တောင်းစားနေလို့…ဘာကြောင့်တောင်းပါသလဲမမေးနိုင်ပါဘူး တန်းစီကြိတ်ကြိတ်တိုးနေရလို့…အသက်တောင်မနည်းရူနေရလို့ပါ…

ကညနဝန်းထဲကို လမ်းလျှောက်ပတ်ပြီး ဟိုလူ့မေးဒီလူ့မေးနဲ့ ဆောင်ရွက်ရပါတယ် တရုံးလုံးကလည်း ရွံ့ဗွက်ချည်းပါ ပြောချင် တာက…လွယ်တာကိုခက်အောင်တမင်လုပ်နေကြပါတယ်…လာရောက်ဆောင်ရွက်သူတွေကို တမင်ခက်ခဲအောင် ပွဲစားနဲ့လုပ်အောင်..ဖန်တီးထားပါတယ်… ပြည်သူ့အစိုးရလက်ထက်မှာလည်း..ကညန..ယာဉ်ထိန်းရဲ ပေါင်းစားနေကြပါတယ် အမြန်ဆုံးစီစစ်အရေးယူပေးပါလို့….

Source: Aung Kyaw Lwin