Sponsored

လီဗာပူးနည်းပြကြီး ဂျာဂန်ကလော့ကတော့ ပရီမီးယားလိဂ် ဆုဖလားကြီးကိုရရှိဖို့ဦးတည်နေပါပြီ။ ဒါပေမယ့် ပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်းပရိတ်သတ်ရဲ့စာကို ပြန်လည်တုံ့ဆိုခဲ့ပါတယ်။

ကျောင်းပရောဂျက်တစ်ခုအဖြစ် ၁၀ နှစ်သားအရွယ်ရှိ Daragh Curley ဆိုတဲ့ကောင်လေးက သူကြိုက်တဲ့မန်ယူအသင်းကိုကူညီရာရောက်ဖို့ ပွဲအနည်းငယ်အရှုံးပေးဖို့ နည်းပြကြီးကလော့ဆီစာရေးတင်ခဲ့ပါတယ်။ အဲ့ဒီစာထဲမှာတော့ “လီဗာပူးက ပွဲတွေအများကြီးအနိုင်ရရှိထားပြီးပါပြီ၊ ၉ ပွဲထက်ပိုပြီးအနိုင်ရသွားမယ်ဆိုလျှင်တော့ အင်္ဂလိပ်လိဂ်မှာ အကောင်းဆုံးရှုံးပွဲမရှိစံချိန်တင်သွားမှာပါ၊ ဒါဟာ ယူနိုက်တက်ဖန်တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ

@SkySports

ဒါ့ကြောင့် နောက်ပွဲတွေမှာ လီဗာပူးအနေနဲ့အရှုံးကန်ပေးပြီး တခြားအသင်းတွေကို ဂိုးသွင်းခွင့်ပေးပါ။ လီဗာပူးအနေနဲ့ တခြားပွဲစဉ်တွေမှာ အနိုင်ရတော့မှာမဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ်” လို့ Daragh ကရေးသားခဲ့ပါတယ်။

Sponsored

စာပို့ပြီးတဲ့အချိန်မှာတော့ ကောင်လေးက ကလော့ဆီကပြန်စာကို မမျှော်လင့်ဘဲရရှိခဲ့ပါတယ်။ “မင်းအနေနဲ့ ဒေါသဖြစ်နေမယ်ဆိုပေမယ့် ဒီလိုအခိုက်အတန့်မှာတော့ မင်းတောင်းဆိုမှုကို ဘယ်လိုနည်းနဲ့မှ မလိုက်လျောနိုင်ပါဘူး၊ မင်းအနေနဲ့ လီဗာပူးကိုရှုံးနိမ့်စေချင်ပေမယ့် ကမ္ဘာတဝှမ်းလုံးက လီဗာပူးပရိတ်သတ်တွေ ပျော်ဖို့အတွက် အသင်းကိုအနိုင်ရရှိအောင် အတတ်နိုင်ဆုံးလုပ်ဆောင်ရမှာ ငါ့တာဝန်ပါ၊ မင်းအတွက် ကံကောင်းစေတာကတော့ ငါတို့အသင်းက အရင်ကလည်းရှုံးပွဲတွေကြုံခဲ့ပြီးပြီ နောက်လည်းရှုံးပွဲတွေကြုံနေရမှာပါ၊ ဘာလို့လဲဆိုတော့ ဒါဟာဘောလုံးလေ

@SkySports

၁၀ နှစ်သားတစ်ယောက်အနေနဲ့ကတော့ ဒါကိုပြဿနာလို့ရှုမြင်နေမှာဖြစ်ပေမယ့် ၅၂နှစ်အရွယ် ငါကတော့ ဒါဟာ ပြဿနာမဟုတ်ဘူးလို့ပြောရုံပါပဲ၊ ဘောလုံးနှင့် မင်းရဲ့အသင်းအတွက် ထားရှိတဲ့စိတ်အားထက်သန်မှုက ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ငါသေချာပေါက်ပြောရဲပါတယ်၊ယူနိုက်တက်အနေနဲ့မင်းလိုပရိတ်သတ်တစ်ယောက်ရှိနေတာ ကံကောင်းတာပါပဲ၊ ငါတို့အသင်းကံအားလျော်စွာနဲ့ နိုင်ပွဲတွေဆက်ပြီး ဖလားတွေကိုင်မြောက်နိုင်ခဲ့မယ်ဆိုလျှင်တောင် စိတ်မပျက်လိုက်ပါနဲ့၊ ဘာလို့လဲဆိုတော့ ငါတို့ကပြိုင်ဘက်ကောင်းတွေဖြစ်ပြီး တစ်သင်းနဲ့တစ်သင်း လေးစားမှုရှိသူတွေပါ။ငါ့အနေနဲ့ပြောရလျှင်တော့ ဒါဟာဘောလုံးလောကမှာဖြစ်နေကျပါ ကံကောင်းပါစေ ကောင်လေး” လို့ ကလော့မှပြန်လည်ရေးသားခဲ့ပါတယ်။

ကောင်လေးရဲ့အဖေ Gordon က “လီဗာပူးနည်းပြကြီးကိုလေးစားကြောင်းနဲ့ သူ့သားကပြန်စာကိုရရှိချိန်မှာ မယုံနိုင်ခဲ့ကြောင်းဆိုပါတယ်။ငါဟာမန်ယူဖန်ဖြစ်ပေမယ့် ကလော့ကိုတကယ်လေးစားပါတယ်၊ပြန်စာနဲ့ပတ်သတ်ပြီး ငါတကယ်ကြိုက်တာကတော့ ပုဂ္ဂိုလ်ရေးရှိမှုပါ” လို့ Irish times သတင်းဌာနမှာ ပြောဆိုခဲ့ပါတယ်။ ကောင်လေးကကျောင်းကို ကလော့ရဲ့စာယူသွားပြီး ဆရာမနဲ့သူငယ်ချင်းတွေကို ဂုဏ်ယူစွာပြခဲ့ပါတယ်။

@SkySports

စာနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲမှာ ကလော့က “စာတိုင်းကို ကျွန်တော်မပြန်နိုင်ကြောင်း၊ ကျွန်တော့်ဆီကိုစာတွေအများကြီးရောက်ကြောင်း ကောင်းတာတွေပါသလို မရိုမသေလုပ်တာတွေလည်းပါပါတယ်၊ ကျွန်တော်တို့ကတော့ အချိန်အားတဲ့နေ့တွေဆိုလျှင် ဖတ်ပြီးပြန်ပေးလေ့ရှိပါတယ်၊ ဘောလုံးပရိတ်သတ်တွေအနေနဲ့ ဘယ်အသင်းကိုမဆိုကြိုက်ခွင့်ရှိပါတယ် လီဗာပူးကိုပဲကြိုက်ရမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးပါဘူး၊ လီဗာပူးအတွက်အလုပ်လုပ်ရတာ တကယ်နှစ်သက်ပြီး ပရိတ်သတ်တွေပျော်ရင် ကျွန်တော်လည်းပျော်ပါတယ်၊ ဓာတ်ပုံကိုကြည့်ရတာ Daragh လေးပျော်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက်ကြိုးစားပြီး စာပြန်သွားပါ့မယ်” လို့ပြောဆိုခဲ့ပါတယ်ဗျား….။

Writer – KTZ ( The Lifestyle Myanmar )

Sponsored

Leave a Comment

Your email address will not be published. Required fields are marked *