Sponsored

လစ်ဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာ ၂ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။

အခုနှစ်ဘောလုံးရာသီမှာ စုစုပေါင်း၂၄ပွဲမှာ ၂၃ပွဲမြောက် အနိုင်ရတဲ့ ပွဲဖြစ်ခဲ့ပေမယ့်လည်း ခြေစွမ်းပိုင်းအပေါ်မှာတော့ အပြည့်အဝကျေနပ်အားရမူမရှိကြောင်း နည်းပြ ကလော့ပ်က ဝန်ခံပြောကြားသွားခဲ့တာဖြစ်ပါတယ်။အသင်းအတွက် အနိုင်ဂိုးတွေကို ဆာလာနဲ့ ချိန် ဘာလိန်တို့ကသွင်းယူပေးခဲ့ ပြီး အခုထက်ပိုကောင်းတဲ့ ခြေစွမ်းပြသနိုင်ဖို့ လိုအပ်ကြောင်း နည်းပြ ကလော့ပ်ကသုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

Getty Images

နည်းပြ ကလော့ပ်ကပြောကြားရာမှာတော့” နှစ်သက်စရာခြေစွမ်းတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ ပိုကောင်းအောင်ကစားနိုင်ခဲ့ဖို့ ဆန္ဒရှိပါတယ်။ ဒီပွဲကိုတော့ အဲဒီလိုပဲ ပြောချင်တယ်။ ကျွန်တော်တို့ လို ပွဲပမာဏ လောက်ကို အနိုင်ရဖို့က လွယ်ကူတယ်ဆိုရင် တခြားအသင်းတွေကလည်း လုပ်ဆောင်နိုင် ကြမှာပေါ့။ဒီပွဲက ခက်ခဲတဲ့ ပွဲဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ပွဲကြီးပွဲကောင်းတချို့လည်း ကစားခဲ့ရပါတယ်။ ဒီပွဲကတော့ ပွဲတစ်ပွဲထက်မပိုပါဘူး”လို့ ဂျာဂန်ကလော့ပ်ကပြောပြသွားခဲ့တာဖြစ်ပါတယ်။

Sponsored
Getty Images

လစ်ဗာပူးအသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ၂၀ရက်ကမန်ယူနိုက်တက်အသင်းနဲ့၁ဂိုးစီသရေကျခဲ့ ပြီး နောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ပွဲဆက်တိုက် နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ လစ်ဗာပူးအသင်းအနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲ၄၀ ရူံးပွဲမရှိစံချိန်ကိုလည်း ကျော်ဖြတ် နိုင်ခဲ့ပြီး နှစ်၃၀ကြာ ဝေးကွာနေတဲ့ ၁၉ကြိမ်မြောက် အမှတ်ပေးဖလားအတွက် ခြေတစ်လှမ်း ချ နိုင်ခဲ့ တာလည်းဖြစ်ပါတယ်။

Getty Images

နည်းပြ ကလော့ပ်အနေနဲ့ မှတ်တမ်းစံချိန်တွေကို ဂရုစိုက်ကစားနေတာမဟုတ်ဘဲ နိုင်ပွဲရဖို့ အတွက် သာ ဦးတည်ကစားခဲ့တာဖြစ်တယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

Jack ( Sports Reader )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *